rvamyanmar

rvamyanmar

ဥပဒေပြုသူများလူ့အသက်ကိုလေးစားတန်ဖိုးထားရန် အိုင်ယာလန်ကက်သလစ်ဆရာတော်များတိုက်တွန်း

ဥပဒေပြုသူများလူ့အသက်ကိုလေးစားတန်ဖိုးထားရန် အိုင်ယာလန်ကက်သလစ်ဆရာတော်များတိုက်တွန်း အိုင်ယာလန်နိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများက ဥပဒေရေးဆွဲသူများအား ကျန်းမာရေးစောင့် ရှောက်ခြင်းသည် လူ့အသက်ကိုစောင့်ရှောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်သဘာ၀အတိုင်းလူ့သက်တမ်းကုန်ဆုံးသည်အထိရှင်သန်ခွင့်ပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသမားများအားလည်း လူ့သက်တမ်းမကုန်မီသေဆုံးရန်ကူညီလုပ်ဆောင်ပေးနေမှုနှင့်လုပ်ခွင့်ပြုခြင်းတို့ကိုလည်း ထုတ်ဖော်ဆန့်ကျင်ကြရန်တိုက်တွန်းထားသည်။ ဤသို့လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကိုသတ်သေခိုင်းခြင်းနှင့်တူသည်။ အိုင်ယာလန်ကက်သ လစ်ဆရာတော်ကြီးများမှလောလောလတ်လတ်ထုတ်ပြန်ထားသောကြေညာချက်၌ နိုင်ငံတော်၏ဥပဒေပြုရေးအဖွဲ့အား နိုင်ငံသားများ၏ဘုံကောင်းကျိုးကိုသယ်ပို့ရွက်ဆောင်ရန်တာ၀န်ရှိသည့်အချက်ကိုလည်းထည့် သွင်းထားသည်။ ဤကြေညာချက်သည် Maynooth မြို့၌ အိုင်ယာလန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏မိုးဦး၌ ကျင်းပလေ့ရှိသောအထွေထွေအစည်းအ‌ေ၀းကြီးအပြီးထုတ်ပြန်ခြင်းဖြစ်သည်။ အိုင်ယာလန်ဆရာတော်ကြီးများအနေဖြင့် လာမည့်နှစ်ဇွန်လ၌ ‘ Care at the End of Life’ (အသက်ကိုအဆုံးထိတိုင်စောင့်ရှောက်ပါ) ဟုတစ်ရက်တာ လူ့အသက်ကိုတန်ဖိုးထားစောင့်ရှောက်ရမည့်အသိကိုပေးရန်အတွက် ခေါင်းစဉ်ရွေးထားပြီးဖြစ်သည်။ အိုင်ရစ်လူမျိုးတို့သည် နာတာရှည်ရောဂါခံစားနေရ သောမိသားစု၀င်များနှင့်သက်တမ်းစေ့သည်အထိဖော်ပြုနေထိုင်လေ့ရှိသည့်အလေ့အထကိုလည်းသိထားကြ…

အတ္တဗဟိုပြုတဲ့အတွေးတွေကို ကျော်လွန်ပါ

“တစ်ယောက်ယောက်အပါ် ဆုံးဖြတ်ချက်ချမယ် မှတ်ချက်ပြုတော့မယ်ဆို သူ့ဘက်ကဘယ်လိုအခြေအနေရှိနေလဲဆိုတာ အရင်စဉ်းစားသင့်တယ်။” အစချီတဲ့ စာစုလေးကို ဖတ်မိတော့ ရေးဖို့ ပိုသတိရသွားပါတယ်။ လိုရင်းကို ဆက်ရရင် လူတွေရဲ့ သဘောကိုက အတ္တလွှမ်းမိုးတာမလို့ တစ်ခုခုကို စဉ်းစားတဲ့အခါ ကိုယ့်ဖက်ကို အရင်ကြည့်တတ်ကြတာ သဘာဝပါ …. ဒါပေမယ့် ကျွန်တော်တို့ တွေးတဲ့ အတွေးတွေကို သဘာဝကျမကျ၊ တရားမျှတ/ မမျှတ ဆိုတာကို ဦးနှောက်က ဆက်ပြီးတော့ အလုပ်လုပ် ထိန်းချုပ်ဖို့ လိုပါတယ်။ ကိုယ့်ဖက်ကို တွေးတယ်ဆိုတာက ဥပမာ … ကျွန်‌တော် လမ်းကူးတဲ့အခါ…

