rvamyanmar

rvamyanmar

၂၀၂၅) ဂျူဘီလီနှစ်ကိုပြန်လည်ထောက်ရှုခြင်း  အပိုင်း ၂

ရဟန်းမင်းကြီးအသစ်ရွေးချယ်တင်မြောက်ရန်အစည်းအ‌ဝေးစတင်ခြင်း၊  တစ်နည်းဆိုရသော ရဟန်းမင်းကြီးတစ်ပါးပျံလွန်သွားပြီဖြစ်၍လစ်လပ်သွားသောထိုအမှု တော်နေရာ အားပြန်လည်အစားထိုးခန့်အပ်ရန်ပြင်ဆင်ရတော့သည်။ ထိုသို့ရွေးကောက်နိုင်ရန်ကမ္ဘာပေါ်ရှိ သက် တော် (၈၀) မပြည့်သေးသည့်ကာဒီနယ်များအားလုံးရောမမြို့သို့သွားရောက်၍ဆုတောင်းပြင်ဆင်ရ သည်။ ထိုအစည်းအ‌ေ၀းကို ‘Conclave’ ဟုခေါ်သည်။ အနက်ကား ‘သော့’ ဟုဆိုလိုကြောင်းလည်းသိရ သည်။  ရဟန်းမင်းကြီးဖရန်စစ်၏စျာပနအခမ်းအနားများပြီးဆုံးသွားပြီးနောက် ဧပြီလ (၂၇) ရက်နေ့ က (9) ရက် တာကွယ်လွန်သူအတွက်ဆုတောင်းပေးခြင်းမစ္ဆားကို ဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin မှပထမနေ့ကိုဦးဆောင်ပူဇော်ခဲ့သည်။ နောက်တစ်နေ့မှစ၍ရဟန်းမင်းကြီး၏စျာပနအတွင်း မရောက်နိုင်သောကာဒီနယ် (၁၈၀) ပါးတို့လည်းဆိုက်ဆိုက်မြှိုက်မြှိုက်ရောက်လာခဲ့ကြသည်။ ထိုအစည်း အ‌ ဝေးကား အထက်ကဆိုခဲ့သောရဟန်းမင်းကြီးရွေးချယ် သည့်အစည်းအ‌ဝေး မဟုတ်ဘဲ…

ကျွနုပ်တို့ရဲ့ကမ္ဘာ‌မြေ

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ Pope Francis ရေးသားခဲ့တယ့် Laudato Si စာအုပ်မှ ” ကျွနုပ်တို့ရဲ့ကမ္ဘာ‌မြေ ” ဆိုတယ့်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် — ဝီလျံ ဇော်နိုင်ဦး တည်းဖြတ် — စတီဗင်

ကျွန်ုပ်တို့၏ ကမ္ဘာလောကနှင့် မိသားစုများတွင် ငြိမ်းချမ်းရေးရရှိရန် ဆုတောင်းကြပါ။

   ၂၀၂၆ ခုနှစ်၏ ပထမဦးဆုံးသော လူထုတွေ့ဆုံခြင်း အိန်ဂျလုစ် (Angelus) မေတ္တာဆိုခြင်း အစီအစဉ်တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ဂျူဘလီနှစ် (Jubilee) သည် ကမ္ဘာသစ်တစ်ခုအတွက် မျှော်လင့်ချက်ကို မည် သို့ပျိုးထောင်ရမည်ကို ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ကြောင်း သတိပေးခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီး လီယိုက “ပထမဦးစွာ ပဋိပက္ခနှင့် ဆင်းရဲဒုက္ခများကြောင့် သွေးမြေကျနေရသည့် နိုင်ငံ များအကြားတွင်လည်းကောင်း၊ ထို့ပြင် အကြမ်းဖက်မှုနှင့် နာကျင်မှုများကြောင့် ဒဏ်ရာရနေသော ကျွန်ုပ် တို့၏ အိမ်ထောင်စုများနှင့် မိသားစုများအတွင်း၌လည်းကောင်း” ငြိမ်းချမ်းရေးအတွက် အတူတကွ ဆု…

