rvamyanmar

rvamyanmar

ဆယ်ကျော်သက်အရွယ် သားသမီးကို Dating နဲ့ ပတ်သက်လို့ မိဘတွေက လမ်းပြ လမ်းညွှန်ပေးရအောင်။

ကျွန်မတို့ ငယ်တုန်းဆယ်ကျော်သက်အရွယ်အချိန် ဟိုးအချိန်ကနဲ့ အခုက ခေတ်ကာလ အများကြီးပြောင်းလဲသွားပါပြီ။             ကျွန်မတို့ ဆယ်ကျော်သက်အရွယ် သားသမီးကို မိဘတွေက အော်ဟစ်ဆူပူပြီး ဆုံးမခဲ့ကြ တာပါ။             ဒီနေ့ခေတ်မှာတော့ မိဘအနေနဲ့ ဆယ်ကျော်သက်သားသမီးကို အော်ဟစ်ဆူပူနေလို့လဲ မထိရောက်တော့ပါဘူး။ မိဘအနေနဲ့ Dating နဲ့ ပတ်သက်တဲ့ အပြုအမူတွေ အကြောင်းအရာတွေကို အသေးစိတ်ပြောပြပေးရမှာပါ။             အရင်ဆုံး မိမိကိုယ်မိမိ တန်ဖိုးထားနိုင်ဖို့ အကောင်းဆုံးပုံဖော်နိုင်မဲ့ နည်းတွေကို ပွင့်ပွင့် လင်းလင်း ပြောပြပြီး ပုံဖော်ပေးရမှာပါ။             အကောင်းဆုံးကတော့ မိဘကိုယ်တိုင်…

ရဟန်းမင်းကြီးသည်ငြိမ်းချမ်းရေးနှင့်စစ်ဒဏ်သင့်နေသောမိသားစုများအတွက်ဆုတောင်းပေး။

ယမန်နေ့ ဒီဇင်ဘာ (၂၈) ရက်နေ့သည် တနဂ်နွေနေ့ဖြစ်ပါသည်။ အဆိုပါတနဂ်နွေနေ့သည် ကက်သလစ် သာသနာတော်ကြီး၏ခရစ္စမတ်ကာလအတွင်းအရေးကြီးသည့်၀တ်ပြုခြင်းဆိုင်ရာပွဲတစ်ပွဲဖြစ်သော ‘သန့်ရှင်းသောအိမ်ထောင်စုယေဇူး၊ မာရိယာ၊ ဂျိုးဇက်’ တို့၏ပွဲနေ့လည်းဖြစ်သည်။ ထို့ကြောင့်ရဟန်းမင်းကြီးက ကမ္ဘာ့မိသားစုကြီး၏ငြိမ်းချမ်းရေးအတွက် အထူးသဖြင့်စစ်မီး သင့်ဒေသ နှင့်အကြမ်းဖက်မှုကိုခံနေရသောမိသားစုများအတွက်ဆုတောင်းပေးရန်ဘုရားဖူးများအားပန်ကြားခဲ့သည်။ ထိုအခြေအနေမျိုးနှင့်ကြုံတွေ့ဖြတ်သန်းနေရသောမိသားစုအတွင်းမှကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိကြသူများအတွက် နှင့်ကျွန်ုပ်တို့ကိုယ်တိုင် သည်လည်း နာဇ ရက်မြို့မှသန့်ရှင်းသောအိမ်ထောင်စု၏ကြား၀င်ဆုတောင်းပေးမှုကိုတောင်းခံယူကြပါစို့။ အောင်မြင်မှုနှင့်ပါ၀ါသည်ကျွန်ုပ်တို့ကိုအနိုင်မပိုင်းစေပါနှင့်။ ခရစ္စယာန်မိသားစုများအနေဖြင့်မိမိတို့ခိုလုံရှင်သန်နေသောလူမှုအသိုင်းအ၀ိုင်းအတွက် အလင်းများဖြစ် ကြသည်။ ဤသို့ဆိုရာ၌ပဋိပက္ခများဖြစ်ပွားနေသောဒေသရှိသူများအားသာဆိုလိုသည်မဟုတ်။ စစ်ဖြစ် ပွားမှုမရှိသော်လည်းအထီးကျန်ဖြစ်နေခြင်း၊ သဘောထားမတိုက်ဆိုင်မှုများကြောင့်ကွဲပြားနေကြသူ များအတွက်အလင်းဖြစ်ရမည်။ သန့်ရှင်းသောအိမ်ထောင်စုသည်ဘုရားသခင်၏ ဗျာဒိတ်တော် အလင်း ကြောင့် အီဂျစ်ပြည်သို့အချိန်မှီတိမ်းရှောင်ခြင်းဖြင့်သူငယ်တော်ယေဇူး၏အသက်ကိုကယ်နိုင်ခဲ့သည်။ သို့သော်ကမ္ဘာကြီး၌‌ဟေရုဒ်ကဲ့သို့သောလူစားနေရာတိုင်း၌ရှိသည်။…