‘လူအစားထိုးနည်းပညာ’ သည် (၂၀၂၄) ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ဦးတည်ချက် ဖြစ်ဟုဆို

‘လူအစားထိုးနည်းပညာ’ သည် (၂၀၂၄) ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ဦးတည်ချက် ဖြစ်ဟုဆို (၂၀၂၄) ခုနှစ် (၅၈) ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ ဦးတည်ချက်ကား ‘လူအစားထိုးနည်းပညာများနှင့်စိတ်နှလုံး၏ဉာဏ်ပညာ – လူသားနှင့်ပြည့်၀စွာပေါင်းစည်းရေး’ အဖြစ်ရဟန်းမင်းကြီဖရန်စစ်က ရွေးချယ်ထားသည်။ ဗာတီကန်၏သတင်းပြန်ကြားရေးအဖွဲ့၏ထုတ်ပြန်ချက်အရ လူအစားထိုးနည်းပညာ၏အဆင့်ဆင့် ပြောင်းလဲတိုးတက်လာမှုသည် စက်နှင့်ဆက်စပ်အသုံးပြုရာတွင်ပို၍သဘာ၀ကျလွန်းလှ၍ တစ်စတစ်စဖြင့် လူတို့တီထွင်ဖန်တီးမှုများ၊ ဘာသာစကား၊ အတွေးအခေါ်များသည်ကွန်ပျူတာမှလော့ဆိုသည်ကိုပင်‌ဝေခွဲရန်ခက်ခဲလာနေကြောင်း ၊အခြားသောပြောင်းလဲတိုးတက်လာမှုကဲ့သို့ပင် လူအစားထိုးနည်းပညာ၏ပြောင်းလဲတိုးတက်လာမှုသည်လည်းစိန်ခေါ်မှုရှိလာသည်ကြောင်း၊ ထိုစိန်ခေါ်ချက်ကား လူအစားထိုးနည်းပညာသည် မဟုတ်မမှန်သတင်းနှင့်လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာ၍တစ်ကိုယ်တည်းအထီး ကျန်မှုကိုသာဖြစ်ပေါ်စေသော ဆိုးကျိုးကိုသာပေးသည်မဟုတ်။ လူများနှင့်ထိတွေမှုများမှလည်းကင်းကွာစေသည်တို့ကိုလမ်းညွှန်ကြပ်မတ်ပေးခြင်းသည်အရေးကြီးကြောင်း၊စည်းမျဥ်းစည်းကမ်းများကိုချမှတ်ပေးသင့်ကြောင်း၊ သို့မှသာ လူအစားထိုးနည်းပညာများကိုသတိရှိစွာဖြင့်အသုံးပြုလာကြမည်ဟုဆိုသည်။ အခြားသောနည်းပညာများအသုံးပြုသကဲ့သို့ပင် အထက်ကဆိုခဲ့သော ဆိုးကျိုးဖက်ယိမ်းသည့်လားရာဆီသို့မသွားဘဲ ဘက်မျှစွာအကျိုးရှိရှိအသုံးပြုကြရန်၊ နည်းပညာများကိုအသုံးပြု လူ့ဘ၀ကိုပိုမိုပြည့်၀စုံလင်သောလူသားတစ်ဦး၏အသက်တာသို့ဦးတည်ရန်မှာအလွန်…

