rvamyanmar

rvamyanmar

ရောမမြို့ရှိသာသနာတစ်ခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတင်

ရောမမြို့ရှိသာသနာတစ်ခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စွမ်းအင်ချွေတာရေးသတင်းစကားများအား လိုက်နာသောအား​ဖြင့် ရောမမြို့ရှိ ကက်သလစ်သာသနာတစ်ခုက လှုပ်ရှားမှုတစ်ရပ်ကိုစတင်ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် နေရောင်ခြည်သုံး ဆိုလာပြားများတပ်ဆင်ခြင်းနှင့် ဆင်းရဲ သားများအား ဝေမျှကူညီနိုင်မည့် အော်ဂဲနစ်စိုက်ခင်းနှင့်ပန်းခြံဖန်တီးခြင်းတို့ပါဝင်သည်။ Ottavo Colleခရိုင်ရှိ San Vigilio သာသနာသည် ထိုအစီအစဥ်ကိုစတင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Alfio Tiroက “ကျွန်ုပ်တို့ဟာ ပါပါးဖရန်စစ်ရဲ့ Laudato Si စာချွန်တော်အတိုင်း လိုက်နာပူးပေါင်းကြခြင်းဖြစ်တယ်” ဆိုပြီး ဖော်ပြခဲ့သည်။ တစ်ဖန် “သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုဟာ အလျင်အမြန်ဖြစ်ပေါ်နေပြီး ထိခိုက်မှုကင်းသောစွမ်းအင်စနစ်များကို စတင်အသုံးပြုကြရန်အရေး ကြီးကြောင်းကိုလည်းတိုက်တွန်းခဲ့သည်။ အာဗီအေဘာသာပြန်-…

စစ်ပွဲသည် ရူးသွပ်မိုက်မဲမှုတစ်ခုသာဖြစ်ကြောင်း ပုပ်ဖရန်စစ်မိန့်ကြား

စစ်ပွဲသည် ရူးသွပ်မိုက်မဲမှုတစ်ခုသာဖြစ်ကြောင်း ပုပ်ဖရန်စစ်မိန့်ကြား ဗာတီကန်၌ပြုလုပ်သော ပုပ်ရဟန်း မင်းကြီး၏အပတ်စဥ်လူထုတွေ့ဆုံခြင်းအခမ်းအနား၌ “စစ်ပွဲများကြားရှိ မိတ်ဆွေများကို မမေ့ကြရန်” ပုပ်ရဟန်းမင်းကြီးဖရန်စစ်က တောင်းဆိုလိုက်သည်။ “စစ်ပွဲသည်ရူးသွပ်မိုက်မဲမှုသာဖြစ်ပြီး ဆုံးရှုံးမှုသာလျှင်ဖြစ်ကြောင်း” ယူကရိန်းနှင့်ဂါဇာကမ်းမြှောင်ဒေသရှိ ပဋိပက္ခများနှင့်စပ်လျဥ်း၍မိန့်ကြားခဲ့သည်။ ထို့နောက် ဘုရားဖူးများနှင့်ဘာသာဝင်အပေါင်းတို့အား ယူကရိန်း၊ပါလက်စတိုင်း၊ အစ္စရေးနှင့်ကမ္ဘာပေါ်ရှိစစ်ပွဲများအကြားရှိ လူသားတို့အတွက် ဆုတောင်းရန်ဖိတ်ခေါ်ခဲ့သည်။ အာဗီအေဘာသာပြန်- Agnes Lawh Lun