(၂၀၂၅) ဂျူဘီလီနှစ်ကိုပြန်လည်ထောက်ရှုခြင်း။

 (၂၀၂၅) ခုနှစ်သည်မေ့မရဖွယ်နှစ်တစ်နှစ်ဖြစ်သည်။ ရဟန်းမင်းကြီးပျံလွန်သွားခဲ့သည်။ ရဟန်းမင်း ကြီး အသစ်ရွေးချယ်တင်မြောက်ခဲ့ရ၍ရဟန်းမင်းကြီးလီယို (၁၄) ရရှိလာသည်။ ထို့အတူ (၂၀၂၅) သည်ယေ ဇူးသခင်နှိမ့်ကျစွာလူ့အဖြစ်ကိုခံယူခဲ့သည့် (၂၀၂၅) နှစ်ပြည့်သည့်ဂျူဗလီနှစ်လည်းဖြစ်သည်။ (၂၀၂၅) ခုနှစ်၏ဂျူဘီလီနှစ်၏ဦးတည်ချက်မှာ ‘မျှော်လင့်ခြင်း’ ဖြစ်သည်။ အဆိုပါဂျူဗလီနှစ်ကိုရဟန်းမင်း ကြီး ဖရန်စစ်မှဖွင့်လှစ်ခဲ့ပြီးတစ်နှစ်ပတ်လုံးဖွင့်လှစ်ထားခဲ့ရမှလာမည့်ဇန္န၀ါရီလ (၆) ရက်နေ့တွင်အခြားရ ဟန်းမင်းကြီးတစ်ပါးကပြန်ပိတ်မည်ဖြစ်ပါသည်။ ဤအဖြစ်အပျက်မျိုးသည် ဖြစ်ခဲသည်။ ထိုဂျူဘီလီ တံခါးကို နောက်ထပ် (၂၅) နှစ်၊ (၂၀၅၀) မှသာ နောက်တစ်ကြိမ်ပြန် လည်ဖွင့်လှစ်မည်ဖြစ်သည်။   ထို့အတူ (၂၀၂၅) သည်နိုင်ငံတကာပထ၀ီနိုင်ငံရေးပိုမိုဆိုး၀ါးစေသောတင်းမာမှုများစွာရှိခဲ့၊ သာသနာကို နောက်ဆုံးဦးဆောင်ခဲ့သောရဟန်းမင်းကြီးနှစ်ပါးမှမိန့်ကြားခဲ့သည့်အတိုင်းတတိယကမ္ဘာစစ်ကြီးကိုဦးတည်နေသောအကွဲအပြဲများစွာဖြစ်ပျက်ခဲ့သည့်နှစ်လည်းဖြစ်သည်။…

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရာတွင် အရာရာကို ဘုရားသခင်ထံ အပ်နှံကြပါစို့။

ယနေ့သည် ဒီဇင်ဘာ (၃၁) ရက်နေ့၊ ထို့အတူဗုဒ္ဓဟူးနေ့လည်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့တိုင်းနံနက် ဒေသစံ တော် ချိန် (၁၀း၀၀) နာရီ၌စိန့်ပီတာရင်ပြင်တွင်စုရုံးရောက်ရှိနေသော ဘုရားဖူးများအားရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက် လေ့ရှိသည်။   ယနေ့ရဟန်းမင်းကြီးစိန့်ပီတာရင်ပြင်၌ဘုရားဖူးများနှင့်တွေ့ဆုံနှုတ်ဆက်ခြင်းသည် (၂၀၂၅) ခုနှစ်၏ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်နက်ဖန်သည် (၂၀၂၆၊ ဇန္န၀ါရီ ၁) ရက်နေ့၊ တစ်နည်းအားဖြင့်ဆိုသော် နှစ်ဆန်း (၁) ရက်နေ့လည်းဖြစ်သည်။ မကြာမီကရှင်သန်ဖြတ်သန်းခဲ့သောလ များသည်ဆန့်ကျင်ဖက်သဘောဆောင်သောအဖြစ်အပျက်များဖြစ်ပွားခဲ့ကြသည်။ ထိုအဖြစ်အပျက်များအ နက်အချို့ကားပျော်စရာဖြစ်ခဲ့ပါသည်။ ဥပမာအားဖြင့်ယခုနှစ်သည် သန့်ရှင်း သောဂျူဗလီနှစ်ကြောင့်မိမိတို့ လက်လှမ်းမှီသလောက်ဘုရားဖူးခရီးများပြုခဲ့ကြသည်။ အချို့အဖြစ် အပျက်များသည်နာကြင်ခံစားရသောအ ခြေအနေများဖြစ်သည်။ ဥပမာအားဖြင့် ရဟန်းမင်းကြီး…

