
ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်
ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင် ကင်ညာနိုင်ငံ၌ ကက်သလစ်သီလရှင်ညီအစ်မများအဖွဲ့ကပင်လျှင် ၄င်းတို့၏ဆက်ကပ်ရှင်သန်သောအသက်တာအတွက်အကျိုးဖြစ်စေမည့်အကြောင်းအရာများကိုမျှဝေဝေင်ရန်ရည်ရွယ်၍ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုနိုင်ရိုဘီ၌စတင်ခဲ့သည်။ ဤသို့စတင်နိုင်ရန် the Conrad N Hilton ဖောင်ဒေးရှင်းကကူညီပေးထားသည်။ ယခုကဲ့သို့ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ သီလရှင်များအတွက်အကျိုးရှိသောအကြောင်အရာများကိုမျှဝေဝေင်ရန်နှင့်မိမိတို့မိခင်အ သင်းအပေါ်ထားရှိသော ကတိသစ္စာများကိုပိုမိုခိုင်မြဲစေရန်ဖြစ်ပါသည်။ ယခုကဲ့သို့ ဖွဲ့စည်းခြင်းကြောင့်ရှိလာနိုင်သည့် အကျိုးနှင့်အဆိုး၊ နောက်ဆက်တွဲအခြေအနေများအားလုံးကိုသိရှိထားပြီး ရည်ရွယ်မှသွေဖီမသွားစေရေး နှစ်ရက်တာအလုပ်ဆွေးနွေးပွဲကိုပြုလုပ်၍ပညာပေးခဲ့သည်။ ဤအလုပ်ရုံဆွေးနွေးပွဲ၌ မိမိတို့အသင်း၏လူမှုကွန်ရက်များအားလည်းကောင်း၊ သို့မဟုတ် အမှုတော်ထမ်းနေသောသာသနာ၏လူမှုကွန်ရက်လုပ်ငန်း၌တာ၀န်ထမ်းဆောင်နေသော အသင်းအသီးသီးမှသီလရှင် (၁၃) ပါးနှင့်အခြားစိတ်၀င်စားသော သီလရှင်များပါ၀င်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း အေအိုင်ဟုခေါ်သောလူအစားနည်းပညာအသုံးပြုနေသောသိမှတ်ဖွယ်ရာများနှင့်လူမှုကွန်ရက်များအကြောင်းကိုလည်းရှင်းလင်းဟောကြားခဲ့သည်။ ကင်ညာနိုင်ငံအတွင်း၌ ကက်သလစ်သီလရှင် (၇၀၀၀) ကျော်အမှုတော်ထမ်းဆောင်လျှက်ရှိသည်။ ၄င်းတို့၌ ဖတ်ရ၊ ကြားရ၊…






