
ကိုယ်ချင်းစာ တရား

ကိုယ်ချင်းစာတရားဆိုတာ အိမ်မှာချွေးမ တစ်ယောက်ရောက်လာရင် အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။ ကိုယ့်သမီးလေး သူများကို ပေးစားလိုက်ရရင်တော့ အဲဒီအိမ်မှာသူ့ကို ဖူးဖူးမှုတ်ထား စေချင်တယ်။ ကိုယ်လမ်းလျှောက်တုန်းက ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။ ကိုယ်ကားမောင်းပြန်တော့ လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။ သူများဆီမှာ အလုပ်သမား လုပ်တုန်းက အလုပ်ရှင်ကို ဆိုးတယ်၊ ကပ်တယ်လို့ ပြောဆိုဖူးတယ်။ ကိုယ်အလုပ်ရှင်ပြန်ဖြစ်တော့ အလုပ်သမားတွေ မကြိုးစားဘူးဆိုပြီး ငြူစူပြန်တယ်။ ကိုယ်တိုင်စျေး၀ယ်တုန်းက ဆိုင်ရှင်ကို အမြတ်ကြီးစားတယ်၊ လောဘကြီးတယ်ပြောတယ်။ ကိုယ်ကိုယ်တိုင်ဆိုင်ရှင်ပြန်ဖြစ်တော့ စျေး၀ယ်တွေ ဂျီးများလွန်းတယ်လို့ ထင်မိပြန်တယ် အမှန်တော့ ကျွန်တော်တို့ အားလုံး မမှားကြပါဘူး။…








