rvamyanmar

rvamyanmar

” ဘုရားရှာခြင်း – အပိုင်း- ၂၂ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၂၂ ” ကိုတင်ဆက်ပေးသွားမှာပါ။

ယနေ့ပွဲနေ့ရှင်ဟန်ဂေရီဘုရင် ရှင်စတီးဖင်းမှသားတော်အားရေးသားထားပေးခဲ့သောဆုံးမစာ ဟန်ဂေရီမြို့မှစိန်စတီးဖင်း

ယနေ့ပွဲနေ့ရှင်ဟန်ဂေရီဘုရင် ရှင်စတီးဖင်းမှသားတော်အားရေးသားထားပေးခဲ့သောဆုံးမစာ ဟန်ဂေရီမြို့မှစိန်စတီးဖင်း ချစ်ရတဲ့သားရေ……….. တကယ်လို့သားဟာအဖေ့ရဲ့အရိုက်အရာကိုဆက်ခံပြီး၊ တိုင်းပြည်ကိုမင်းလုပ်အုပ်ချုပ်ရတယ်ဆိုရင်ဖြင့် ခရစ်တော်ရဲ့တ ပည့်တော် ကြီးတွေကဆင်းသက်လာတဲ့တစ်ဆူတည်းသောကက်သလစ်သာသနာ တော်ရဲ့သွန်သင်ချက်ကိုမြေ၀ယ်မကျလိုက်နာဖို့ဖေဖေအကြံပေး မှာကြား ချင်တယ်။ ဒီတော့မှဖေဖေ့သားဟာရှင်၊ လူ၊ နတ်၊ သိကြားရှေ့ မှောက် မှာ ကိုယ်ကျင့်တရားကောင်းမွန်စွာနဲ့ရှင်သန်မင်းလုပ်နိုင်မယ်။ ဒီလိုဘဲဘု ရား ရဲ့သားတော်တွေဖြစ်တဲ့သာသနာ့ ၀န်ထမ်းတွေလည်းဖေဖေ့ သားကို ကိုယ်ကျင့်တရားနဲ့တကယ်ပြည့်စုံသူ၊ ကျင့်တရားမြဲသူ၊ ခရစ်တော်ရဲ့တ ရားတော်အ ညီရှင်သန်တဲ့ဘုရင်လို့ ၀မ်းသာပီတိသာဓုခေါ်နိုင်ကြ၊ ဂုဏ် ယူကြမှာပါ။ ဖေဖေ့သားလေးဟာအထက်ကပြောခဲ့သလိုကျင့်ကြံအသက်မရှင်ရင်တော့၊ ခရစ်တော်တရားနဲ့အညီစီ ရင်အုပ်ချုပ်တဲ့ဘုရင် တစ်ပါး မဖြစ်သလို၊ ကက်သလစ်သာသနာတော်က ဂုဏ်ယူအားထားရ တဲ့သား…

သူတော်စင်ဘောင်ဝင်တဲ့ မောင်နှမ (သို့) ပေးဆပ်သူတို့ရဲ့ပျော်ရွှင်ခြင်း

သူတော်စင်ဘောင်ဝင်တဲ့ မောင်နှမ (သို့) ပေးဆပ်သူတို့ရဲ့ပျော်ရွှင်ခြင်း ဘုရားသခင်ရဲ့ အကြံအစည်တော်ကို ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ ဒါကြောင့် မိသားစုတစ်စုထဲကနေ သူတော်စင်ဘောင် ဝင်ကြတဲ့ မောင်နှမ တွေလည်း အများပါပဲ။ ဒါပေမယ့် ဒီခေတ်မှာတော့ သူတော်စင်ဘောင်ကို ဝင်တဲ့သူတွေက အာရှတိုက်မှာ ပိုးအားကောင်း လာလို့ အရင်ခေတ်နဲ့ ပြောင်းပြန် သူတော်စင် အသင်းသူ၊ အသင်းသားတွေကို အနောက်နိုင်ငံ ပြန်ပို့ရတဲ့ ခေတ်ပါ။ ဒါကြောင့် အနောက်နိုင်ငံကနေ မိသားစုထဲက သူတော်စင်အတူ ဝင်ရောက်သူတွေ့ရင် ထူးခြားသတင်းလို ဖြစ်လာပါတယ်။ တကယ်တော့ အာရှမှာလည်း…

St.မက်ဆီမီလီယံမေရီကိုဘေ (Saint Maximilian Mary Kolbe)

ယ​နေ့သြဂုတ်​လ (၁၄) ရက်နေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် St.မက်ဆီမီလီယံမေရီကိုဘေ Friday, August 14, 2020 St.မက်ဆီမီလီယံမေရီကိုဘေ (Saint Maximilian Mary Kolbe) ယ​နေ့သြဂုတ်​လ (၁၄) ရက်နေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် St.မက်ဆီမီလီယံမေရီကိုဘေ ကို မွေး – (၁၈၉၄၊ ဇန္နာဝါရီလ၊ ၈)၊ ပျံလွန် – (၁၉၄၁၊ သြဂုတ်​လ၊ ၁၄)၊ သူတော်စင်တင်မြောက် – (၁၉၇၁)၊ ရဟန္တာ – (၁၉၈၂) ‘မင်းဘယ်လိုဖြစ်လာမယ်ဆိုတာငါမသိဘူး’ ဟုမိမိတို့သားသမီး ၏အခြေအနေကိုကြည့်၍စိတ်ပျက်ခြင်းလော၊ သို့မဟုတ်ခန့်မှန်းရခက်…

