
စစ်ပွဲအတွင်းရှိ ကလေးသူငယ်များကို အကာအကွယ်ပေးရန် ရဟန်းမင်းကြီးရုံးတော်မှ အရေးပေါ် တိုက် တွန်း။

ကမ္ဘာ့မိသားစုကြီးအနေနဲ့ ထိခိုက်လွယ်ဆုံးသူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်နေကြတယ်လို့ ရဟန်းမင်းကြီးရုံးတော်က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပေးပို့တဲ့ ထိထိရောက်ရောက်ရှိလှတဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရဟန်း မင်းကြီးရုံးတော်ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းအကဲခတ်အဖွဲ့က လက်နက်ကိုင်ပဋိပက္ခတွေကြား ပိတ် မိနေတဲ့ ကလေးသူငယ်တွေကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်း အဝိုင်းအနေ နဲ့ ချက်ချင်းလက်ငင်း ပိုမိုကြိုးပမ်းဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
ကလေးသူငယ်များသည် ခိုလှုံရာနေရာများ ဖြစ်သင့်သည့် နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာ သာရေးဝတ်ပြုရာနေရာများတွင် သေဆုံး၊ ဒဏ်ရာရနေကြရပြီး ခေတ်သစ်စစ်ပွဲများ၏ ဒဏ်ကို အဆိုး ရွားဆုံး ခံစားနေရသည်။ ကလေးသူငယ်များကို စစ်ထဲသွင်းခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အလွဲသုံးစား ပြုလုပ်ခြင်း စသည့် မြင့်တက်လာသော ဖြစ်ရပ်များကို ဗာတီကန်က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ ဤသို့ သော ထိတ်လန့်ဖွယ်ရာများသည် ဘုရားသခင်ပေးသနားထားသည့် လူသားဂုဏ်သိက္ခာကို စော်ကား ခြင်းဖြစ်ကာ စစ်ပွဲ၏ ဘေးထွက်ဆိုးကျိုး သာမန်ထိခိုက်မှုအဖြစ် ပေါ့ပေါ့တန်တန် သဘောမထား သင့် ကြောင်း ဖော်ပြခဲ့သည်။ စစ်ရေးလုပ်ငန်းစဉ်များတွင် ဉာဏ်ရည်တု (AI) နှင့် လူမဲ့မောင်းနှင်စနစ်များကို ပေါင်းစပ်အသုံးပြုလာခြင်းအပေါ် ရဟန်းမင်းကြီးရုံးတော်က ကြီးမားသော စိုးရိမ်ပူပန်မှုများကို ထုတ် ဖော်ခဲ့သည်။ လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် ဆုံးဖြတ်ချက်များတွင် နည်းပညာ သည် “ကိုယ်ကျင့်တရားဆိုင်ရာ ဝေဖန်ပိုင်းခြားမှု” ကို မည်သည့်အခါမျှ အစားမထိုးနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ မိန့်မှာချက်ကို ကိုးကား၍ ကမ္ဘာ့ခေါင်းဆောင်များကို သတိပေးခဲ့သည်။ နိုင်ငံများအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို အပြည့်အဝ လိုက်နာရန်နှင့် လူဦးရေထူထပ်သော ဒေသများတွင် ပေါက်ကွဲစေတတ်သော လက်နက်များ အသုံးပြု ခြင်းကို ဆန့်ကျင်သည့် ၂၀၂၂ ခုနှစ် နိုင်ငံရေးကြေညာချက်ကို အတည်ပြုထောက်ခံကြရန် တိုက်တွန်း ထားသည်။ ”ကလေးသူငယ်များ၏ ဆင်းရဲဒုက္ခအပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်ဆောင်ရွက်မှုသည် နိုင်ငံတ ကာဥပဒေအပေါ် မည်မျှအလေးထားမှုရှိကြောင်းနှင့် လူသားတစ်ဦးချင်းစီ၏ ဘုရားသခင်ပေးသနား ထားသော လူသားဂုဏ်သိက္ခာကို မည်မျှလေးစားကြောင်း ပြသသည့် ပြညွှန်းချက်တစ်ခု ဖြစ်လိမ့်မည်။”
Fr. Peter Kyi Maung
Photo Credit : Vatican News
#InternationalNews #Vatican #HolySee #HumanRights #ProtectTheChildren #UnitedNations #Peace


