“ကျွန်ုပ်တို့၏ ယုံကြည်စွဲလမ်းမှုများအတွင်း၌ သောင်တင်မနေဘဲ ခရစ်တော်ထံ ပွင့်လင်းစွာ တံခါးဖွင့်ထားကြပါစို့”။

“ကျွန်ုပ်တို့၏ ယုံကြည်စွဲလမ်းမှုများအတွင်း၌ သောင်တင်မနေဘဲ ခရစ်တော်ထံ ပွင့်လင်းစွာ တံခါးဖွင့်ထားကြပါစို့”။

အာဗီအေမြန်မာ၊၂၄၊၈၊၂၀၂၆။

ဩဂုတ် ၂၃ တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်၌ ကျင်းပခဲ့သည့် အိန်ဂျေလူး (Angelus) မေတ္တာဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကျွန်ုပ်တို့၏ ဘဝနှင့် ကမ္ဘာကြီးကို ပြောင်းလဲစေရန်အတွက် ယေဇူး ခရစ်တော်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကို နေ့စဉ်နှင့်အမျှ သစ်လွင်အောင် တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

“ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် ယုံကြည်စွဲလမ်းမှုတွေနဲ့ ဘာသာရေးဆိုင်ရာ သေချာရေရာမှုတွေထဲမှာ တင်းတိမ် မနေပဲ ခရစ်တော်နဲ့ စစ်မှန်တဲ့ ဆက်ဆံရေးရှိဖို့ ပွင့်လင်းစွာ တံခါးဖွင့်ထားကြပါစို့” ဟု ရင်ပြင်အတွင်း စုဝေးရောက်ရှိနေသည့် လူထုကြီးအား မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီး၏ မိန့်ခွန်းပါ အဓိကအချက်များမှာ –

• ကြားဖူးနားဝဖြင့် မတင်းတိမ်ရန် – ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သက်၍ သာမန်ကြားဖူးနားဝ သို့ မဟုတ် လက်ဆင့်ကမ်း ယူဆချက်များဖြင့် တင်းတိမ်မနေဘဲ ခရစ်တော်နှင့် ရင်းနှီးသော မိတ်ဆွေဖွဲ့မှုမှ တစ်ဆင့် ပုံသွင်းခံယူရန် ခေါ်ဖိတ်ထားသည်။

• အရာရာကို သိပြီးသားဟု မထင်ရန် – “ငါ့ကို မည်သူဟု ဆိုကြသနည်း” ဟူသော ခရစ်တော်၏ မေးခွန်းကို ဆင်ခြင်ပြီး ယုံကြည်ခြင်းကို သာမန်အလေ့အထတစ်ခုအဖြစ် လျှော့မချဘဲ ဧဝံဂေလိ တရား တော်ကို စဉ်ဆက်မပြတ် ပြန်လည်ရှာဖွေရန် လိုအပ်သည်။

• လမ်းသစ်များကို လျှောက်လှမ်းရန် – ခရစ်တော်နှင့် ဆက်ဆံရေးကို သစ်လွင်စေခြင်းသည် တစ်ဦးချင်း ဘဝတွင်ရော သာသနာတော်၏ ခရီးစဉ်၌ပါ မထင်မှတ်ထားသော နည်းလမ်းသစ်များနှင့် ရွေးချယ်မှု များကို ပြုလုပ်ရန် တောင်းဆိုနိုင်ကြောင်း ထောက်ပြခဲ့သည်။

နေ့စဉ်ဘဝ၌ တွေ့ကြုံရသည့် ဒဏ်ရာများနှင့် လိုအပ်ချက်များကို ကူညီရင်း ခရစ်တော်သည် သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးမျှသာမဟုတ်ဘဲ မိမိဘဝကို ပြောင်းလဲပေးနိုင်သော ဘုရားသခင်၏ တပါးတည် သောသားတော် ခရစ်တော်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိနိုင်ကြပါစေကြောင်း ပုပ်ရဟန်းမင်းကြီးက မြွက် ကြားခဲ့ပါသည်။

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

#PopeLeoXIV #Angelus #VaticanNews #CatholicChurch #BurmeseNews

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-08/pope-leo-xiv-angelus-faith-jesus-christ-relationship-church.html

rvamyanmar
rvamyanmar
Articles: 4178

Leave a Reply

Your email address will not be published. Required fields are marked *