
ဒုတိယဗာတီကန်ကောင်စီသည် ခရစ်တော်နှင့် မိတ်ဆွေဖွဲ့ရန်ကျွန်ုပ်တို့ကို ခေါ်နေသည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဒုတိယဗာတီကန် ကောင်စီ (Second Vatican Council) ဆိုင်ရာ ဓမ္မပညာသင်ကြားမှု အစီအစဉ်ကို ဆက်လက်ပြု လုပ်ခဲ့ပါသည်။ ယခုအပတ်တွင် ကောင်စီ၏ အလှပဆုံးနှင့် အရေးကြီးဆုံး စာတမ်းတစ်ခုဖြစ်သည့် ဘုရားသခင်၏ ဗျာဒိတ်တော်ဆိုင်ရာ သာသနာ့အခြေခံဥပဒေ ‘Dei Verbum’ အကြောင်းကို အလေးပေး မိန့်ကြားခဲ့သည်။ “အစေခံသည် မိမိအရှင်ပြုသမျှကို မသိသောကြောင့် ငါသည် သင်တို့ကို အစေခံဟူ၍ မခေါ်တော့ပြီ။ ငါသည် သင်တို့ကို မိတ်ဆွေဟူ၍…








