
ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) (၂၀) ကြိမ်မြောက်သာမန်သီတင်းပတ် ကြာသပတေးနေ့ ဩဝါဒ ၂၄၊ ၈၊ ၂၀၂၃


လိုတိုင်း မရနိုင်တဲ့ဘဝမှာ နေပျော်အောင် ဘယ်လိုနေကြမလဲ? ကျွန်တော်တို့ဟာ လိုချင်မှုများစွာနဲ့ ဘဝမှာ ရှင်သန်နေထိုင်ကြပါတယ်။ ပိုက်ဆံအများကြီး ရှိချင်တယ်၊ ဒါမှ ခရီးတွေသွားလို့ရမယ်၊ လိုချင်တာတွေ ဝယ်လို့ရမယ်။ အလုပ်အတွက် အချိန်တွေ ပိုပေးချင်တယ်၊ ချစ်ရတဲ့သူတွေအတွက် အချိန်တွေ ပိုပေးချင်ကြတယ်။ လူအမျိုးမျိုး လိုချင်မှု အမျိုးမျိူးပေါ့။ ဘဝမှာ ပိုပြီး ပျော်ရွှင်ဖို့ တစုံတရာကို လိုအပ်နေကြတယ်။ ဒီလိုနဲ့ပေါ့ဗျာ ကျွန်တော်တို့ဟာ မပိုင်ဆိုင်ရတဲ့ အရာတွေပေါ် အာရုံစိုက်ရင်းနဲ့ဘဲ ပိုင်ဆိုင်ထားတဲ့ အရာတွေကို မေ့လျော့နေကြတယ်။ Rich Kid မဟုတ်တဲ့ ကျွန်တော်တို့အတွက်…





မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသောပွဲရှင်လုကာ ၁း ၃၉ – ၅၆မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရတဲ့ပွဲဟာ သြဂုတ်လ (၁၅) ရက်နေ့မှာကျရောက်တာ ဖြစ်ပေမဲ့ ဘာသာသူအများ ဘုရားကျောင်းတက်နိုင်မည့် အနီးဆုံး တနင်္ဂနွေနေ့ကိုရွှေ့ပြီး ကျင်းပကြပါတယ်။ တစ်နှစ်တာရဲ့ ပွဲတွေအထဲမှာ အကြီးကျယ်ဆုံးပွဲဆိုလည်း မမှားနိုင်ပါဘူး။ဘာသာသူတွေ ဒီပွဲမှာ ဘုရားကျောင်းမတက်မဖြစ် ဝတ္တရားရှိရလောက်အောင် အရေးကြီးတာကဘာကြောင့်ပါလဲ။ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ကိုယ်ခန္ဓာရော ဝိညာဉ်ပါပင့်ဆောင်ခံရတဲ့ပွဲဟာ ဘာကြောင့် အရေးကြီးတာလဲ။ သခင်ယေဇူး သေရာမှပြန်ရှင်တဲ့ ပါစကားပွဲ၊သခင်ယေဇူး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲတွေ အရေးကြီးပွဲတွေ ကျင်းပနေရဲ့သားနဲ့မယ်တော်သခင်မ ကောင်းကင်ဘုံသို့…



AI နည်းပညာ နှင့်ငြိမ်းချမ်းရေး သည် (၂၀၂၄) ခုနှစ် ကမ္ဘာ့ငြိမ်းချမ်ရေးနေ့၏ဆောင်ပုဒ်ဖြစ်ဟုဆို နှစ်စဉ်ဇန္န၀ါရီလ (၁) ရက်နေ့သည် ‘မာရိယာ၊ ဘုရားမယ်တော်ပွဲနေ့’ ဖြစ်သည်။ ထို့အတူ ကမ္ဘာ့ငြိမ်း ချမ်းရေးနေ့လည်းဖြစ်သည်။ ရဟန်းမင်းကြီးသည် နှစ်စဉ်ငြိမ်းချမ်းရေးနှင့်စပ်လျင်းသောဆင်ခြင်ထောက်ရူစရာသတင်းစကားကိုပါးလေ့ရှိသည်။ လာမည့်နှစ် (၂၀၂၄) ၏ ဆောင်ပုဒ်မှာ ‘Artificial Intelligence and Peace’ (လူအစားထိုးနည်းပညာများနှင့်ငြိမ်းချမ်းရေး) ဖြစ်ပါသည်။ သတင်းစကားထဲ၌ ရဟန်းမင်းကြီးဖရန်စစ်က နည်းပညာ၏ထိုးဖောက်စွမ်းဆောင်နိုင်မှု၊ နေ့စဉ်လူမှုအသက်တာ၊ နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်များ၌အကျိုးသက် ရောက်စေနိုင်မှုတို့နှင့်စပ်လျင်း၍ပွင့်လင်းစွာဆွေးနွေးရန်တိုက်တွန်းထားပါသည်။ နည်းပညာနှင့်စပ်လျင်း၍လည်း လူတိုင်းနိုးနိုးကြားကြားရှိရန်၊ နည်းပညာတိုး တက်မှုများကြောင့်မေ့လျော့ခံများနှင့်ထိခိုက်ဆုံးရှုံးလွယ်သောသူများဘေးဖယ်ပထုတ်သည့်အခြေအ နေမျိုးမဖြစ်ရန်ကိုလည်းသတိကြီးစွာထားရန်အသိပေးထားသည်။ ယခုနှစ်အစောပိုင်း…