” ချစ်သော ဧရာဝတီ ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” ချစ်သော ဧရာဝတီ ” ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက်/တည်းဖြတ် – ဇော်နိုင်ဦး #rvapastoralcare #river #irrawaddy #dolphin #deforestation #goldmine #ချစ်သောဧရာဝတီ Photos Credit – Google Images

ရှင်ကလဲ (Saint Clare) သြဂုတ်လ (၁၁)ရက်နေ့

ရှင်ကလဲ (Saint Clare) သြဂုတ်လ (၁၁)ရက်နေ့ မွေး – (ဇူလိုင်၊ ၁၆၊ ၁၁၉၄)  ပျံလွန် – (၁၂၅၃) ယ နေ့ပွဲနေ့ရှင်ကို “အစီးစီမြို့မှစိန်ဖရန်စစ်၏ပျိုးပင်လေး” ဟုက ဗျာဆန်စွာတင်စားခံရသူဖြစ်ပါသည်။ သူကားနုနယ်ပျိုမျစ်၊ ချောမောလှ ပပြီး၊ ဥစ္စာပေါသောအသိုင်းအဝိုင်း၌လူလားမြောက်ကြီးပြင်း လာခဲ့သူစိန် ကလဲပင် ဖြစ်ပါ သည်။ သူ၏အမည် အပြည့်အစုံမှာ “ကလဲအိုဖရေဒူး ချီ ယို” ဖြစ်သည်။ သူ့အား (၁၁၉၄) ခုနှစ်၊ အစီးစီမြို့၌မွေးဖွားသန့်စင်ခဲ့သည်။ တစ်မြို့တည်း သားစိန်ဖရန်စစ် ၏အတုယူအား ကျဖွယ်ကောင်း…

” ဘုရားရှာခြင်း – အပိုင်း- ၂၁ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၂၁ ” ကိုတင်ဆက်ပေးသွားမှာပါ။

သြဂုတ်(၁၀) စိန့်လောရန့်စ် ပွဲနေ့

Monday, August 10, 2020 သြဂုတ်(၁၀) စိန့်လောရန့်စ် ပွဲနေ့ (St. Lawrence, Deacon & Martyr) စိန့်လောရန့်စ်ဟာ စိန်ပီတာနဲ့ စိန့်ပေါ်တို့လိုပဲ ရောမမြို့ကို စောင့်ရှောက်တဲ့ ရဟန္တာဖြစ်ပြီး ရှေးဦးကက်သလစ် အသင်းတော်မှာ အကြည်ညိုခံရဆုံး ရဟန္တာများထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ရှင်ယောဟန်ကျမ်း ၁၂း၂၄-၂၆မှာ ဖော်ပြထားတဲ့ ဂျုံစပါးစေ့တစ်စေ့ လောက်သာရှိတဲ့ ယုံကြည်ခြင်း မျိုးစေ့နဲ့ အသက်ပေးပြီး မျိုးစေ့ကို မြေပေါ်ကျကာ အပျက်စီးခံတဲ့ ဓမ္မအာဇာနည်တွေထဲမှာ စိန့်လောရန့်စ်လည်း ပါတယ်။ သခင်ယေဇူးက “မိမိအသက်ကို…

” ဆန္ဒမဲ ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” ဆန္ဒမဲ ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် / တည်းဖြတ်- ဇော်နိုင်ဦး Photos Credit: Google Images #rvapastoralcare #Environment #Votereducation #Democracy #Election #righttovote

တရားဟောသူတော်စင်များအသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ စိန်ဒေါမီနစ်၏ပွဲနေ့

တရားဟောသူတော်စင်များအသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ စိန်ဒေါမီနစ်၏ပွဲနေ့ ———————————–သြဂုတ် ၈ရက်နေ့ သြဂုတ်လ ၈ ရက်နေ့ဟာ ဒိုမီနီကန်အသင်းဂိုဏ်းဟု ခေါ်တွင်တဲ့ တရားဟောသူတော်စင်များအသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ စိန်ဒေါမီနစ်ရဲ့ ပွဲနေ့ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ် ၈၀၀ ကျော်မှစတင်လာခဲ့ပြီး အသင်းတော်အတွင်း ပြောင်းလဲမှုကြီးအဖြစ်သာမဟုတ်ဘဲ ဥရောပယဉ်ကျေးမှုကိုပါ ပြောင်းလဲမှုကြီးတစ်ခုဖြစ်စေခဲ့တဲ့ ခေတ်လယ်ပိုင်း-အသိပညာခေတ်ကို စတင်ခဲ့သူအဖြစ် စိန်ဒေါမီနစ်ကို ပြောဆိုသမုတ်ကြပါတယ်။ အသင်းတော်အတွင်းမှာတော့ တရားဟောခြင်း၊ သင်ကြားခြင်း၊ အုပ်ချုပ်စံမံခြင်းစတဲ့ သိက္ခာကြီးသုံးခုဟာ ဆရာတော်တွေသာလျှင် ပိုင်ဆိုင်တာမို့ ဒီနေ့ခေတ်လို ဘုန်းကြီးတွေတရားဟောရခြင်းမရှိသေးပါ။ ဒါ့ကြောင့် စိန်ဒေါမီနစ်က တရားဟောသူတော်စင်များအသင်းလို့ အသင်းဂိုဏ်းအမည်ကိုတင်ပြသောအခါ ကာဒီနယ်ကြီးများက…