rvamyanmar

rvamyanmar

ရဟန်းမင်းကြီးဖရန်စစ်မယ်တော်အားရွှေနှင်းဆီပန်းခိုင်သွားရောက်ကပ်လှူမည်

ရဟန်းမင်းကြီးဖရန်စစ်မယ်တော်အားရွှေနှင်းဆီပန်းခိုင်သွားရောက်ကပ်လှူမည် ရဟန်းမင်းကြီးဖရန်စစ်သည် ပြည်ပခရီးသို့မကြွမှီသွားရောက်ဆုတောင်းအပ်နှံလေ့ရှိပြီး၊ ကြွပြီးပြန်ရောက်တိုင်းသွားရောက်ကျေးဇူးတင်လေ့ရှိသော ရောမမြိုရှိမယ်တော်သခင်မဘာစီးလီကာဘုရားကျောင်းတော်ကြီးအတွင်းမှ ‘the Salus Populi Romani’ မယ်တော်၏ပုံတော်ရှေ့၌ ‘ရွှေနှင်းဆီပန်း’ ကိုလာမည့်ဒီဇင်ဘာ (၈) ရက်နေ့၌သွားရောက်ကပ်လှူမည်ဖြစ်ကြောင်းဗာတီကန်သတင်းပြန်ကြားရေးကအသိပေးလာပါသည်။ အမိသာသနာသည် နှစ်စဉ်ဒီဇင်ဘာ (၈) ရက်နေ့၌ ‘အမိမယ်တော်အားအပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့’ ကိုခမ်းနားစွာကျင်းပပါသည်။ ဤမယ်တော်ထံသို့ ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်ပြီးနောက် (၁၁၄) ကြိမ်ကြွရောက်ကြည်ညိုဂါရ၀ပြုခဲ့ပြီးဖြစ်သည်။ ရွှေရောင်နှင်းဆီအားပေးသည့်အလေ့အထသည် အလယ်ပိုင်းခေတ်ကပင်ရှိခဲ့သည်။ ရွှေရောင်နှင်းဆီအား ရသေ့ကျောင်းများ၊ သူတော်သူမြတ်တို့၏ဗိမာန်ရှိသည့်နေရာများ၊ တော်၀င်မိသားစုများ၊ ကာကွယ်ရေးအသိုင်းအ၀ိုင်း၊ အုပ်ချုပ်ရေးနှင့်အခြားသာသနာ၏ ကောင်းကျိုးကိုဆောင်ရွက်သောသူတို့အားပေးလေ့ရှိသည်။ ပေးရသည့်ရည်ရွယ်ချက်မှာ ယုံကြည်ခြင်း၊ သာ သနာတော်ကြီးအားကာကွယ်စောင့်ရှောက်ထိန်း သိမ်းခြင်းနှင့်အများကောင်းကျိုးကိုဆောင်ရွက်သောသည့် အတွက် ကျေးဇူးတင်အသိအမှတ်ပြုခြင်းဖြစ်…

ကိုယ်၀န်ဖျက်ချခြင်းသည်နောင်ပိုင်း၌အပြစ် (လူသတ်မှု) ကျူးလွန်သည်ဟုခံစားရပြီ စိတ်ဓာတ်ကျရောဂါခံစားလာရနိုင်ဟုလေ့လာတွေ့ရှိ