ခရစ်ယာန်များကိုနှိပ်စက်ညှင်းပန်းမှုများအား ရပ်တန့်ရန် ပုပ်ဖရန်စစ် ပန်ကြား

ခရစ်ယာန်များကိုနှိပ်စက်ညှင်းပန်းမှုများအား ရပ်တန့်ရန် ပုပ်ဖရန်စစ် ပန်ကြား တနင်္လာနေ့က ဗာတီကန်၌ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ပုပ်ရဟန်းမင်းကြီးသည် ခရစ်ယာန်များအား အမုန်းတရားဖြင့် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် ပန်ကြားတော်မူခဲ့သည်။ “လွန်ခဲ့သောလအနည်းငယ်မှ ခရစ်ယာန်မုန်းတီးရေးတိုက်ခိုက်မှုများကို စိတ်မကောင်းဖွယ်ကြားသိရကြောင်း၊ထိုအမုန်းတရားများကို မောင်နှမစိတ်ဓာတ်အခြေခံသောပညာပေးအစီအစဥ်များနှင့်ဘာသာတရားနှီးနှောဖလှယ်ခြင်းဖြင့် အစားထိုးရန် လိုအပ်နေကြောင်း” အရှေ့အလယ်ပိုင်းဒေသရှိပဋိပက္ခများအား ကိုးကား၍ သုံးသပ်တော်မူသည်။ ထို့အပြင် အရှင်သူမြတ်သည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြင့်တက်လာသော ခရစ်ယာန်မုန်းတီးမှုနှင့်ဆက်နွယ်သည့် အကြမ်းဖက်မှုများကို စိုးရိမ်မိကြောင်းနှင့် “ခရစ်ယာန်သာသနာစတင်ထွန်းကားရာနိုင်ငံများ၌ပင် ဖြစ်ပွားနေသော အဆိုပါ ခွဲခြားဆက်ဆံမှုများအကြောင်း”မီးမောင်းထိုးပြခဲ့သည်။ ကမ္ဘာတစ်ဝှမ်းတွင် ခရစ်ယာန် သန်းပေါင်း ၃၆၀ ထက်မနည်းသည် သူတို့၏ယုံကြည်ခြင်းကြောင့်…

အငှားကိုယ်ဝန်ဆောင်မှုကို တားဆီးရန် ပုပ်ဖရန်စစ်ပန်ကြား

အငှားကိုယ်ဝန်ဆောင်မှုကို တားဆီးရန် ပုပ်ဖရန်စစ်ပန်ကြား ယနေ့ခေတ်တွင် တွင်ကျယ်လာသော အငှားကိုယ်ဝန်ဆောင်ခြင်းအလေ့အထကို ကမ္ဘာတစ်ဝှမ်းတွင် ကန့်သတ်ရန်ပုပ်ရဟန်းမင်းကြီးက ပန်ကြားတော်မူသည်။ တနင်္လာနေ့က ကျင်းပသော လူထုတွေ့ဆုံမှုတွင် ဗာတီကန်၏ဥပဒေပြုရေးအဖွဲ့ဝင်များပါဝင်သော ပရိတ်သတ်ကို ပုပ်ဖရန်စစ်က အောက်ပါအတိုင်းပန်ကြားခဲ့သည်။ “ငြိမ်းချမ်းရေးလမ်းးစဥ်သည် လူသားတစ်ဦးစီအား လေးစားခြင်းဖြစ်ပြီး မိခင်၏ဝမ်းထဲရှိ သန္ဓေသားအား လေးစားခြင်းလည်း ဖြစ်ကြောင်း၊ မိခင်နှင့်ကလေး၏ဖြစ်တည်မှုအား လိုသလို ထိန်းချုပ်ခြင်းမှာ မဖြစ်သင့်ကြောင်း”မိန့်ကြားခဲ့သည်။ ထို့အပြင် “ကလေးတစ်ယောက်သည် ဘုရားထံမှလာသော လက်ဆောင်ဖြစ်ပြီး သဘောတူညီချက်စာချုပ်ပါ အရာတစ်ခုမဟုတ်ကြောင်း၊ထို့ကြောင့် မိခင်ဘဝနှင့်ရင်သွေးအသက်ကို အလွဲသုံးစားပြုမှုအား နိုင်ငံတကာမှ တားဆီးရန်” အရှင်သူမြတ်က မီးမောင်းထိုးပြတော်မူသည်။ အငှားကိုယ်ဝန်ဆောင်ခြင်းသည်…

နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ

နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ မကြာမီက နီဂါရာဂွာအာဏာရှင်အစိုးရဖြုတ်ချရေး၌ပါ၀င်ခဲ့သော ကက်သလစ်သာသနာမှဘုန်း တော်ကြီး (၁၁) ပါးနှင့် Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora Ortega တို့သည် ထောင်ချခံလိုက်ရသည်။ ဒီဇင်ဘာ (၂၉) နှင့် (၃၀) ညများ၌ Managua ဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ဘုန်းတော်ကြီး (၆) ပါးကိုဖမ်းဆီးခဲ့သည်။ ထိုရက်များမတိုင်မီအစောပိုင်းကလည်း Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora…

သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းကို လူသတ်မှုဟုရုရှားသြသိုဒေါစ်ကြေညာ

သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းကို လူသတ်မှုဟုရုရှားသြသိုဒေါစ်ကြေညာ ရုရှားဩသိုဒေါစ်သည် ဘာသာရေးခေါင်းဆောင် Patriarch Kirill ၏ဦးဆောင်မှုကိုခံယူလျှက်ရှိသည်။ အဆိုပါခေါင်းဆောင်က သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းနှင့်စပ်ဆိုင်သည့်လုပ်ဆောင်မှုအားလုံးသည် လူသတ်မှုဖြစ်သည်ဟုကြေညာခဲ့သည်။ ဤကြေညာချက်သည် သမ္မတအိမ်တော်မှကြေညာချက်နှင့်ဆန့် ကျင်နေသည်။ ဘာသာရေးကိုဦးစီးလမ်းညွှန်သောအဖွဲ့ကမည်သည့်နည်းလမ်းဖြင့်သန္ဓေဖျက်ချခြင်းကိုမဆို ဆန့်ကျင် သည်။ ထို့ကြောင့် ရှရုားသမ္မတပူတင်၏အမျိုးသမီးများကိုယ်၀န်ဖျက်ချနိုင်သည့်အခွင့် အရေးကိုအောင့်သက်သက်ဖြစ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးခေါင်းဆောင်တို့၏ကြေညာချက် သည် မည်သည့်အသွင်ဖြင့်မဆိုကိုယ်၀န်ဖျက်ချလျှင် လူသတ်မှုမြောက်သည်ဟုကြေညာသောကြောင့်ဖြစ် သည်။ အမျိုးသမီးတို့၏အခွင့်အရေးကိုကာကွယ်ခြင်းသည်အဘယ်မျှအရေးပါကြောင်းကိုဖော်ပြရန် ပူတင်က ရှရုား၌ကိုယ်၀န် (၁၂) ပတ်မှသည်အချို့အခြေအနေ၌ (၂၂) ပတ်အထိဖျက်ချခွင့်ပြုထားသည်။ အတိုင်းအ တာတစ်ခုအထိ ပူတင်၏ခွင့်ပြုချက်ရထားသော်လည်း ရုရှားဩသိုဒေါစ်အနေဖြင့်ကိုယ်၀န်ဆောင်မိခင်များအားမွေးဖွားရန်အခက်အခဲရှိနေသူများကိုကူညီပေးလျှက်ရှိသည်။…

ဂျေရုဆလင်မှအာမေးနီးယန်းဘာသရေးခေါင်းဆောင်များတိုက်ခိုက်ခံရ

ဂျေရုဆလင်မှအာမေးနီးယန်းဘာသရေးခေါင်းဆောင်များတိုက်ခိုက်ခံရ ဂျေရုဆလင်၌အခြေဆိုက်သည့် အာမေးနီးယန်းဘာသာရေးခေါင်းဆောင် Chancellor Aghan Gogchyan ၏သတင်းပေးပို့ချက်၌ အာမေးနီးယန်းဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများ၊ ရဟန်းလောင်းကိုရင်များနှင့်ဘာသာတူများအားရည်ရွယ်ချက်ရှိရှိ အင်အားများဖြင့်တိုက်ခိုက်ခဲ့သည်ဟုဆိုပါသည်။ ဤတိုက်ခိုက်ခြင်းကြောင့် ဆိုးရွားစွာဒဏ်ရာများရရှိခဲ့ကြကြောင်၊ ငြုပ်ကောင်းဖျန်းဆေးဗူးနှင့်ဓာတုပစ္စည်းများကိုလည်းအသုံးပြုထားကြောင်း၊ ဒဏ်ရာရရှိသော ဘာသာရေးခေါင်း ဆောင်များနှင့်သင်တန်းသားများအားဆေးရုံသို့ပို့ဆောင်ထားရသည်ဟုဆိုသည်။ ယခုတိုက်ခိုက်မှုသည် ပိုင်ဆိုင်မှုနှင့်စပ်လျင်း၍အငြင်းပွားနေသောကိစ္စနှင့်ပတ်သက်နေကြောင်း၊ ယခုအခင်းဖြစ်ပွားရာ၌ ထိုဒေသ၌နေထိုင်သော အစွန်းရောက်အီစ္စရေးလူမျိုး (၃၀) ပါသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မျက်နှာဖုံးအုပ်ကာ ၀တ်စုံအနက်ကို၀တ်ဆင်ထားကြကြောင်း၊ လက်နက်ကိုယ်စီဆောင်ထားကြောင်း၊ တိုက်ခိုက်သူများသည် နွားခြံထဲသို့၀ါရုန်းသုံးကား၀င်ရောက်လာပြီး တိုက်ခိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ချိန်၌ရိုက်ယူထားသောဗွီဒီယိုကို လူမှုကွန်ရက်ပေါ်တွင်တင်ထားပေးကြောင်းပြောသည်။ မွန်းလွဲ (၁) နာရီမထိုးမီချိန်လေး၌ တုတ်၊ ဓား၊ မျက်ရည်ယိုဗုံးများကိုယ်စီကိုင်ဆောင်ထားသူတို့သည် ခြံထဲသို့…

