rvamyanmar

rvamyanmar

လူတစ်ယောက်ကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်တဲ့ လက်ထပ်ထိမ်းမြားတာ မပြုလုပ်ဖို့

Don’t Marryဒီနေ့မှာ လူတစ်ယောက်ကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်တဲ့ လက်ထပ်ထိမ်းမြားတာ မပြုလုပ်ဖို့ အကြောင်း ပြောပြပေးချင်ပါတယ်။ကျွန်မတို့ တည်ဆောက်လိုက်တဲ့ လက်ထပ်မင်္ဂလာမှာ သူနဲ့ပတ်သက်တဲ့ ဓမ္မသတ်နည်း ဥပဒေတွေက ပုဒ်မတွေနဲ့ ရှိနေတာမဟုတ်ပေမယ့် လူလူချင်းပေါင်းသင်းဆက်ဆံတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ရှင်းရှင်းလင်းလင်းသိမယ်။ မြင်လွယ်မယ်၊ နားလည်အောင်လုပ်ထားမယ်ဆိုရင် လင်မယား ကွဲတာ divorce ဖြစ်တာတွေ မရှိနိုင်ပါဘူး။တကယ်တမ်းကတော့ relationship အောင်မြင်ချင်ရင် အရေးကြီးဆုံးကတော့ အချစ်၊ ချစ်ခြင်းမေတ္တာပါပဲ။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲပ လက်ထပ်လိုက်တဲ့အခါမှာ ဒီအချစ်များစွာတွေ က ထိတ်လန့်တုန်လှုပ်သွားစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်လွန်းတော့…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) အာဒ်ဝင်တူးပထမတနင်္ဂနွေနေ့ ဩဝါဒ ၃၊ ၁၂၊ ၂၀၂၃

အာဒ်ဝင်တူးပထမတနင်္ဂနွေနေ့ ရှင်မာကု ဧဝံဂေလိကျမ်း အခန်းကြီး ၁၃: ၃၃- ၃၇      ခရစ်စမတ်မတိုင်ခင်လေးပတ်တာကာလကိုအာဒ်ဝင်တူးကာလလို့ခေါ်ပါတယ်။ ယနေ့ကျွန်တော်တို့ဟာ အာဒ်ဝင်တူကာလကို ရောက်ရှိလာပါပြီ။ ဒီကာလအတွင်းမှာကျနော်တို့ဟာခရစ်စမတ်အချိန်မှာကြွလာမည့် သူငယ်တော် ယေဇူးကို လက်ခံကြိုဆိုနိုင်ဖို့အတွက် ကျနော်တို့ဝိညာဉ်ကိုပြင်ဆင်ရပါမယ်။ အာဒ်ဝင်တူးဆိုတာကြွဝင်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။ သခင်‌ယေဇူး ကြွဝင်လာမှာကို ကျနော်တို့ကအမြဲတမ်းအဆင်သင့်စောင့်မျှော်ရင်းနဲ့ ပြင်ဆင်နေကြပါမယ်။ ယနေ့ဖတ်သွားတဲ့ ဧဝံလိကျမ်း ရှင်မာကုအခန်းကြီး ၁၃ မှာ အိမ်ရှင် ဘယ်တော့ပြန်လာမလဲ၊ ဘယ်ချိန်ပြန်လာမလဲ ဆိာတာ မသိရပဲ ဘယ်အချိန်ပြန်လာပြန်လာကိုယ့်ဘက်ကတော့ လက်ကိုင်ကြိုဆိုဖို့မြဲ့အဆင်သင့်ဖြစ်နေရပါမယ်တယ်။ “နိုးကြားစွာစောင့်နေကြလော့” လို့ ယေဇူးဘုရားရှင်က သတိပေးထားသလိုကျနော်တို့ကိုဝိညာဉ်ရေးမှာ ထိုင်းမှိုင်းလေးလံ‌နေတာတွေ၊…

(၂၀၂၂/ ၂၃) ဥရောပတစ်လွှား၌ ခရစ်ယာန်များတိုက်ခိုက်ခံရမှုအစီအရင်ခံစာထွက်ပေါ်လာ

(၂၀၂၂/ ၂၃) ဥရောပတစ်လွှား၌ ခရစ်ယာန်များတိုက်ခိုက်ခံရမှုအစီအရင်ခံစာထွက်ပေါ်လာ ဥရောပ၌ ခရစ်ယာန်တို့အားဖိနှိပ်မှုကိုလက်မခံ၊ စောင့်ကြည့်ဖော်ထုတ်သောအဖွဲ့ (Observatory on Intolerance and Discrimination against Christians (OIDAC) ၏ (၂၀၂၂/၂၀၂၃) အစီရင်ခံစားထွက်ပေါ်လာခဲ့ပါသည်။ အစီရင်ခံစာထဲ၌ ဥရောပနိုင်ငံ (၃၀) အတွင်းခရစ်ယာန်တို့အားအမုန်းတရားဖြင့်တိုက်ခိုက်မှု၊ ဖျက်လို့ ဖျက်ဆီးပြုခဲ့သည့်အမှုပေါင်း (၇၄၈) မှုပါရှိသည်။ အစီရင်ခံစာကို ‘ the International Day of Tolerance’ (နိုင်ငံတကာမှုခင်းကျဆင်းရေးနေ့) တွင်ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ ၌တင်ပြထားသောအမှုများသည် (စက်တင်ဘာ ၂၀၂၂ မှ…