ကိုယ်၀န်ဖျက်ချခြင်းသည်နောင်ပိုင်း၌အပြစ် (လူသတ်မှု) ကျူးလွန်သည်ဟုခံစားရပြီ စိတ်ဓာတ်ကျရောဂါခံစားလာရနိုင်ဟုလေ့လာတွေ့ရှိ မကြာခဏကိုယ်၀န်ဖျက်ချလေ့ရှိသော အမျိုးသမီးများသည် ဖျက်ချစဉ်၌မိမိ၏အရှက်ကိုကာကွယ်ဖုံးဖိရန်အတွေးတစ်ခုတည်းဖြင့်ကျူးလွန်ခဲ့သော်လည်း ကိုယ်၀န်ဖျက်ချပြီးနောက်ပိုင်း၌ထိုသို့ပြုလုပ်ခဲ့မိခြင်း ကြောင့်အပြစ်ရှိသည်ဟုအစဉ်တွေးတောခံစားရပြီး စိတ်ကျရောဂါကိုနောက်ဆက်တွဲခံစားလာရသည်။ ဤ လေ့လာတွေ့ရှိချက်သည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဖြစ်ပျက်နေခြင်းဖြစ်သည်ဟု အီသီယိုးပီးယားနိုင်ငံသားဆေး၀ါးကျွမ်းကျင်ပညာရှင်အဖွဲ့ကစိတ်ပိုင်းဆိုင်ရာမဂ္ဂဇင်းဖြစ်သည့် BMC ၌ဖော်ပြထားသည်။ ပြန်လည်သုံးသပ်ရန်အလွတ်သဘောတင်ပြထားခြင်းဖြစ်သည်။ ရှာဖွေတင်ဆက်သူများဖြစ်ကြသော Kirubel Dagnaw Tegegne နှင့် Natnael Atnafu Gebeyehu တို့သည် ဤအကြောင်းအရာနှင့်စပ်လျင်း၍ လူပေါင်း (၁၈၂၀၇) ဦးအားမေးမြန်းပြီး (၁၅) ဦး၏သုံးသပ်ချက်နှင့်ဤအကြောင်းအရာနှင့်စပ်ဆိုင်သော ဆောင်းပါးပေါင်း (၆၅၇) ခုကိုအခြေခံထားခြင်းဖြစ်သည်။ ၄င်းလေ့လာချက်၌ အာရှအမျိုးသမီး (၃၇,၅) ရာခိုင်နှုန်း၊ မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှကမ္ဘာ့…

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ (၆၇) ကြိမ်မြောက်ရွေ့လျားသူငယ်တော်အိမ်တည်ဆောက်မည်။

အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၌ (၆၇) ကြိမ်မြောက်ရွေ့လျားသူငယ်တော်အိမ်တည်ဆောက်မည်။ အိုင်ယာလန်နိုင်ငံ၊ ဒါဗလင်မြို့၏ဆွဲဆောင်မှုအမြင့်မားဆုံးခရစ္စမတ်ကာလ၏တင်ဆက်မှုကြီးတစ်ခုကား ရွေ့လျားသူငယ်တော်အိမ်တည် ဆောက်ခြင်းဖြစ်သည်။ အဆိုပါရွေ့လျားသူငယ်တော်အိမ်ကို နို၀င်ဘာ (၂၈) ရက်နေ့ကပင်တရား၀င်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယခုနှစ်၏ရွေ့လျားသူငယ်တော်အိမ်သည် (၆၇) ကြိမ်မြောက်ရှိပြီဖြစ်ရာ စိတ်ကူးရမှသာမဟုတ်ဘဲ နှစ်စဉ်တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ ဤရွေ့လျားသူငယ်တော်အိမ်ကို လူအများကြည့်ရူနိုင်သည့် စိန့်မာတင်းရင်ပြင်၌ လာမည့်နှစ် ဇန္န၀ါရီ (၇) ရက်နေ့အထိထားရှိပြသသွားမည်ဖြစ်သည်။ ယခုကဲ့သို့တင်ဆက်မှုသည် (၁၀) စုနှစ် (၆) ခုကျော်ကြာလာခဲ့ပြီးဖြစ်သည်။ ဤအစီအစဉ်ကိုစတင်ခဲ့သူမှာ ဖာသာရ် Louis Coffey ဖြစ်ပြီး (၁၉၅၆) တွင်စတင်ခဲ့သည်။ အစပျိုးစဉ်က ကျမ်းစာလာအကြောင်း အရာများကိုကလေးများစိတ်၀င်စားစေရန်တင်ဆက်ခဲ့သည်။ အစပိုင်း၌…

ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင်များလှူဒါန်းသည့်နိုင်ငံများစာရင်းထွက်လာ

ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင်များလှူဒါန်းသည့်နိုင်ငံများစာရင်းထွက်လာ (၁၉၈၂) နှစ်မှစ၍ ဗာတီကန်ရင်ပြင်တွင်ထားရှိသော ခရစ္စမတ်သစ်ပင် ကိုလှူဒါန်းပေးခဲ့သောနိုင်ငံများ၊ ခုနှစ်များနှင့်သစ်ပင်၏အမြင့်ပေများမှတ်တမ်း၌ဖော်ပြတွေ့ရှိချက်အရ ခရစ္စမတ်သစ် ပင်ကြီးကိုလှူဒါန်း သည့်အစဉ်အလာကို (၁၉၈၂) မှစတင်ခဲ့ဟန်ရှိပါသည်။ အဘယ် ကြောင့် ဆိုသော် မှတ်တမ်းကိုအောက်ပါအတိုင်းတွေ့ရှိရသောကြောင့်ဖြစ်ပါသည်။ သစ်ပင်၏အမြင့်ကိုမူ အစောပိုင်းနှစ်များ၌ မှတ်တမ်းတင်ထားဟန်မ တူဘဲ နောက်ပိုင်းမှ မှတ် တမ်းတင်လာသည်ကိုသတိထားမိပါသည်။ ဤအစဉ်အလာကို (၁၉၈၂) ခုနှစ်မှစတင်ခဲ့သောကြောင့် ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏လက်ထက် ၌စတင်ခဲ့ဟန်တူပါသည်။ ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်တိတိကျကျ မသိရသော်လည်း ခရစ္စမတ်သည်မိသားစုပွဲဖြစ်သောကြောင့် မိသားစုစိတ် ဓာတ်ဖြင့် လှူဒါန်းပါဝင်နိုင် ရန်အခြေအနေဖန်တီးခဲ့ဟန်ဖြစ်နိုင်ပါသည်။ ဤ အစဉ်အလာမှတ်တမ်းကိုလည်း…

ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေပြန်လည်တည်ငြိမ်လာ

ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေပြန်လည်တည်ငြိမ်လာ ရဟန်းမင်းကြီးဖရန်စစ်၏ ကျန်းမာ ရေးအခြေအနေနှင့်စပ်လျင်း၍ ဗာတီကန်၏သတင်းပြန်ကြားရေးဌာနမှတရား၀င်ထုတ်ပြန်ကြေညာချက်အရ ရဟန်းမင်းကြီး၏ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း၊ အဖျားလည်းမရှိတော့ကြောင်း၊ အသက်ရူလမ်းကြောင်းလည်းတိုးတက်လာကြောင်းအသိပေးလာပါသည်။ လွန်ခဲ့သည့် စနေနေ့က ‘အမွှာ’ ဆေးရုံသို့စီတီစကင်ရိုက်၍စစ်ဆေးခဲ့ရာ အဆုပ်အအေးမိထားကြောင်း ထို့ကြောင့်အဆုပ်ပွနေ၍ အသက်ရူရာ၌ခက်ခဲစေကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့်ပင် ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း ဘုရားဖူးများနှင့်အတူမွန်းတည့်ဆုတောင်းခြင်းကိုခါတိုင်းကဲ့သို့မပြုလုပ်နိုင်ဘဲ သူသီတင်းသုံးသော ကျောင်းတိုက်မှသာဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်၍ ဆုတောင်းခဲ့သည်။ ယခုပတ်တနင်္လာနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် ပါရာဂွေးနိုင်ငံ၏ သမ္မတ Santiago Peña နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် ယခုတစ်ပတ်အတွင်းလက်ခံတွေ့ဆုံရန်ရှိသောအစီအစဉ်များအားလုံးကိုရွေ့ဆိုင်းထားရသည်။ ရဟန်းမင်းကြီးပုံမှန်ပြန်လည်ဖြစ်လာမှသာ ရွေ့ဆိုင်းထားသောအစီအစဉ်များဖြစ်နိုင်ပါက ပြန်လည်လက်ခံတွေ့ဆုံမည်ဖြစ်သည်။ ရဟန်းမင်းကြီးအနေဖြင့် တုတ်ကောက်ကိုင်၍ခါတိုင်းကဲ့သို့ပြုံးရွှင်သောပုံကိုဗာတီကန်မှဓာတ်ပုံရိုက်ယူဖော်ပြလာသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်များအတွင်း ဆေးရုံတက်၍…

