rvamyanmar

rvamyanmar

မစနောက်ပါနဲ့

ကျမ တို့မြန်မာလူမျိုးတွေဟာ စ နောက်ရတာကို နှစ်သက်ကြပါတယ်။ အဲလို စ နောက်တာ/နောက်ပြောင်ကျီ စယ်တာက တစ်ယောက်နဲ့တစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေတယ်လို့ ထင်နေကြတာဟာ လုံးဝ မှားယွင်းတဲ့ ခံယူချက်ပါပဲ။ စနောက်ခြင်းရဲ့ အဆုံးသတ်က ဒေါသနဲ့ ရန်ပွဲ/ခင်မင်မှု ပျက်ပြားရခြင်းပဲ ဖြစ်လာပါတယ်။ ဒါကြောင့် လူကြီးပဲဖြစ်ဖြစ် /ကလေးကိုပဲဖြစ်ဖြစ် လုံးဝ မစ နောက်သင့်ပါဘူး။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို စ တဲ့အခါ နစ်နာစေလိုတဲ့ ရည်ရွယ်ဆိုးကြီး ရှိမနေတာတော့ အမှန်ပါပဲ။ ကိုယ်စလိုက်တာကို ကလေးက တစ်ကယ်ထင် သွားတဲ့ အမူအရာ…

ကိုယ့်အတွက် အသက်ရှင်ပါ

လူရယ်လို့ ဖြစ်လာရင်.. သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။ သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။ ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။ သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား.. လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊ ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့ သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။ သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။ သိထားဖို့က သူများပါးစပ်ဖျားပေါ်က သင် ဟာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သင်အစစ်အမှန် မဟုတ်ပါဘူး။ လူဆိုတာ. မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊ နားပေါက်ချင်းတူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊…