စိပ်ပုတီးမယ်တော်သခင်မပွဲနှင့် မယ်တော်ခန်းမကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ။

မြန်မာနိုင်ငံ အလယ်ပိုင်းဘုရားဖူးဌာနဖြစ်သော မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာအတွင်းရှိ ပလိပ်မြို့နယ်၊ချမ်းသာကုန်းကျွေးရွာ၌တည်ရှိသော စိပ်ပုတီးမယ်တော်သခင်မပွဲနေ့နှင့် မယ်တော်ခန်းမ ကျောင်းဆောင်သစ်ဖွင့်ပွဲမစ္ဆားတရားကို (၂၆.၁၀.၂၀၂၆) တနင်္လာနေ့၊ နံနက် ၈: ဝဝနာရီအချိန်တွင် မွန်ဆီ ညော် ဖာသာ ပီတာ စိန်လိုင်ဦး မှ ဦးဆောင်ပူဇော်ပေးခဲပါသည်။

စိပ်ပုတီးမယ်တော်သခင်ခန်းမဆောင်ကို အလှူရှင်ကြီး အန်ကယ် ဦးမြင့်ဝေ ရွှေငါးမိသားစုမှ လှူဒါန်း ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဘာသာဝင်းများ၊ ဘုန်း တော်ကြီးများ၊သီလရှင်များ၊ ကိုရင်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr. William Phyo Wai ဩဝါဒမြွက်ကြားရာတွင်

“အမိမယ်တော်လိုကျေးဇူးတော်နဲ့ပြည့်ဝတဲ့နေ့ဆိုတာ ကျွန်ုပ်တို့မှာလည်းရှိတယ် ဒါပေမဲ့ အမိမယ်တော် နှင့် ကျွန်ုပ်တို့ဘာကွာလဲဆိုတော့ အမိမယ်တော်က သူ့ရဲ့ဘဝတစ်သက်တာမှာဘုရားရဲ့ စကားကိုတသွေ မသိမ်းနားထောင်ပြီးဆက်ကပ်သူဖြစ်တယ်။ ကျွန်ုပ်တို့ကအဲ့လိုမလုပ်နိုင်ဘူး ကျေးဇူးတော်လို့ပြောတဲ့အ ခါမှာ ကျွန်ုပ်တို့ရဲ့အသိညဏ်နှင့်နှလုံးသားကို ဘုရားသခင်က ကောင်းတဲ့အရာကိုရွေးချယ်ဖို့အတွက် တစ် ခါတလေလှုပ်ဆော်ပေးတတ်တယ်။

မယ်တော်သည် ကျေးဇူးတော်နဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ရွေးချယ်မှုတွေက အမြဲ တမ်းမှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဘုရားရဲ့ကျေးဇူးတော်နဲ့ပေါင်းစပ်ပြီးတော့ သူကရွေးချယ်မှုတွေပြုလုပ်တဲ့အတွက်ကြောင်းဖြစ်တယ်။ ကျွန်ုပ်တို့အားလုံးကလည်း ဘုရားရဲ့သား သမီးအဖြစ်နဲ့ ဘုရားရဲ့သားသမီးကောင်းပီသစွာနဲ့ ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝအသက်တာမှာ အသက်ရှင်ဖို့ အတွက် ဘုရားသခင်က ကျွန်ုပ်တို့ကိုနေ့စဉ်နဲ့အမျှဖိတ်ခေါ်နေတယ်။

မယ်တော်ကဘယ်လောက်ပဲ အခက်အခဲ ဒုက္ခတွေကြိုမြင်ထားပေမဲ့ ဘုရားရဲ့ကျေးဇူးတော်နှင့် ပေါင်းစပ် ပြီးဘုရားအမိန့်တော်ကိုလက်ခံပြီး သူ့ဘဝကိုအပ််နှံခဲ့တယ်။ ကျွန်ုပ်တို့အားလုံးကလည်း ကျွန်ုပ်တို့ရဲ့နေ့ စဉ်ဘဝအသက်တာမှာ အမြဲတမ်းဘုရားရဲ့ကျေးဇူးတော်နဲ့ ပေါင်းစပ်ပြီးတော့ ဘုရားသခင်ကျွန်ုပ်တို့ကို လှုပ်ဆော်တဲ့ ကျေးဇူးတော်တွေပေးတိုင်း အဲ့ကျေးဇူးတော်နဲ့ပေါင်းစပ်ပြီး ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝမှာ ရွေး ချယ်မှုတွေပြုလုပ်မယ် အသက်ရှင်မယ်ဆိုရင် ကျွန်ုပ်တို့အားလုံးကလည်း မယ်တော်လို ဘုရားရဲ့ သား သမီးကောင်းတွေဖြစ်လာနိုင်မှာဖြစ်ပါတယ်။

ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Aung Kyaw Khaing မှ ကျေးဇူးတင်စကားပြောကြားရာတွင်

ပထမဆုံးဒီမယ်တော်ပွဲကိုစည်စည်ကားကားနဲ့ ကျင်းပနိုင်တဲ့အတွက် ဘုရားသခင်းကိုဦးစွာကျေးဇူးတင် ပါတယ်။ ပြီးတော့ဒီချမ်းသာကုန်းစိပ်ပုတီးမယ်တော်ပွဲဖြစ်မြောက်ဖို့အတွက် အဖက်ဖက်မှပါဝင်ကူညီ ပေးကြသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ စိပ်ပုတီးမယ်တော်ခန်းမဆောင်သစ်ကို ဆောက်လုပ် လှူဒါန်းပေးခဲ့သော အလှူရှင် အန်ကယ်ဦးမြင့်ဝေ ရွှေငါးမိသားစုကိုလည်း အားလုံးကိုယ်စားအထူး ကျေး ဇူးတင်ကြောင့်ပြောကြားလိုပါတယ်။ ဒါအပြင် ဒီမယ်တော်ပွဲနိုဗီနာအစကနေ ဒီနေ့ပွဲနေ့အထ ဘုရားဖူး လာဘာသာတူများအတွက် အစားအသောက်ကိုလည်း လိုလေသေးမရှိစီစဉ်ပေးတဲ့အတွက် အန်ကယ် ဦးမြင့်ဝေကိုထပ်လောင်းကျေးဇူးတင်ပါတယ်။

ဓမ္မသီချင်းများကိုသီကျူးပေးသော ကွာယာအဖွဲ့များနှင့် ပွဲအစကနေအဆုံးထိ မိမိကျရာကဏ္ဍကနေ လုပ် အားပေး ပါဝင်ကူညီကြသောသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ သင်တို့အားလုံးရဲ့စုပေါင်းအား နှင့်အခုလိုစီကားစွာကျင်းပနိုင်တာဖြစ်တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် မယ်တော်ထံမှ  ကောင်းကြီးများအားလုံးခံစားရပါစေ။

အန်ကယ်ဦးမြင့်ဝေ မှကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရခြင်းရဲ့ ရည်ရွယ်ချက်ကိုပြောကြားရာ

“ကျွန်တော်မယ်တော်ဆီကကျေးဇူးတော်တွေ အများကြီးခံစားရပါတယ် မယ်တော်ကိုလည်းချစ်ပါတယ် ဒါကြောင့်မယ်တော့်တမန်တော်တွေ မယ်တော့်အဖွဲ့အစည်းတွေကို တတ်နိုင်သလောက် ကူညီအားပေး ခဲ့တာခုဆို ၃၅ ထည်တောင်ရောက်လာပါပြီ ဒီလိုလုပ်နိုင်တာကလည်း မယ်တော်ကျေးဇူးကြောင့်ဖြစ် တယ်။ မယ်တော့ကိုချစ်ရင် မယ်တော်ကဘယ်တော့မှပစ်မထားဘူးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

ဒါကြောင့် မယ်တော့ဆီလာတဲ့ ဘုရားဖူးများအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ သက်တောင့်သက်သာ အနားယူပြီး ဘုရားဖူးနိုင်ရန်အတွက်ရည်ရွယ်ပြီး ဒီစိပ်ပုတီးမယ်တော်ခန်းမဆောင်ကို ဆောက်လုပ်လှူ ဒါန်းခြင်းဖြစ်ပါတယ်။ ဒီကျောင်းဆောင်အမြန်ပြီးစီးအောင် ဆောက်လုပ်နိုင်တဲ့အတွက် ဒီမှာရှိတဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဘာသာဝင်များ စစ်ရှောင်များအားလုံးကိုလည်း ကျေးဇူးတင်တယ်။ ဘာ လို့လဲဆိုတော့ ဒီကျောင်းဆောင်မြန်မြန်ပြီးဖို့ သူတို့ရဲ့လုပ်အားတွေလည်း အများကြီးပါဝင်ပါတယ် ဒီအ တွက်အားလုံးကို ကျေးဇူးတင်ပါတယ်။ မယ်တော်ဆီလာမဲ့သူများအတွက် နေဖို့စားဖို့မပူရအောင် လုပ် ဆောင်ပေးဖို့လည်း ကျွန်တော်အမြဲတမ်းစဉ်းစားနေပါတယ် လုပ်လည်းလုပ်ဆောင်ပေးနေပါတယ် ဒါကြောင့်မယ်တော်ကိုချစ်သောဘာသာတူများလာခဲ့ပါ အားလုံးကိုကြိုဆိုပါတယ်။” ဟုပြောကြားခဲ့ပါ သည်။

Agatha ဒေါ်ဝါဝါမော် (ရွာတော်)

ကျွန်မဒီမယ်တော်ပွဲကိုထပ်မံလာရောက်ပါဝင်းခွင့်ရတဲ့အတွက် ဝမ်းသာတယ်ပျော်လည်းပျော်တယ်။ လို အပ်တဲ့အချိန်ဖြစ်ဖြစ် မလိုအပ်တဲ့အချိန်ဖြစ်ဖြစ် မယ်တော့်ဆိတော့အမြဲတမ်း စိပ်ပုတီးစိပ်ဆုတောင်း ဖြစ်ပါတယ်။ အခုချိန်မှာတော့မယ်တော်ရဲ့ ကူညီမဆမှုက ပိုလိုအပ်တာပေါ့ ကျွန်မတို့က ပျူတွေကြားမှာ နေရတော့စိုးရိမ်ရတယ်။ ဘယ်ချိန်ဘာဖြစ်လာမယ်ဆိုတာမသိရဘူး။ သားသမီးတွေနဲ့လည်း တစ်နေရာစီ ဖြစ်သွားတော့ တစ်နေ့ကြရင်တော့သားသမီးတွေနဲ့ အတူတူပြန်နေနိုင်ဖို့လည်း မယ်တော်ထံဆုတောင်း ပါတယ်။မယ်တော်ရဲ့ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံ၊ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့ပဲ ဆုတောင်းပါ တယ်။

ဒေါ်ယုယု

မယ်တော့်ကိုလည်းယုံကြည်တယ် အားလည်းအားကိုးပါတယ် ဆုတောင်းလည်းပြည့်ပါတယ် လက်တွေ့ ခံစားရတာတွေက အခက်အခဲတစ်ခုခုကြုံလာရင် မယ်တော်ထံစိပ်ပုတီးစိပ်ဆုတောင်းရင် ဒီကြုံနေတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတဲ့ လမ်းစတွေ တွေလာတယ်။ ဒါတောင်းရင်ဒါ ဆိုပြီး ဝုန်းတိုင်းတော့မရပေမဲ့ မယ်တော်ထံဆုတောင်းခြင်းအားဖြင့် အခက်အခဲတွေဖြေရှင်းနိုင်ဖို့နည်းလမ်း တွေရလာပါတယ်။ ဒါကမယ်တော်ရဲ့ကူညီမဆခြင်းဖြစ်တယ်လို့ယုံကြည်ပါတယ်။

Rose Mary ဖူးဖူးကျော်

ဒီမယ်တော်ပွဲကို လာပါဝင်ရလို့ပျော်ပါတယ် ဖြစ်နိုင်ရင် နိုဗီနာ အစကတည်းကလာပါဝင်ချင်တာ ဒါပေမဲ့ အလုပ်ကတစ်ဖက်ခုပွဲရောက်ခါနီး တစ်ရက်စောပြီးပဲလာရောက်ဖြစ်ခဲ့တယ်။ ဒီကိုရောက်ပြီး ဆုတောင်း ချိန် စိပ်ပုတီးစိပ်ချိန် စိတ်ထဲ အေးချမ်းသလိုခံစားရတယ် အပူအပင်တွေပျောက်သွားသလိုခံစားရတယ်။ နောက်နှစ်တွေမှာဆိုမိသားစုများနဲ့အတူလာနိုင်ဖို့လည်းဆုတောင်းပါတယ် ပြီးတော့အဝေးမှာ အလုပ် သွားလုပ်နေတဲ့ အစ်ကို အတွက်လည်းကျန်းကျန်းမာမာနဲ့ လုပ်ကိုင်နိုင်ရန် မယ်တော်ဆီဆုတောင်းပါ တယ်။မယ်တော်က ကျွန်မတို့ရဲ့ဆုတောင်းသံတွေကိုကူညီပေးမယ်လို့လည်း ယုံကြည်ပါတယ်။

ဦးရဲအောင် (ချမ်းသာကုန်းရွာ)

မယ်တော်နဲ့ပတ်သက်ပြီးခံစားချက်ကတော့ မယ်တော်ကကျွန်ုပ်ကို ကျေးဇူးတော်တွေအများကြီးပေး ပါတယ်။ သုံးလေးနှစ်ရှိပါပြီ ဒီမှာလာပြီးဆုတောင်းဖြစ်တာ ကျန်းမာရေးလည်း တော်တော်ကောင်းလာ သလိုခံစားရတယ်။ အရင်ကလိုခနခနကျန်းမာရေး မချိုခြာတော့ဘူး ပြီးတော့ ကိုယ့်ဒေသမှာ ဒီလိုဘုရား ဖူးဌာနတစ်ခုရှိတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်။

rvamyanmar
rvamyanmar
Articles: 4332

Leave a Reply

Your email address will not be published. Required fields are marked *