ဖာသာရ် Peter Yan Naung (မန္တလေး) သာမန်ကာလ သတ္တမ သောကြာနေ့ဩဝါဒ ၂၈၊ ၂၊ ၂၀၂၅

ပုပ်ဖရန်စစ်အမြန်ဆုံးကျန်းမာလာစေရန်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများဆုတောင်းပေးနေကြ ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေးအခြေအနေသည် တနင်္လာနေ့ကသတိရှိကြီးစွာဖြင့်စောင့်ကြည့်ရသောအခြေအနေဖြစ်နေခဲ့သော်လည်း ညပိုင်းတစ်ညလုံးကောင်းမွန်စွာအနားယူနိုင်ခဲ့သည်ဟုအင်္ဂါနေ့နံနက်ပိုင်းကသတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန် ကက်သလစ်ဘာသာတူရာနှင့်ချီ၍ တနင်္လာနေ့ညပိုင်း(ဒေသစံတော်ချိန် ၉) နာရီကရောမမြို့၊ စိန့်ပီတာရင်ပြင်၌ စုရုံး၍ စိပ်ပုတီးစိပ်ခဲ့ကြသည်။ အဆိုပါအစီအစဉ်ကို ဗာတီကန်၏ အတွင်း ရေးမှူး ကာဒီနယ် Pietro Parolin မှဦးဆောင်ခဲ့သည်။ အမေရိကန်သမ္မတထရမ့်နှင့်ပြင်သစ်သမ္မတ တို့ကလည်း ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည်စူး၍ ‘we wish him well …. it’s a very serious situation’ (အမြန်ကျန်းမာပါစေ။ လက်ရှိ၌အလွန်အသည်းအသန်ဖြစ်နေသည်) ဟုဗွီဒီယိုဖိုင်လ်ဖြင့်ဆုတောင်းချက်ကိုပူးတွဲပြုလုပ်ပေးပို့ခဲ့သည်ဟုဆိုသည် ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း ရဟန်းမင်းကြီးဖရန်စစ်အမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည်…
ပုပ်ရန်စစ်၏အခြေအနေအနည်းငယ်တိုးတက်လာဟုဗာတီကန်သတင်းဌာနထုတ်ပြန် ဗာတီကန်သတင်းဌာန ၏ထုတ်ပြန်အသိပေးချက်အရပုပ်ရဟန်းမင်းကြီး ၏အခြေအနေမှာဆိုးရွားသည်ဟုဆိုမည်ဖြစ်သော်လည်း အနည်းငယ်တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ အသက်ရှုရာ၌ခက်ခက်ခဲခဲရှုရှိုက်ရခြင်းမရှိတော့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရတိုးတက်မှုကိုပြသနေကြောင်း၊ ကျောက်ကပ်အနည်းငယ်အားနည်းနေသည်ကိုတွေ့ရှိရသော်လည်း စိုးရိမ်ဖွယ်အခြေအနေမျိုးမဟုတ်ကြောင်း၊ အောက်စီဂျင်အနည်း ငယ်ကျသွားခဲ့၍အောက်စီဂျင်ကိုဆက်လက်ပေးထားရကြောင်း၊ ကြပ်မတ်ကုသပေးနေကြသောဆရာ၀န်များလည်း သတိကြီးစွာဖြင့်အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ကုသပေးနေကြောင်း၊ တနင်္ဂနွေနေ့နံနက်ပိုင်း၌ ကိုယ်တော်မြတ်ကိုပင့်ယူခဲ့ကြောင်း၊ နေ့လယ်ပိုင်း၌မူပုံမှန်အတိုင်းပင်ဖြတ်သန်းခဲ့ကြောင်း၊ ညနေပိုင်း၌လည်း ဂါဇာဒေသ “သန့်ရှင်းသောအိမ်ထောင်စု” သာသနာအုပ်စုငယ်၌ အမှုထမ်းနေသောဘုန်းတော်ကြီးနှင့်၄င်းကြည့်ရူစောင့်ရှောက်ထားသောဘုရားသခင်၏လူမျိုးတော်(ဂါဇာသည်စစ်မီးသင့်ဇုံဖြစ်နေ၍ အဆိုပါဘုန်းတော်ကြီးသည် ဘာသာတူ၊ ဘာသာမတူသူများအားစောင့်ရှောက်ပေးလျှက်ရှိသည်)တို့အား သူ၏ကျန်းမာခြင်းအတွက်၄င်းတို့၏ဒုက္ခကြားမှမပြတ်ဆုတောင်းပေးလျှက်ရှိသောကြောင့် ဗွီဒီယိုဖိုင်လ်တစ်ခုပေးပို့၍ကျေးဇူးတင်ခဲ့ကြောင်း၊ ပြင်သစ်သတင်းဌာနတစ်ခုမှဖြန့်ချီခဲ့သော ရဟန်းမင်းကြီးအားအခန်းတစ်ခုသို့ပြောင်းရွေ့လိုက်ရပြီဖြစ်သည် ဆိုသည့် သတင်းသည်လည်းမဟုတ်မမှန်သောသတင်းသာဖြစ်သည်ဟုဆိုသည်။ အာဗီအေဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်