
အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပစ်ရပ်ပြီး (၃) ရက်မြောက်နေ့၌ဓားစာခံများကိုလဲလှယ်ခဲ့ကြ

အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပစ်ရပ်ပြီး (၃) ရက်မြောက်နေ့၌ဓားစာခံများကိုလဲလှယ်ခဲ့ကြ အီစ္စရေး-ဟားမစ်အပစ်ရပ်သည့်တတိယနေ့၌ နှစ်ဖက်လုံးမှဖမ်းဆီးထားသောသူများအားလွှတ်ပေးရာတွင် ပါလက်စတိုင်း (၃၉) ဦးကိုလွှတ်ပေးခဲ့သကဲ့သို့ ဟားမာစ်တို့ကလည်း ဂါဇာ၌ဖမ်းဆီးထားသော ဓားစာခံ (၁၇) ဦးတို့ကိုတနင်္ဂနွေနေ့ကလွတ်ပေးခဲ့သည်။ ထို (၁၇) ဦးအနက် (၄) နှစ်အရွယ်အမေရိကန်မိန်းကလေး (၁) ဦး၊ ထိုင်း (၃) ဦး၊ ရုရှား (၁) နှင့်အီစ္စရေး (၁၃) ဦးတို့ဖြစ်ပါသည်။ အဆိုပါဓားစာခံများကိုသက်ဆိုင်ရာအဖွဲ့ဆီသို့လုံခြုံစွာလွဲအပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာကြက်ခြေနီအသင်မှကြေညာထားသည်။ ယခုပြန်လည်လွှဲအပ်ပေးသော (၁၇) ဦးထဲ၌ပါသော (၄) နှစ်အရွယ်အမေရိကန်နိုင်ငံသား Abigail Edan သည် အောက်တိုဘာ (၇)…








