rvamyanmar

rvamyanmar

ကိုယ့်ကိုသက်သောင့်သက်သာဖြစ်စေသောသူ

ကိုယ်နဲ့ comfortable ဖြစ်တဲ့သူ အချစ်ရေးပဲ ဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာ တစ်ခုက ကိုယ့်အတွက် သက်တောင့်သက်သာ ရှိစေတဲ့သူပါပဲ~ ကိုယ့်ရဲ့ အရှိကိုအရှိအတိုင်း လက်ခံမယ့်သူ၊ ကိုယ်နဲ့ပတ်သတ်လို့ အကောင်းရောအဆိုးကိုပါ သိသည့်တိုင် ကိုယ့်အပေါ် ဆက်လက်ပြီး ချစ်ခင် နိုင်တဲ့သူတွေဟာ အကောင်းဆုံးပဲလို့ ထင်ပါတယ်~ သူ ဘာနာရီပတ်လဲ၊ ဘယ်ကျောင်းက ဘွဲ့ရလဲ၊ ဘယ်လောက် ချမ်းသာလဲဆိုတာတွေထက် သူနဲ့နေရရင် ကိုယ်ဘယ်လောက် စိတ်အေးလက်အေးရှိလဲ ဟန်ဆောင်စရာမလိုဘဲ စိတ်သက်တောင့်သက်သာရှိသလဲ သူဟာ ကိုယ့်အကြောင်း ဘယ်လောက်နားလည်သလဲ ဆိုတာတွေဟာ အဓိကပဲမဟုတ်လား?…

ပြင်းထန်သော အပူရှပ်ခြင်း

အပူချိန်က ထပ်မံမြင့်တက်ဖို့ ရှိနေတာကြောင့်မို့ ဂရုစိုက်ရမယ့် ကျန်းမာရေးကိစ္စရပ်လေးတွေ ကျွန်တော်တို့မှာ ရှိလို့လာပါတယ်။  ဒါကတော့ ပြင်းထန်သော အပူရှပ်ခြင်း (Heat Stroke) ပါ။ ရိုးရိုးသာမန် အပူရှပ်တာ (Heat exhaustion) ဆိုတာ ကတော့  ရေဓာတ်ခမ်းခြောက်မှု – ရေငတ်၊ ရေဆာ၊ ပင်ပန်း၊ ခေါင်းကိုက်၊ သတိမေ့တာမျိုး။ဆားဓာတ်ခမ်းခြောက်မှု – ပျို့အန်၊ ကြွက်တက်၊ ခေါင်းမူးတာမျိုး။ ဒီလို အပူရှပ်တာမှာ ချွေးကတော့ ထွက်ပါတယ်။ရေများများသောက်တာ နေရောင်အောက်ကို တိုက်ရိုက်မထိတွေ့ပါဘဲ အရိပ်အောက်မှာနေတာ၊ အဝတ်အစားကို ချည်သားနဲ့ အသားရောင်လိုမျိုးဝတ်တာ၊…