ဆီးနော့အထမြောက်ရေးအကြိုဆုတောင်းပွဲ၌နည်းပညာရှင်လူငယ်များဆုံဆည်းကာ ပါပါးနှင့်လည်းတွေ့ဆုံ

ဆီးနော့အထမြောက်ရေးအကြိုဆုတောင်းပွဲ၌နည်းပညာရှင်လူငယ်များဆုံဆည်းကာ ပါပါးနှင့်လည်းတွေ့ဆုံ ဆီးနော့အထမြောက်ရေးအတွက် အကြိုဆုတောင်းပွဲကို (စက်တင်ဘာလ ၃၀) ကစိန့်ပီတာရင်ပြင်၌ကျင်းပခဲ့သည်။ ကမ္ဘာတစ်၀ှမ်းမှစိတ်၀င်စားသူများအားလည်းပါ၀င်ကြရန်ရဟန်းမင်းကြီးဖရန်စစ်သည် ကြိုတင်၍ လည်းပန်ကြားထားခဲ့သည်။ ၄င်းအစီအစဉ် ၌ပါ၀င်ခဲ့သူ Leticia Araujo ဘာရာဇီးလ်မှနိုင်ငံမှဖြစ်သည်။ သူသည် ‘Laudato Si’ လှုပ်ရှားမှုအဖွဲ့၏ဆက်သွယ်ရေးတာ၀န်ခံဖြစ်သည်။ သူသည် ဗာတီကန်၏လူထုဆက်သွယ်ရေးမှကျင်းပသော ‘ Faith Communication in the Digital World: A synodal perspective’ (နည်းပညာကမ္ဘာ၌ ယုံကြည်ခြင်းကို‌ေ၀မျှခြင်း – ဆီးနော့၏အမြင်တစ်ခု) တတိ ယအကြိမ်သင်တန်း၌ပါ၀င်ခဲ့သည်။ သူသည်ကမ္ဘာတစ်၀ှမ်းမှ အခြားသောလူထုဆက်သွယ်ရေးနည်းပညာရှင်လူငယ်များအတူတွေ့ဆုံရန် တောင်အမေရိကားမှရောမသို့…

နီဂါရာဂွာမှကက်သလစ်ဆရာတော် Rolando Alvarez လူ့အခွင့်အရေးဆုအတွက် ဥရောပပါလီမန်၌အဆိုတင်သွင်းခံထားရ

နီဂါရာဂွာမှကက်သလစ်ဆရာတော် Rolando Alvarez လူ့အခွင့်အရေးဆုအတွက် ဥရောပပါလီမန်၌အဆိုတင်သွင်းခံထားရ ဆရာတော် Rolando Alvarez သည် Sakharov ဆုအတွက်အမည်တင်သွင်းခံထားရသည်။ ဤဆုကိုကက်သလစ်ဆရာတော်ဖြစ်နေသောကြောင့်ချီးမြှင့်ရန်အဆိုတင်သွင်းခြင်းလုံး၀မဟုတ်။ လူ့အခွင့်အရေးကိုကာကွယ်ရန်နှင့်လွတ်လပ်မှုအတွက် မိမိ၏အသက်ကိုပင်မငဲ့ဘဲတက်ကြွစွာရပ်တည်လုပ်ဆောင်သောသူများအားချီးမြှင့်လေ့ရှိသောဆုဖြစ်သည်။ ဥရောပပါလီမန်သည် (၂၀၂၃) ခုနှစ်အတွက်ဆုချီးမြှင့်သင့်သောသူများစာရင်း၌ နီဂါရာဂွာသမ္မတ Ortega ၏ ‘နိုင်ငံ့သစ္စာဖောက်’ ဟုမတရားစွပ်စွဲချက်ဖြင့်ဖမ်းဆီးထောင်ချ ခံထားရသော နီဂါရာဂွာနိုင်ငံမှကက်သလစ်ဆရာတော် Rolando Álvarez အားလည်းအဆိုတင်သွင်းထားသည်။ ဤဆုအတွက် အမည်စာရင်းများကို စက်တင်ဘာလ (၂၀) ရက်နေ့က ဆုရွေးချယ်ရေးအဖွဲ့ထံသို့တင်သွင်းခဲ့သည်။ ဆုရသူများအားစီစစ်ရွေးချယ်ရာတွင် ဥရောပပါလီမန် (MEPs) မှအဖွဲ့၀င်အနည်းဆုံး (၄၀) ဦးမှစီစစ်ရွေးချယ်လေ့ရှိသည်။ နီဂါရာဂွာဆရာတော်အား…