(၂၀၂၄) ခုနှစ်အား ဆုတောင်းခြင်းနှစ်အဖြစ် ကြေညာမည်

(၂၀၂၄) ခုနှစ်အား ဆုတောင်းခြင်းနှစ်အဖြစ် ကြေညာမည် ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၄) အား (၂၀၂၅) အတွက်ပြင်ဆင်သည့်အနေဖြင့် ‘ဆုတောင်းခြင်းနှစ်’ အဖြစ်သတ်မှတ်ကြေညာမည်ဖြစ်သည်။ (၂၀၂၅) သည် ရောမသာသနာ၏ ဂျူဗလီပွဲတော်ကိုခြိမ့်ခြိမ့်သဲဆင်နွှဲမည်ဖြစ်ပါသည်။ ရောမသာသနာသည် ကမ္ဘာပေါ်ရှိကက်သလစ်သာသနာ တော်ကြီး၏မိခင်သာသနာ၊ ချက်မြှုပ်သာသနာဖြစ်သည်။ ဤဆုတောင်းခြင်းနှစ်၌ ဘာသာတူများအားလုံးသည် ယေဇူးခရစ္စတူးသခင်၏နှလုံးတော်အတိုင်း ရိုးသားသောစိတ်ထားများမွေးမြူနိုင်ရန်ဆုတောင်းစေလိုခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဤကြေညာချက်ကို နို၀င်ဘာလ (၁၁) ရက်နေ့၊ ဘုရားဖူးဗိမာန် တော်များအားကြီးကြပ်အုပ်ချုပ်ရသည့် တာ၀န်ခံဘုန်းတော်ကြီးများနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဤဆုတောင်းခြင်းတစ်နှစ်ပတ်လုံးကိုအဘယ်သို့လုပ်ဆောင်ရမည်ကို လမ်းညွှန်သောလက်စွဲကိုပုံနှိပ်ထုတ်‌ေ၀မည်ဖြစ်သည်။ ဤသို့အားဖြင့် တစ်နှစ်ပတ်လုံးဆုတောင်းခြင်းကိုဗဟိုပြု၍ရှင်သန်ဖြတ် သန်းရင်းဂျူဗလီပွဲကို အသင့်ပြင်ဆင်ထားပြီး အနစ်သာရရှိစွာကျင်းပနိုင်မည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်…

ပုပ်ဖရန်စစ် နွမ်းပါးဆင်းရဲသူ (၁၂၀၀) ကျော်နှင့်လက်ဆုံထမင်းစား

ပုပ်ဖရန်စစ် နွမ်းပါးဆင်းရဲသူ (၁၂၀၀) ကျော်နှင့်လက်ဆုံထမင်းစား ယမန်နေ့ တနင်္ဂနွေနေ့သည် ‘ကမ္ဘာ့နွမ်းပါးချို့တဲ့သောသူများနေ့’ ဖြစ်သည်။ ထိုနေ့အားဂုဏ် ပြုကြိုဆိုသောအားဖြင့် နွမ်းပါးဆင်းရဲသူ (၁၂၀၀) ဦးကျော်အားဖိတ်ကြား၍ ပုပုပ်ရဟန်းမင်းကြီးက ထမင်းလက်ဆုံစားခဲ့သည်။ မိတ်ဆုံစားပွဲကို ဗာတီကန်၀င်းအတွင်းရှိ ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမ၌ပြင်ဆင်ခဲ့သည်။ ရဟန်းမင်းကြီးသည် အဆိုပါမိတ်ဆုံစားပွဲကိုဟင်းလျှာကောင်းများဖြင့်စီစဉ်စေသည်။ ၄င်းတို့အနက် အများပိုင်းသည်စိန့်ပီတာဘာစီးလီကာဘုရားကျောင်း၌ပူဇော်သောမစ္ဆားတရား၌ပါ၀င်ပူဇော်ခဲ့သည်။ ဤမိတ်ဆုံစားပွဲအား ရဟန်း မင်းကြီး၏ ကရုဏာရေးလုပ်ငန်းတာ၀န်ခံရုံးမှစီစဉ်ပေးခဲ့သည်။ အစားအစာများကို Hilton ဟိုတယ်မှချက် ပြုတ်ပေးခဲ့သည်။ ဖိတ်ကြားတက်ရောက်သောဧည့်သည်အားလုံးသည် ခရစ်ယာန်များသာမဟုတ်။ ဘာသာ ခြားများလည်းပါသောကြောင့် အားလုံးစားသုံးနိုင်ရန်ကြပ်မတ်ရသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၇) မှစ၍…