ဗင်နီဇွဲလားမြေငလျင်ဘေးအတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မှ ကမ္ဘာတစ်ဝန်း ဆုတောင်း ပေးကြ ရန်နှင့် ကူညီကြရန် တိုက်တွန်း။

ယခုသီတင်းပတ်အတွင်း ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ နှင့် ၇.၅ အဆင့်ရှိ အင်အား ပြင်း မြေငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေမှာ စိတ်မကောင်းဖွယ်ရာ ၁,၅၀၀ နီးပါးအထိ မြင့်တက် လာခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) က အကျပ်အတည်းကြုံတွေ့နေရသည့် အဆိုပါနိုင်ငံအား ဝိုင်းဝန်းကူညီကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်သည်။

အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည့် လာဂွိုင်ရာ (La Guaira) ကဲ့သို့သော ဒေသများတွင် ကယ်ဆယ်ရေး အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ မနားတမ်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေကြသော်လည်း လက်ရှိအချိန်အထိ လူပေါင်း ၇၀,၀၀0 ခန့် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ခန့်မှန်းရသည်။

စာနာစာနာမှုနှင့်အတူ ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားချက်

ပုပ်ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့က Angelus ဝတ်ပြုဆုတောင်းပွဲတွင် စပိန်ဘာသာစကားဖြင့် မိန့် ကြားခဲ့ပြီး ဘေးဒုက္ခကြုံတွေ့နေရသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအတွက် မိမိအနေဖြင့် ထပ်တူထပ်မျှ ခံစားရကြောင်း ယခုလို မိန့်ကြားခဲ့သည် –

“မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဗင်နီဇွဲလားနိုင်ငံက ညီအစ်ကို မောင်နှမတွေနဲ့အတူ ထပ်တူထပ်မျှ ရှိနေပါတယ်… ကွယ်လွန်သွားသူတွေ ငြိမ်းချမ်းစွာ အနားယူနိုင်ဖို့ ဘုရားသခင်ထံ ဆုတောင်းပေးရင်း၊ ကျန်ရစ်သူ မိသားစုဝင်တွေ၊ ဒဏ်ရာရရှိသူတွေနဲ့ ဒီအဖြစ်ဆိုးကြောင့် စိတ်ဒဏ်ရာရခဲ့သူတွေ အားလုံးအတွက်လည်း ကျွန်ုပ် ဆုတောင်းပေးနေပါတယ်”

ထို့ပြင် ပုပ်ရဟန်းမင်းကြီးသည် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၏ ကြိုးပမ်းမှုကို အထူးကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပြီး ကာဒီနယ်အဖွဲ့ (College of Cardinals) တစ်ခုလုံးကလည်း ဗင်နီဇွဲလားပြည် သူများအတွက် တစ်စိတ်တစ်ဝမ်းတည်း ဆုတောင်းပေးနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်

ဗာတီကန်စီးတီးသည် လက်ရှိလုပ်ဆောင်နေသော ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်း များအတွက် အရေးပေါ်အကူအညီများကို အမြန်ဆုံး စီစဉ်ပေးခဲ့သည် -
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မြောက်သည် ဘေးဒဏ်သင့်ပြည်သူများနှင့် မိသားစုများအတွက် ကနဦးလှူဒါန်းမှုအဖြစ် ယူရို ၁၀၀,၀၀၀ ကို ချက်ချင်း ပေးပို့လှူဒါန်းခဲ့သည်။
အဆိုပါ အကူအညီများကို Apostolic Almoner’s ရုံးမှတစ်ဆင့် ဒေသခံ ဂိုဏ်းချုပ်ဆရာတော်တော်ကြီးများနှင့် ပူးပေါင်းကာ စီမံခန့်ခွဲသွားမည်ဖြစ်သည်။
ဗင်နီဇွဲလား နိုင်ငံတစ်ဝန်းရှိ ကက်သလစ်လူထုနှင့် ကာရီတပ်စ် (Caritas) ပရဟိတကွန်ရက်များသည် နေရပ်စွန့် ခွာရသည့် မိသားစုများအတွက် ယာယီခိုလှုံရာနေရာများနှင့် အရေးပေါ်အကူအညီများ ပေးအပ်ရန် သာသနာ့အဆောက်အအုံများကို ချက်ချင်း ဖွင့်လှစ်ပေးထားသည်။
ဘေးဒဏ်သင့်ပြည်သူများ၊ ပျောက် ဆုံးနေသူများနှင့် အပျက်အစီးများကြားတွင် အသက်စွန့်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ရဲရင့်သော ကယ်ဆယ်ရေးအဖွဲ့ဝင်များအားလုံးအတွက် အတူတကွ ဆုတောင်းပေးကြပါစို့။

#PrayForVenezuela #Venezuela #PopeLeoXIV #BreakingNews #HumanitarianAid #Caritas

Fr. Peter Kyi Maung

Photo Credit: Vatican News

https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-venezuela-appeal-prayers-death-toll.html

rvamyanmar
rvamyanmar
Articles: 4036

Leave a Reply

Your email address will not be published. Required fields are marked *