လောင်းကစားသည်မိသားစုကိုဖျက်ဆီးသည်။

ကျားဖြန့်အရေးကမ္ဘာ့သတင်းစာမျက်နှာ၌ဟိုးလေးတကြော်ကြော်ဖြစ်နေခဲ့သည်မှာကြာပြီ။ ၄င်း၏ ဆိုး ကျိုးကိုကမ္ဘာပေါ်ရှိနိုင်ငံအတော်များများကလည်းခါးစီးခံခဲ့ကြရ၍ယခုအခါတပ်လှန့်လာကြ၊ ကိုင် တွယ် အရေးယူရန်အထိတိုးမြှင့်လုပ်ဆောင်လာစဉ်ရဟန်းမင်းကြီးမှလည်းလောင်းကစားနှင့်စပ်လျင်း၍ပွင့်လင်းစွာမိန့်ကြားလာပါသည်။ လူဦးရေထူထပ်ခြင်း၊ မိမိသားစု၏ရုန်းကန်မှုများ၊ လူမှုရေးနယ်ပယ်ကျဉ်းမြောင်းလာနေသော လူငယ် များ၊ လူကြီးများကြောင့်နွမ်းပါးချို့တဲ့မှုများကြီးထွားလာခြင်း၊ သဘာ၀ပတ်၀န်းကျင်ညစ်နွမ်းလာခြင်း၊ လူမှုရေးပြဿနာများစသောအကြောင်းတရားများသည်အီတလီနိုင်ငံ၏မြို့ပြနေပြည်သူတို့၏အကြီးမားဆုံး သောအကြပ်အတည်းဖြစ်လာနေသည်ဟုတနလ်ာနေ့ကမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးသည်ဤအကြောင်းအရာကို ဒေသအာဏာပိုင်အဖွဲ့အစည်းများအားဗာတီ ကန်၌ လက်ခံ တွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။ ဤပြဿနာများကိုကိုင်တွယ်ဖြေရှင်းလိုပါကဦးစွာအားနည်းသူ များ၊ ဆင်းရဲသောသူများ၏အသံကိုနားထောင်ရမည်။ ထိုသို့မဟုတ်ပါကဒီမိုကရေစီဆိုသည့်အမည်နာမသည် လက်တွေ့မရှိဘဲအမည်ခံရုံသက်သက်၊ သဘောတရားမျှသာဖြစ်ပေမည်။ ဆိုးဆိုး၀ါး၀ါးကြီးထွားအားကောင်းလာနေသောလောင်းကစား ရဟန်းမင်းကြီးအနေဖြင့်အကြောင်းအရာတစ်ခုကိုဆွဲထုတ်မိန့်ကြားလိုသည်မှာ လောင်းက စားမှုဖြစ် ပါသည်။ လောင်းကစားသည်မိသားစုကိုဖျက်ဆီးသည်။ ပျက်စီးစေသည်။ စစ်တမ်းများကောက်ခံ ချက်အရ များမကြာမီနှစ်များအတွင်း အီတလီနိုင်ငံတစ်၀ှမ်း၌လောင်းကစား၀ိုင်း များဆိုးဆိုး ၀ါး၀ါး…