rvamyanmar

rvamyanmar

နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ

နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ မကြာမီက နီဂါရာဂွာအာဏာရှင်အစိုးရဖြုတ်ချရေး၌ပါ၀င်ခဲ့သော ကက်သလစ်သာသနာမှဘုန်း တော်ကြီး (၁၁) ပါးနှင့် Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora Ortega တို့သည် ထောင်ချခံလိုက်ရသည်။ ဒီဇင်ဘာ (၂၉) နှင့် (၃၀) ညများ၌ Managua ဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ဘုန်းတော်ကြီး (၆) ပါးကိုဖမ်းဆီးခဲ့သည်။ ထိုရက်များမတိုင်မီအစောပိုင်းကလည်း Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora…

အငှားကိုယ်ဝန်ဆောင်မှုကို တားဆီးရန် ပုပ်ဖရန်စစ်ပန်ကြား

အငှားကိုယ်ဝန်ဆောင်မှုကို တားဆီးရန် ပုပ်ဖရန်စစ်ပန်ကြား ယနေ့ခေတ်တွင် တွင်ကျယ်လာသော အငှားကိုယ်ဝန်ဆောင်ခြင်းအလေ့အထကို ကမ္ဘာတစ်ဝှမ်းတွင် ကန့်သတ်ရန်ပုပ်ရဟန်းမင်းကြီးက ပန်ကြားတော်မူသည်။ တနင်္လာနေ့က ကျင်းပသော လူထုတွေ့ဆုံမှုတွင် ဗာတီကန်၏ဥပဒေပြုရေးအဖွဲ့ဝင်များပါဝင်သော ပရိတ်သတ်ကို ပုပ်ဖရန်စစ်က အောက်ပါအတိုင်းပန်ကြားခဲ့သည်။ “ငြိမ်းချမ်းရေးလမ်းးစဥ်သည် လူသားတစ်ဦးစီအား လေးစားခြင်းဖြစ်ပြီး မိခင်၏ဝမ်းထဲရှိ သန္ဓေသားအား လေးစားခြင်းလည်း ဖြစ်ကြောင်း၊ မိခင်နှင့်ကလေး၏ဖြစ်တည်မှုအား လိုသလို ထိန်းချုပ်ခြင်းမှာ မဖြစ်သင့်ကြောင်း”မိန့်ကြားခဲ့သည်။ ထို့အပြင် “ကလေးတစ်ယောက်သည် ဘုရားထံမှလာသော လက်ဆောင်ဖြစ်ပြီး သဘောတူညီချက်စာချုပ်ပါ အရာတစ်ခုမဟုတ်ကြောင်း၊ထို့ကြောင့် မိခင်ဘဝနှင့်ရင်သွေးအသက်ကို အလွဲသုံးစားပြုမှုအား နိုင်ငံတကာမှ တားဆီးရန်” အရှင်သူမြတ်က မီးမောင်းထိုးပြတော်မူသည်။ အငှားကိုယ်ဝန်ဆောင်ခြင်းသည်…

ခရစ်ယာန်များကိုနှိပ်စက်ညှင်းပန်းမှုများအား ရပ်တန့်ရန် ပုပ်ဖရန်စစ် ပန်ကြား

ခရစ်ယာန်များကိုနှိပ်စက်ညှင်းပန်းမှုများအား ရပ်တန့်ရန် ပုပ်ဖရန်စစ် ပန်ကြား တနင်္လာနေ့က ဗာတီကန်၌ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ပုပ်ရဟန်းမင်းကြီးသည် ခရစ်ယာန်များအား အမုန်းတရားဖြင့် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် ပန်ကြားတော်မူခဲ့သည်။ “လွန်ခဲ့သောလအနည်းငယ်မှ ခရစ်ယာန်မုန်းတီးရေးတိုက်ခိုက်မှုများကို စိတ်မကောင်းဖွယ်ကြားသိရကြောင်း၊ထိုအမုန်းတရားများကို မောင်နှမစိတ်ဓာတ်အခြေခံသောပညာပေးအစီအစဥ်များနှင့်ဘာသာတရားနှီးနှောဖလှယ်ခြင်းဖြင့် အစားထိုးရန် လိုအပ်နေကြောင်း” အရှေ့အလယ်ပိုင်းဒေသရှိပဋိပက္ခများအား ကိုးကား၍ သုံးသပ်တော်မူသည်။ ထို့အပြင် အရှင်သူမြတ်သည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြင့်တက်လာသော ခရစ်ယာန်မုန်းတီးမှုနှင့်ဆက်နွယ်သည့် အကြမ်းဖက်မှုများကို စိုးရိမ်မိကြောင်းနှင့် “ခရစ်ယာန်သာသနာစတင်ထွန်းကားရာနိုင်ငံများ၌ပင် ဖြစ်ပွားနေသော အဆိုပါ ခွဲခြားဆက်ဆံမှုများအကြောင်း”မီးမောင်းထိုးပြခဲ့သည်။ ကမ္ဘာတစ်ဝှမ်းတွင် ခရစ်ယာန် သန်းပေါင်း ၃၆၀ ထက်မနည်းသည် သူတို့၏ယုံကြည်ခြင်းကြောင့်…