အမြင်

“မြင်နေရတာချင်းတူတောင် မြင်ပုံချင်းမတူနိုင်ဘူး” လူမှုကွန်ရက်ပေါ်မှာ သတင်းတစ်ခု၊ အကြောင်းအရာတစ်ခု Hot ဖြစ်လာတိုင်း အငြင်းအခုံတွေ ဖြစ်ကြတာကို မကြာမကြာ တွေ့ရတတ်ပါတယ်။ လူပြောများတဲ့ ပို့စ်တွေအောက်က Comment တွေကိုလည်း စိတ်ဝင်တစား လိုက်ဖတ်ကြည့်ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို မတူညီတဲ့ လူတွေဟာ ပုံစံမျိုးစုံနဲ့ ဘယ်လိုများ တွေးကြလဲ၊ မြင်ကြမလဲဆိုပြီးတော့ပေါ့..။ဖော်ပြထားတဲ့ သတင်း၊ အကြောင်းအရာက အတူတူပဲ။ ဒါပေမဲ့ တစ်ယောက်က ဒါကို “မှန်တယ်” လို့ မြင်တဲ့အချိန်မှာ နောက်တစ်ယောက်က “မှားတယ်” လို့ မြင်တယ်။ တစ်ယောက်က “ဖြစ်သင့်တယ်” လို့…

ကျေးဇူးတင်ခြင်း

မနက်မိုးလင်းလို့ အိပ်ရာက နိုးလာတဲ့အခါ အဆင်သင့်ဖြစ်နေတဲ့ မနက်စာ၊ အလုပ်သွားခါနီး သေသေချာချာ မီးပူတိုက်ထားတဲ့ အဝတ်အစား၊ ညဘက် အိမ်ပြန်ရောက်တဲ့အခါ နွမ်းနယ်သမျှ ပြေပျောက်သွားစေမယ့် ထမင်းပွဲ၊ ဒီလိုအရာတွေဟာ လူတော်တော်များများအတွက်တော့ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းတွေ ဖြစ်နေတတ်ပါတယ်။ဒါဟာ အမေ့ရဲ့ တာဝန်၊ ဒါဟာ ဇနီးသည်ရဲ့ ဝတ္တရား ဆိုပြီး အလွယ်တကူ သတ်မှတ်လိုက်ကြတယ်။ အဲဒီနောက်ကွယ်က မေတ္တာနဲ့ အပင်ပန်းခံမှုတွေကိုတော့ မကြာခဏ မေ့လျော့နေတတ်ကြပါတယ်။အိမ်က ထမင်းဟင်းဆိုတာ “အဆင်သင့်” ဖြစ်နေတတ်တာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က အချိန်ပေးပြီး ဈေးသွားရတယ်၊ စဉ်းစားပြီး…