ကင်ညှာ၌ရေကြီးတောင်ပြိုမှုကြောင့် လူ (၁၇၀) ကျော်အသက်ဆုံးရှုံး

ကင်ညှာ၌ရေကြီးတောင်ပြိုမှုကြောင့် လူ (၁၇၀) ကျော်အသက်ဆုံးရှုံး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကင်ညှာ၌ လူ (၁၇၀) ကျော်အသက်ဆုံးရှုံးပြီး လူ (၆၀၀၀၀၀) ကျော်ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရကြောင်း ကြက်ခြေနီအသင်းမှတရား၀င်ထုတ်ပြန်ထားသည်။ ယခု ကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဖရိကအရှေ့ပိုင်းဒေသသို့ လူသားချင်းကူညီသောအကူအညီများမပေးပို့နိုင်သည်မှာ နို၀င်ဘာလကတည်းကပင်ဖြစ်သည်။ လမ်းများ၊ တံတားများစွာလည်းပျက်စီးသွား၍ သွားလာရန်ခက်ခဲနေသည်။ အိမ်များ၊ လယ်များ၊ အိမ်မွေးတိရစ္ဆာန်များများစွာလည်းရေစီးထဲမျောပါကုန်ကြသည့်ပြည်သူများစွာရှိသည်။ ပြီးခဲ့သောကြာသပတေးနေ့၌ ကင်ညှာစစ်တပ်မှပိတ်မိနေသောပြည်သူများအားခက်ခဲစွာကယ်ဆယ်ခဲ့သည်။ ကင်ညှာအခြေဆိုက်ကြက်ခြေနီအသင်း၏လူမှုကွန်ရက်၌ မိသားစု (၁၅၂၆၃) စုအိုးအိမ်မဲ့သွားခဲ့ရကြောင်း၊ (၁၅) ဦးမှာမတော်တဆဖြစ်ပွားပြီးအသက်ဆုံးရှုံးခဲ့ရကြောင်း၊ အိမ်မွေးတိရစ္ဆာန် (၁၀၆၇) ကောင် သေဆုံးခဲ့သည်။ စိုက်ပျိုးမြေ (၂၄၁) ဧကပျက်စီးသွားခဲ့သည်။ ယခုဖြစ်စဉ်သည်…

အမိမယ်တော်၏အမည်နာမနောက်ကွယ်မှအံ့ဩဖွယ်အဓိပ္ပါယ်

အမိမယ်တော်၏အမည်နာမနောက်ကွယ်မှအံ့ဩဖွယ်အဓိပ္ပါယ် အမိမယ်တော်၏အမည်မှာ အင်္ဂလိပ်လို ‘မေရီ’ ဖြစ်ပြီး လာတင်းလို ‘မာရိယာ’ ဖြစ်ကြောင်း သံလုကာ၏ဧ၀ံဂေလိကျမ်းစာ၌ဖော်ပြထားသည်။ ဤအမည်သည် ရှေးကျလှသောအမည်ဖြစ်သည်။ စက်တင်ဘာလ (၈) ရက် မယ်တော်အားမွေးဖွားသန့်စင်ပြီးနောက် မယ်တော်၏မိဘနှစ်ပါးက ‘မေရိ (သို့) မာရိယာ’ ဟုအမည်မှည့်ရန်ဆုံးဖြတ်ခဲ့ကြသည်။ မယ်တော်အားအမည်မှည့်သည့်ပွဲကို စက်တင်ဘာ လ (၁၂) ရက်နေ့တွင်ကျင်းပပါသည်။ မယ်တော်၏မိဘနှစ်ပါးသည် ဘုရားသခင်သူတို့အားဗျာဒိတ်ပေး သည့်အတိုင်းပင်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရားပေးသောအမည်ကား ကာလအဆက်ဆက်ခေါ်တရသောအမည်ဖြစ်သည်။ သမ္မာကျမ်းလာအမည်များကဲ့သို့ပင် အမိမယ်တော်၏အမည်သည်လည်း အနက်အဓိပ္ပါယ်ရှိပါ သည်။ ၀ိညာဉ်ရေးအသက်တာနှင့်လည်းအဆက်အစပ်ရှိသည်။ ဟေဘရူးဘာသာစကားအားဖြင့် ‘မေရိ (သို့) မာရိယာ’ ကို…