စစ်ပွဲသည် ရူးသွပ်မိုက်မဲမှုတစ်ခုသာဖြစ်ကြောင်း ပုပ်ဖရန်စစ်မိန့်ကြား

စစ်ပွဲသည် ရူးသွပ်မိုက်မဲမှုတစ်ခုသာဖြစ်ကြောင်း ပုပ်ဖရန်စစ်မိန့်ကြား ဗာတီကန်၌ပြုလုပ်သော ပုပ်ရဟန်း မင်းကြီး၏အပတ်စဥ်လူထုတွေ့ဆုံခြင်းအခမ်းအနား၌ “စစ်ပွဲများကြားရှိ မိတ်ဆွေများကို မမေ့ကြရန်” ပုပ်ရဟန်းမင်းကြီးဖရန်စစ်က တောင်းဆိုလိုက်သည်။ “စစ်ပွဲသည်ရူးသွပ်မိုက်မဲမှုသာဖြစ်ပြီး ဆုံးရှုံးမှုသာလျှင်ဖြစ်ကြောင်း” ယူကရိန်းနှင့်ဂါဇာကမ်းမြှောင်ဒေသရှိ ပဋိပက္ခများနှင့်စပ်လျဥ်း၍မိန့်ကြားခဲ့သည်။ ထို့နောက် ဘုရားဖူးများနှင့်ဘာသာဝင်အပေါင်းတို့အား ယူကရိန်း၊ပါလက်စတိုင်း၊ အစ္စရေးနှင့်ကမ္ဘာပေါ်ရှိစစ်ပွဲများအကြားရှိ လူသားတို့အတွက် ဆုတောင်းရန်ဖိတ်ခေါ်ခဲ့သည်။ အာဗီအေဘာသာပြန်- Agnes Lawh Lun

ရောမမြို့ရှိသာသနာတစ်ခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတင်

ရောမမြို့ရှိသာသနာတစ်ခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စွမ်းအင်ချွေတာရေးသတင်းစကားများအား လိုက်နာသောအား​ဖြင့် ရောမမြို့ရှိ ကက်သလစ်သာသနာတစ်ခုက လှုပ်ရှားမှုတစ်ရပ်ကိုစတင်ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် နေရောင်ခြည်သုံး ဆိုလာပြားများတပ်ဆင်ခြင်းနှင့် ဆင်းရဲ သားများအား ဝေမျှကူညီနိုင်မည့် အော်ဂဲနစ်စိုက်ခင်းနှင့်ပန်းခြံဖန်တီးခြင်းတို့ပါဝင်သည်။ Ottavo Colleခရိုင်ရှိ San Vigilio သာသနာသည် ထိုအစီအစဥ်ကိုစတင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Alfio Tiroက “ကျွန်ုပ်တို့ဟာ ပါပါးဖရန်စစ်ရဲ့ Laudato Si စာချွန်တော်အတိုင်း လိုက်နာပူးပေါင်းကြခြင်းဖြစ်တယ်” ဆိုပြီး ဖော်ပြခဲ့သည်။ တစ်ဖန် “သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုဟာ အလျင်အမြန်ဖြစ်ပေါ်နေပြီး ထိခိုက်မှုကင်းသောစွမ်းအင်စနစ်များကို စတင်အသုံးပြုကြရန်အရေး ကြီးကြောင်းကိုလည်းတိုက်တွန်းခဲ့သည်။ အာဗီအေဘာသာပြန်-…

စကားမချဲ့ကားပါနဲ့

နွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီး အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။ ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။ “ကိုနွား နေမကောင်းဘူးလား” ပေါ့။ နွားက “ပင်ပန်းလို့ပါကွာ။ မနက်ဖြန်တစ်ရက်လောက် နားရရင် ကောင်းမှာပဲကွာ” လို့ ပြောလိုက်တယ်။ ညည်းလိုက်တယ် ဆျိုပါတော့။ အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့ ပြောတဲ့အခါကျတော့ “နွားက ပြောတယ်။ ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားချင်တယ်တဲ့။ သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ”တဲ့။ သခင်က အရမ်းခိုင်းလွန်းတယ် ထင်တယ် ဆိုတဲ့သူ့ရဲ့ comment ပါ ပါသွားပြီ။ ဒါကို…

ဘဝပတ်ဝန်းကျင်

တစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေခ်ျိန်မှာ မောက်မာတဲ့သူကိုလည်း ကျွန်တော့် အနေနဲ့ သတိပြုမိတတ်တယ်။ငွေရှိတိုင်း ကျွန်တော် အထင် မကြီး တတ်ပါဘူး။ ရှိတဲ့ငွေကို လိုအပ်မှထုတ်သုံးပြီး နှိမ့်ချစွာ နေထိုင်နိုင်သူ ကိုတော့ ကျွန်တော် အထင်ကြီးတယ်။ဒီလိုပဲ ရာထူးကြီးမားနေတဲ့လူတစ်ယောက်ကို ရိုကျိုးစရာလို့ မမြင်ခဲ့ဖူးဘူး။ သို့သော် သဘောထားကြီးတဲ့ လူသားတိုင်းကို ကျွန်တော်ရိုကျိုးမိတယ်။ပညာမတတ်ပေမယ့် ရိုးသားတဲ့ လူတစ်ယောက်ကို ပညာတတ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ထက် ပို မြတ်နိုးတတ်တယ်။ဟုတ်ပြီ။ ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်။ ဘာတွေ…