
တဝက်တပျက်လုပ်တတ်တဲ့အကျင့်ကို ပြင်ပါ

တဝက်တပျက်လုပ်တတ်တဲ့ အကျင့်ဆိုး ဟိုကိစ္စနည်းနည်း ဒီကိစ္စနည်းနည်း တဝက်တပျက် မစို့မပို့လုပ်တတ်တဲ့သူဟာ အတိုအစတွေ လိုက်ကောက်သိမ်းရင်း နိဂုံးချုပ်ရစမြဲဘဲ။ အလုပ်တခုဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာဆိုရင် သေချာ လုပ်သင့်တယ် ပိုအရေးကြီးတာက စမိတဲ့အလုပ်ကို ပြီးစီးအောင် ဆောင်ရွက်ဖို့ပါ။ သည်နေရာမှာ စိတ်ဓာတ်က စကားပြောပါတယ်။ အောင်မြင်ပေါက်မြောက်နေတဲ့သူတွေကို ကြည့်လိုက်ရင် ကိုယ်လုပ်မိသမျှကို လက်စသတ်တတ်တဲ့ အလေ့အကျင့်ရှိသူတွေချည်းဆိုတာ တွေ့လာရပါလိမ့်မယ်။ တစ်ဝက်တစ်ပျက်အလုပ်နဲ့ အောင်မြင်မှုဟာ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပါတယ်။ အချို့လူတွေဟာ ကြီးကြီးကျယ်ကျယ် ကြံစည်တတ်ကြတယ်။ မိမိအကြံအစည်ကို ကြီးကျယ်သထက် ကြီးကျယ်အောင် ကြေညာတတ်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ အကြံအစည်အပေါ်…