ပုပ်ဖရန်စစ် အအေးမိတုတ်ကွေးခံစားနေရ

ပုပ်ဖရန်စစ် အအေးမိတုတ်ကွေးခံစားနေရ ပုပ်ရဟန်းမင်းကြီးသည် ဗာတီကန်၀င်း၌သူရှိနေလျှင် တနင်္ဂနွေနေ့မွန်းတည့်ချိန်တိုင်း၌ ကျမ်းစာ ထောက်ရူချက်နှင့်အသိပေး‌ဝေမျှစရာ၊ သတိပေးစရာများကို စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရား ဖူးဘာသာတူများအားဝေမျှပေးလေ့ရှိသည်။ တနင်္ဂနွေနေ့၌လည်း ရဟန်း မင်းကြီးသည် ခါတိုင်းတနင်္ဂနွေနေ့ကဲ့သို့ ကျမ်းစာထောက်ရှုချက်ကိုပေးခဲ့သည်မှန်သော်လည်း ပေးနေကျရဟန်းမင်းကြီး၏ကျောင်းတိုက်ကြီးမှမဟုတ်ဘဲ သူသီတင်းသုံးသော စိန့်မာတားကျောင်းတိုက်၏ပြူတင်းပေါက်မှပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ရာသီတုတ်ကွေးအနည်းငယ်ခံစားနေရသည့်အတွက်ဖြစ်သည်။ စိန့်မာတားကျောင်းတိုက်သည် ရဟန်းမင်းကြီးသီတင်း သုံးနေထိုင်သောကျောင်းတိုက်ဖြစ်သည်။ ရဟန်းမင်းကြီး၏ရုံးခန်းမှာ ရဟန်းမင်းကြီး၏စံအိမ်၌ရှိသည်။ ရဟန်းမင်းကြီး၏ကျမ်းစာထောက်ရူချက်ကို ရဟန်းမင်းကြီးအားဗာတီကန်တွီဗီလိုင်းမှခါတိုင်းကဲ့သို့ပင်ထုတ်လွှင့်ခဲ့ သည်။ ရောမသည် (၄၈) ဒီဂရီအထိအေးမည်ဟုခန့်မှန်းထားသည်။ ပြီးခဲ့သော နို၀င်ဘာ (၂၅) ရက်နေ့က ရဟန်းမင်းကြီးဖရန်စစ်သည် ကျန်းမာရေးအခြေ အနေ ကြောင့် လက်ခံထားခဲ့သောအစီအစဉ်တချို့ကိုရွေ့ဆိုင်းလိုက်ကြောင်း…

ကိုယ်၀န်ဖျက်ချခံရတော့မည့်ကလေး (၄၃၀၀၀) ကိုကယ်ခဲ့သူကွယ်လွန်

ကိုယ်၀န်ဖျက်ချခံရတော့မည့်ကလေး (၄၃၀၀၀) ကိုကယ်ခဲ့သူကွယ်လွန် ကိုယ်၀န်ဖျက်ချခြင်းကိုဆန့်ကျင်လှုပ်ရှားသူ ၊ ကက်သလစ်တစ်ဦးဖြစ်သည့် Chris Slattery သည် ကင်ဆာရောဂါနှင့်စစ်ခင်းရင်း အသက် (၆၈) နှစ်၌ကွယ်လွန်သွားခဲ့ပြီဖြစ်ပါသည်။ သူသည် EMC ဟုအတိုကောက်ခေါ်သော ကိုယ်၀န်ဆောင်မိခင်များ အထူးသဖြင့်ကိုယ်၀န်ကိုမမျှော်လင့်ဘဲရလိုက်ခြင်း၊ ကိုယ်၀န်ကိုမွေးဖွားရန်အတွက်စား၀တ်နေရေးခက်ခဲသောကြောင့်လည်းကောင်း၊ မလိုချင်၍လည်း ကောင်းဖျက်ချရန်ရည်ရွယ်ချက်ရှိသောကိုယ်၀န်ဆောင်မိခင်များအား ကိုယ်၀န်မဖျက်ချစေရန်ဆွေးနွေးအ ကြံပေး၊ ကူညီပေးသောဌာနတစ်ခုကို နူးယောခ့်ပြည်နယ်၊ Bronx မြို့၌ လွန်ခဲ့သောဆယ်စုနှစ် (၄) ခုကတည်ထောင်ခဲ့သူဖြစ်သည်။ ထိုဌာနမှ ကိုယ်၀န်ဖျက်ချရန်ရောက်ရှိလာသော ကလေး (၄၃၀၀၀) အားကယ် တင်နိုင်ခဲ့ကြောင်းသူ၏လူမှုကွန်ရက်၌ဖော်ပြထားသည်။ အဆိုပါဌာနကိုတည်ထောင်ရန် တွန်းအားဖြစ်စေခဲ့သည့်အကြောင်းအရာကား ကိုယ်၀န်ဖျက် ချပေးနေသော…

