
ကွန်ဂိုနိုင်ငံရှိ အီဘိုလာ ရောဂါသည်များအတွက် အပြည်ပြည်ဆိုင်ရာ ကူညီပံ့ပိုးမှုပေးရန် ပုပ်ရဟန်း မင်း ကြီး တောင်းဆို။

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ (DRC) တွင် ဖြစ်ပွားနေသော အီဘိုလာ (Ebola) ရောဂါကူးစက်မှုနှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) ၌ ဖြစ်ပွားခဲ့သော သတ္တုတွင်း ပြိုကျမှုမှ ဘေးသင့်ပြည်သူများအတွက် အပြည်ပြည်ဆိုင်ရာမှ ဝိုင်းဝန်းကူညီကြရန် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က တနင်္ဂနွေနေ့ အိန်ဂျေလူး (Angelus) မေတ္တာဆိုခြင်း၌ တိုက်တွန်းလိုက်ပါသည်။
ပုပ္ပါးရဟန်းမင်းကြီး မိန့်ကြားခဲ့သည့် အဓိကအချက်များမှာ –
• အီဘိုလာ ရောဂါသည်များအတွက် ကူညီရန် – ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ DRC တွင် အသက် ပေါင်းများစွာ သေဆုံးနေရသည့် အီဘိုလာ ရောဂါကူးစက်မှုကို ကာကွယ်ရန်အတွက် ဒေသခံအသိုင်း အဝိုင်းများပါဝင်သော ကူညီပံ့ပိုးမှုများကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အရေးတကြီး ဆောင် ရွက်ပေးကြရန် တောင်းဆိုခဲ့ပါသည်။
• သတ္တုတွင်း ပြိုကျမှုမှ ဘေးသင့်သူများအတွက် ဆုတောင်းပေးခြင်း – ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဇမ်ဘွိုင် (Zamboyé) ရှိ ရွှေတွင်းပြိုကျမှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ပြောကြား ခဲ့ပြီး သတ္တုတွင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆုတောင်းပေး ခဲ့သည်။
ရောဂါအခြေအနေနှင့် ဖြစ်စဉ်အကျဉ်း –
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က DRC နှင့် ယူဂန်းဒါးနိုင်ငံတို့တွင် အီဘိုလာ ရောဂါဖြစ်ပွားမှုကို ၂၀၂၆ ခုနှစ်၊ မေလ၌ ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။
• လက်ရှိအချိန်အထိ အတည်ပြုလူနာ ၅,၃၀၀ ကျော်အနက် လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ပြီး စစ်မက်ဖြစ်ပွားနေသည့် ဒေသများတွင် ကာကွယ်ရေးလုပ်ငန်းစဉ်များ ခက်ခဲလျက်ရှိသည်။
• ဩဂုတ်လ ၁၈ ရက်နေ့က CAR ရှိ ဇမ်ဘွိုင်ရွှေတွင်း ပြိုကျမှုကြောင့် လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးခဲ့သည်။
#PopeLeoXIV #DRCEbola #VaticanNews #CatholicChurch #BurmeseNews #WorldNews
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/en/pope/news/2026-08/pope-leo-xiv-appeal-ebola-outbreak-dr-congo.html