အိန္ဒိယနိုင်ငံ၏ကာဒီနယ် သက်တော် (၈၄) နှစ်ပျံလွန်

အိန္ဒိယနိုင်ငံ၏ကာဒီနယ် သက်တော် (၈၄) နှစ်ပျံလွန် အိန္ဒိယမှကက်သလစ်သာသနာသည် ကာဒီနယ် Teleshore Placidus Toppo ပျံလွန်ခြင်းအတွက် ၀မ်းနည်းပူဆွေးနေကြသည်။ ကာဒီနယ်သည် ပျံလွန်ချိန်၌ သက်တော် (၈၄) နှစ်ရှိပြီဖြစ်သည်။ သူသည် Ranchi, Jharkhand ဆေးရုံတွင် ဗုဒ္ဓဟူးနေ့ကပျံလွန်သွားခဲ့သည်။ သူသည် လူမျိုးနွယ်စုများအနက်ပထမဦးဆုံးကာဒီနယ်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသူလည်းဖြစ်သည်။ (၂၀၀၁ – ၂၀၀၄၊ ၂၀၀၄ – ၂၀၀၈၊ ၂၀၁၁ – ၂၀၁၃) အထိ အိန္ဒိယကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ဥက္ကဌအဖြစ်လည်းအမှုထမ်းခဲ့သလိုလွန်ခဲ့သောလအနည်းငယ်မှစ၍ အိပ်ယာထဲမှမထနိုင်သည့်အခြေအနေသို့ရောက်ရှိနေခဲ့သည်။ သူ့အားအောက်တိုဘာ (၅၊ ၁၉၃၉)…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၈ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၅၊ ၁၀၊ ၂၀၂၃

သာမန်ကာလ (၂၈)ကြိမ်မြောက်တနင်္ဂနွေနေ့ ရှင်မာတေဦး ၂၂း၁ – ၁၄ကောင်းကင်ဘုံကို စိတ်ဝင်စားရဲ့လား။ တစ်နေ့ ကောင်းကင်ဘုံကို ရောက်မယ်လို့မျှော်လင့်ရဲ့လား။ လူအများစုက ကောင်းကင်ဘုံကို စိတ်မဝင်စားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူတို့ ရှာနေကြတာက လောကနိဗ္ဗာန်ပါပဲ။ လောကထဲမှာ နေထိုင်ရင်း ကောင်းကင်ဘုံကိုအကြိုခံစားမိချင်ရင် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြရမယ်။ လောဘ ဒေါသ မနာလိုခြင်းတွေကင်းရမယ်။ စည်းလုံးညီညွတ်ကြရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေတတ်ရမယ်။ ယနေ့ ဖတ်ရတဲ့ပထမကျမ်းစာ ဟေရှာယ ၂၅ ထဲမှာ ဘုရားသခင်က ကောင်းကင်ဘုံကို စားသောက်ပွဲကြီးတစ်ခုလိုပုံဖော်ထားပါတယ်။ စားသောက်ပွဲဆိုတာက ချစ်လို့ စုရုံးလာကြတယ်၊ ညီညွတ်စည်းလုံးလို့အတူလာစုကြတယ်။ ဝမ်းမြောက်ဝမ်းသာကြလို့…