စိန့်ပီတာရင်ပြင်၌ခရစ္စမတ်သစ်ပင်စိုက်ထူတော့မည်

စိန့်ပီတာရင်ပြင်၌ခရစ္စမတ်သစ်ပင်စိုက်ထူတော့မည် ဗာတီကန်ရှိစိန့်ပီတာရင်ပြင်၌ နှစ်စဉ်နှစ်တိုင်းဧရာမခရစ္စမတ်သစ်ပင်ကြီးကိုစိုက်ထူလေ့ရှိသည်။ ထိုခရစ္စမတ်သစ်ပင်ကိုစိုက်ထူသည့်အစဉ်အလာကို (၁၉၈၂) ခုနှစ်ကစတင်ခဲ့သည်။ ယခုနှစ် (၂၀၂၃) ၏ခရစ္စမတ်သစ်ပင်ကို ဒီဇင်ဘာ (၉) ရက်နေ့၌စတင်၍မီးများဖြင့်အလှဆင်ပြင်တော့မည်ဖြစ်သည်ဟုဆိုခဲ့သည်။ ခရစ္စမတ်ရောက်လာလျှင် ခရစ္စမတ်သစ်ပင်ကိုစိုက်ထူကြသည်။ သို့သော် ခရစ္စမတ်သစ်ပင်၏ သမိုင်းကိုကားသိသူများရှိသကဲ့သို့မသိသူများလည်းရှိကြပေမည်။ သမိုင်းကြောင်းကိုပြန်ဖွေရှာကြည့်လျှင် (၁၂) ရာစုသို့ပြန်သွားရမည်ဖြစ်သည်။ သို့သော် ဗာတီကန်အနေဖြင့် (၂၀) ရာစုမှသာ ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်၏ အလယ်ဗဟိုတွင် ခရစ္စမတ်သစ်ပင်ကိုစတင်စိုက်ထူသည့်အလေ့အထကိုပြုလုပ်လာခဲ့သည်။ ထို့ အတူ အမှန်တကယ်မိသားစုအိမ်အရွယ်အစားရှိသည့်သူငယ်တော်အိမ်ကိုလည်းတည်ဆောက်သရုပ်ဖော်၍ သူငယ် တော်၏မွေးဖွားခြင်း၊ သန့်ရှင်းသောအိမ်ထောင်စု၏ပုံရိပ်ကိုမျက်၀ါးထင်ထင်ဖော်ပြလာခဲ့သည်။ ယခုနှစ်၏ခရစ္စမတ်သစ်ပင်သည် လွန်စွာလှပသည့်အပြင် နှစ်လိုဖွယ်ကြည့်ကောင်းလှပါ သည်။ ရောင်စုံမီးများ၊ အလှချိပ်ဆွဲသောပန်းများတပ်ဆင်ပြီးလျှင်ပို၍ပင်ရူချင်စရာဖြစ်လာပေမည်။…

ယူကရိန်းနိုင်ငံ၏မြို့တော်၌ ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိဆုတောင်းခဲ့ကြ

ယူကရိန်းနိုင်ငံ၏မြို့တော်၌ ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိဆုတောင်းခဲ့ကြ ဂရေဂေါ်ရီယန်ဘာသာရေးပြက္ခဒိန်ကိုလိုက်ပါက ဒီဇင်ဘာ (၆) ရက်နေ့သည် စိန့်နီကိုးလပ်စ်ပွဲနေ့ကိုကျင်းပသည်။ ယူကရိန်းဩသိုဒေါစ်အသင်းတော်သည်လည်း ယခုနှစ်အစောပိုင်းက ဂရေဂေါ်ရီယန်ဘာသာရေးပြက္ခဒိန်ကိုပြောင်းလဲအသုံးပြုခဲ့၍ ဒီဇင်ဘာ (၆) ရက်နေ့၌ စိန့်နီကိုးလပ်စ်ပွဲနေ့ကိုအမှတ်ရကျင်းပခဲ့သည်။ ထို့နေ့၌ပင် Kyiv ၏မြို့တော်၀န် Vitali Klitschko က ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိခဲ့သည်။ ထိုဘာသာရေးပြက္ခဒိန်ကိုလိုက်ပါက နှစ်စဉ်ခရစ္စမတ်ပွဲကို ဒီဇင်ဘာ (၂၅) ရက်နေ့ကျင်းပသည်။ ရုရှားတို့၏ ကျူးကျော်စစ်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ပထမဦးဆုံးအကြိမ်ခွဲထွက်ကျင်းပခြင်းဖြစ် သည်။ ရုရှားဩသိုဒေါစ်တို့၏ခရစ္စမတ်သည် နှစ်စဉ်ဇန္န၀ါရီ (၇) ရက်နေ့၌ကျင်းပလေ့ရှိသည်။ ရုရှားဩသိုဒေါစ်သည် ဂျူလီယန်ပြက္ခဒိန်ကိုလိုက်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ရုရှားနှင့်ယူကရိန်းသည် ဘာသာရေးအရလည်းပတ်သက်ခြင်းမရှိကြောင်းကိုပြသားစွာပြသခဲ့သည်။ ယခုနှစ်၌…