ဗီယက်နမ်လူငယ်ညီလာခံက သာသနာပြုတပည့်တော်များအဖြစ် အသစ်တဖန်ပြန်လည်နှိုးဆော်

(၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တူချောင်သာသနာနယ်၌ ကျင်းပသည့် ဟနွိုင်းဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ညီလာခံအတွင်း ကက်သလစ်လူငယ်များ ဒုက္ခစရိယာလမ်းစဉ် (Way of the Cross) လျှောက်လှမ်းရာတွင် ပါဝင်နေကြစဉ်။)

ဟနွိုင်းဂိုဏ်းချုပ်သာသနာသည် ၂၀၂၆ ခုနှစ် ဟနွိုင်းဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ညီလာခံ အ တွက် ကက်သလစ်လူငယ် ၅,၀၀၀ ကျော်ကို စုစည်းခဲ့ပြီး၊ ဗီယက်နမ်လူငယ်များအနေဖြင့် ခရစ်တော်၏ သာသနာပြုတပည့်တော်များအဖြစ် ၎င်းတို့၏ မည်သူမည်ဝါဖြစ်မှုကို ပြန်လည်ဆင်ခြင်သုံးသပ်ရန် ဖိတ် ခေါ်ခဲ့သည်။

မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ၂၀၂၆ ဟနွိုင်းဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ညီလာခံသို့ လူ ငယ် ၅,၀၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး၊ ဗီယက်နမ်နိုင်ငံရှိ အသင်းတော်ခေါင်းဆောင်များက ကက် သလစ်လူငယ်များအနေဖြင့် မိမိတို့၏ သက်သောင့်သက်သာရှိလှသော ဘဝများမှ ရုန်းထွက်ကာ သာ သနာပြုဘဝကို ခံယူကြရန် တိုက်တွန်းခဲ့ကြသည်။

တူချောင် (Tu Chau) သာသနာနယ်တွင် ကျင်းပသော ဤစုဝေးပွဲသည် ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာ သနာနယ်များနှင့် သာသနာပြုစခန်းများမှ တက်ရောက်လာသူများကို စုစည်းပေးခဲ့ပြီး၊ “လာ၍ တည် နေ လော့” ဟူသော ဆောင်ပုဒ်အောက်တွင် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု (၁၀ နှစ်) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

အခမ်းအနားတွင် ဖာသာရ် ဂျိုးဇက် လောင်သန်းထွန်း (C.Ss.R.) က “ငါ ဘယ်ကိုသွားနေတာလဲ? ဘယ် သူ့ဆီကိုသွားဖို့ ငါရွေးချယ်မှာလဲ?” ဟူသော မေးခွန်းကို မေးမြန်းကာ လူငယ်များအား ၎င်းတို့၏ ဘဝ လမ်းကြောင်းကို ပြန်လည်ဆင်ခြင်ရန် တိုက်တွန်းခဲ့သည်။

“ယာယီတန်ဖိုးတွေနဲ့ ခေတ္တခဏသာခံတဲ့ ပျော်ရွှင်မှုတွေ” နှင့် ပြည့်နှက်နေသော ကမ္ဘာကြီးတွင် လူ ငယ်များသည် ၎င်းတို့၏ ဘဝရည်မှန်းချက်များကို ပျောက်ဆုံးသွားနိုင်ကြောင်း သူက သတိပေးခဲ့ပြီး၊ ခရစ်တော်နောက်သို့ လိုက်ရန်မှာ သက်သောင့်သက်သာရှိမှုထက် ကျော်လွန်၍ လက်တွေ့ကျသော စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ရန် သတ္တိရှိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ညီလာခံကို လူငယ်များ ဦးဆောင်သည့် တက်ကြွလှုပ်ရှားဖွယ်ရာ အစီအစဉ်များဖြင့် စတင်ခဲ့ပြီး၊ ထို့ နောက်တွင် သင်တန်းပေးခြင်းနှင့် စုပေါင်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။

တက်ရောက်လာသူများသည် ယေဇူးသခင်၏ ဒုက္ခစရိယာလမ်းစဉ် (Way of the Cross) ကို လေး နက် စွာ လျှောက်လှမ်းခဲ့ကြပြီး ကိုယ်တော်၏ ဒုက္ခဝေဒနာများကို ဆင်ခြင်ကာ ဘုရားသခင်၏ ချစ် ခြင်း မေတ္တာကို ပိုမိုနားလည်သဘောပေါက်အောင် ပြုလုပ်ခဲ့ကြသည်။

ဟနွိုင်းဂိုဏ်းချုပ်ဆရာတော် ဂျိုးဇက်က သူ၏ မိန့်ကြားချက်တွင် “လာ၍ တည်နေလော့” ဟူသော နှိုး ဆော်ချက်သည် ခရစ်တော်နှင့် ခိုင်မြဲသော ဆက်ဆံရေးတွင် အခြေခံထားကြောင်း အလေးပေး ပြော ကြားခဲ့သည်။ “လူငယ်တွေဟာ ညီလာခံကို ခေတ္တခဏ ခံစားချက်ကို လာရှာတာမဟုတ်ဘဲ ခရစ်တော်နဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ လာကြတာဖြစ်တယ်” ဟု ဆရာတော်က ဆိုသည်။

ထို့အပြင် ဘုရားသခင်နှင့်အတူ တည်နေခြင်းသည် လူငယ်များအား ယုံကြည်ခြင်း၏ သက်သေခံများ ဖြစ်လာစေကြောင်းနှင့် ၎င်းတို့၏ မိသားစု၊ သာသနာနယ်နှင့် လုပ်ငန်းခွင်များတွင် “အသက်ရှင်သော ဧဝံဂေလိတရား” ဖြစ်လာကြရန် တိုက်တွန်းခဲ့သည်။

ဤစုဝေးပွဲကို ကိုယ်တော်မြတ်ဖူးမြော်ခြင်းနှင့် ဘုန်းတော်ကြီးများစွာ အတူတကွ ပူဇော်သော မစ္ဆား တရားတော်ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး၊ လူငယ်ထောင်ပေါင်းများစွာ စုပေါင်းဆု တောင်း ခဲ့ကြသည်။

အခမ်းအနားကို ညီလာခံ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ယဉ်ကျေးမှုအစီအစဉ်ဖြင့် ရုပ် သိမ်းခဲ့ပြီး ဗီယက်နမ်လူငယ်အသင်းတော်၏ ယုံကြည်ခြင်းနှင့် စွမ်းအင်များကို ဖော်ကျူးသည့် ဖျော်ဖြေမှုများ ပါဝင်ခဲ့သည်။

Fr. Peter Kyi Maung

Photo credit: Vatican News

 Original Link: https://www.vaticannews.va/en/church/news/2026-03/vietnam-youth-congress-missionary-discipleship.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *