ခွင့်လွှတ်ခြင်းမရှိပဲ ငါတို့ ငြိမ်းချမ်းစွာ မနေထိုင်နိုင်ပါ။

စက်တင်ဘာ ၁၃ ရက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော အန်ဂျေလူး မေတ္တာရွတ်ဆိုခြင်းတွင် ပုပ်ရဟန်း မင်းကြီး လီယို ၁၄ က ခရစ်တော်သည် ငါတို့ကို ခွင့်လွှတ်သကဲ့သို့ အခြားသူများကို ခွင့်လွှတ်ခြင်း အ ကြောင်းကို မြွက်ကြားခဲ့ပါသည်။ အမုန်းတရား၊ ခွဲခြားမှုနှင့် အကြမ်းဖက်မှုများကို တုံ့ပြန်ရန်အတွက် ခွင့်လွှတ်ခြင်းသည် မရှိမဖြစ် လိုအပ်ကြောင်း ထောက်ပြလျက် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် နေ့စဉ်ဘဝတွင် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို ပျိုးထောင်ကြရန် တိုက်တွန်းခဲ့သည်။ 

စိန့်ပီတာရင်ပြင်တွင် မြွက်ကြားခဲ့သော ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းမှ အဓိကအချက်များမှာ – 

ငြိမ်းချမ်းရေးဆီသို့ လမ်းကြောင်း – ခွင့်လွှတ်ခြင်းသည် မရှိမဖြစ် လိုအပ်ပြီး၊ ၎င်းမရှိဘဲ ငါတို့ ငြိမ်းချမ်း စွာ မနေထိုင်နိုင်ပါ ဟု ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က သတိပေးခဲ့သည်။ မကျေနပ်ချက်များ၊ စွပ်စွဲ ချက်များနှင့် လက်စားချေမှုများသည် ဆက်ဆံရေးများကို ပျက်စီးစေပြီး မိသားစုများကို ကွဲးပြားစေကာ စစ်ပွဲများကို ဖြစ်ပွားစေကြောင်း မိန့်ကြားခဲ့သည်။ 

အမှောင်ထုထဲမှ အလင်းရောင် – ခွင့်လွှတ်ခြင်းသည် နှလုံးသားကို လွတ်မြောက်စေပြီး ခါးသီးမှုများကို ညင်သာသော လေပြေကဲ့သို့  ဖယ်ရှားပေးကာ အမှောင်မိုက်ဆုံး အခြေအနေများတွင်ပင် မျှော်လင့်ချက် ကို ပြန်လည်ဆန်းသစ်စေသည်။ 

အကန့်အသတ်မရှိ ခွင့်လွှတ်ခြင်း – သခင်ခရစ်တော်က ရှင်ပေတရုအား ခုနစ်ဆယ့်ခုနစ်ကြိမ် မက ခွင့် လွှတ်ရန် မိန့်ကြားခဲ့သည့် ရှင်မာတေဦးခရစ်ဝင်ကျမ်းကို ကိုးကား၍ ခရစ်ယာန်များသည် အကန့် အသတ် မရှိ၊ အတိုင်းအဆမရှိ ခွင့်လွှတ်ရန် ခေါ်ယူခြင်းခံရကြောင်း ပုပ်ရဟန်းမင်းကြီးက အလေးပေး ပြော ကြားခဲ့သည်။ 

စင်ကြယ်သော ကရုဏာတော် – သနားခြင်းကရုဏာ မရှိသော အစေခံအကြောင်း ပုံဥပမာကို ပြန်လည် အမှတ်ရစေလျက်၊ ငါတို့ရရှိထားသမျှ အရာအားလုံးသည် ဘုရားသခင်၏ စင်ကြယ်သော မေတ္တာတော် ကြောင့် ဖြစ်သည်ကို သတိပေးခဲ့သည်။ ရက်ရောသော ကရုဏာတော်သည် ငါတို့ အတူတကွ နေထိုင်မှု ၏ အခြေခံအုတ်မြစ် ဖြစ်ရမည်။ 

ပီတာ၏ ပုံစံနမူနာ – ရှင်ပေတရုသည် သခင်ယေဇူးကို ငြင်းပယ်ခဲ့သော်လည်း၊ ရှင်ပြန်ထမြောက်သော ခရစ်တော်သည် သူ့အား မေတ္တာဖြင့် ပြန်လည်လက်ခံခဲ့ပြီး “ငါ့နောက်သို့ လိုက်

လော့” ဟူသော ခေါ်ဖိတ်မှုကို ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။ ခွင့်လွှတ်သော မေတ္တာက ကုသပေးပြီး ငါတို့၏ သာသနာပြုလုပ်ငန်းကို ခိုင်မာစေကြောင်း ပြသနေသည်။

 အထူးသဖြင့် ပထမခြေလှမ်းစလှမ်းရန် ခက်ခဲသည့် အချိန်များတွင် အမြဲမပြတ် ခွင့်လွှတ်နိုင်စွမ်း ရှိစေ ရန်နှင့်၊ အမုန်းတရားကို အနိုင်ယူ၍ မကျေနပ်ချက်များကို ဖယ်ရှားပေးသည့် အေးချမ်းပြီး ကုသမှုပေး နိုင်သော မေတ္တာအလင်းရောင်ကို သတ္တိရှိရှိ၊ ဇွဲရှိရှိ ပြန့်ပွားစေနိုင်ရန် ကရုဏာတော်၏ မယ်တော်ဖြစ် သော ကညာစင်မာရီထံ ဆုတောင်းကြပါစို့။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ခွင့်လွှတ်ခြင်းသည် အမြဲတမ်း မလွယ်ကူသော်လည်း ၎င်းသည် ငါတို့ အတူတကွ နေထိုင်ရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ 

#PopeLeoXIV #Angelus #VaticanNews #Forgiveness #Peace #Faith #CatholicChurch

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-09/pope-leo-angelus-forgiveness-peace-love-conflict-gospel-peter.html

rvamyanmar
rvamyanmar
Articles: 4236

Leave a Reply

Your email address will not be published. Required fields are marked *