
ဘဝလက်တွဲဖော်အဖြစ် ချစ်သူကို လက်မထပ်မီမှာ သူရဲ့ Social media ကို သေသေချာချာ ကြည့်ရှုစစ်ဆေးသင့်တယ်
ဒီနေ့မှာ ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့ ချစ်သူကို လက်မထပ်မီမှာ သူရဲ့ Social media ကို သေသေချာချာ ကြည့်ရှုစစ်ဆေးသင့်တယ်ဆိုတဲ့အကြောင်း အကြံပေးရင်း ပြောပြပေးချင် ပါတယ်။
Social Media မှာက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို သွယ်ဝိုက်သောနည်းနဲ့ ထုတ်ဖော် ပြပေးတဲ့ Online ပလက်ဖောင်းတစ်ခုဆိုရင် မမှားပါဘူး။
ဒါကြောင့် မ/ကျား ပဲဖြစ်ဖြစ် မိမိလက်ထက်မဲ့သူရဲ့ Online သုံးစွဲမှုမှာ အမူအကျင့် ပြုမူ ကျင့်ကြံပုံတို့ကို စစ်ဆေးကြည့်ပါ။
အကယ်၍ သူက Online ပေါ်ကနေ အခြားသူကို လူသိရှင်ကြား အနိုင်ကျင့်နေလား၊ နှုတ်ဖြင့် (ဝါ) စာရေးသားမှုတွေနဲ့ ကာယကံမြောက် မဟုတ်ပေမဲ့ စော်ကားနေလား Privately ပြုမူပုံတွေကို အသေးစိတ် သိမြင်နိုင်ပါတယ်။
တချို့သောသူတွေ လိုင်းပေါ်မှာ Social media မှာ ပုဂ္ဂိုလ်ရေး လွန်လွန်ကဲကဲ သရုပ်ဆောင် ကြတယ်။
အကယ်၍ လိုင်းပေါ်မှာ သူရွေးချယ်နိုင်တဲ့ သူရတဲ့အခွင့်အရေးကို ရရင်ရသလို ထိုးနှက်တတ် ကြတယ်။
ဒီလိုပြုမူတတ်တဲ့သူက သူ့အိမ်မှာ၊ သူ့မိသားစုတွင်းမှာ၊ သူ့ပတ်ဝန်းကျင်မှာ အဲ့ဒီလို ထိုးနှက် မှာပဲ ဘာဖြစ်လို့လဲဆိုတော့ လူအများနဲ့မတူတဲ့ သဘောထားကွဲလွဲမှုတွေမှာ ဆုံးဖြတ်ချက်ချတတ်တဲ့ အပြုသဘောဆောင်တဲ့ အတွေးချို့တဲ့လို့ပဲ ဖြစ်တယ်။
ဒါနဲ့ ပတ်သက်လို့ ကျွန်မာကြုံခဲ့ဘူးတဲ့ Online အကြောင်း ပြောချင်ပါတယ်။ ကျွန်မကို Friend add လူတစ်ယောက်ကလာလုပ်တယ်။ ကျွန်မက အဲ့ဒီလူကို မသိဘူး။ သူ Profile ပုံမှာက သူ့မိသားစုပုံနဲ့ ကျွန်မလည်း စဉ်းစားပြီး တပတ်လောက်ကြာမှ ပြန် Friend လုပ်လိုက်တဲ့အခါမှာ ချက်ချင်းပဲ ‘‘ကြောက်လို့လား’’တဲ့ ဒီလောက်အကြာကြီး အချိန်ယူစဉ်းစားနေတာလား’’တဲ့ ကျွန်မ လည်း တစ်ခါမှ မသိတဲ့ သူတစ်ယောက်က အဲ့ဒီလို စာရေးပါလား၊ ငါ့ကို အနိုင်ယူပြီး ပြောတာပဲဆို ပြီး ရှေ့မဆက်ပဲ နေခဲ့ဘူးပါတယ်။
မိမိ Online ပေးမှာ ရေးသားတဲ့ စာတိုကအစ အသံဖိုင် ပြုမူတဲ့ အနေအထားတွေက မိမိရဲ့ အတွင်းစိတ်ကို ထုတ်ဖော်သလိုဖြစ်နေစေပြီး လူကောင်းတစ်ယောက်လို့ ဟန်ဆောင်လို့မရဘူးဆိုတာ ပေါ်လွင်နေပါတယ်။
အကယ်၍ Online ပေါ်မှာ တဖက်က ဒေါသတွေ ထွက်ပြတယ် (သို့) ရန်လိုတယ်ဆိုရင် ဒီလို ပြုမူတဲ့သူရဲ့ စိတ်နေစိတ်ထားကို သိနိုင်တဲ့အတွက် မိမိလက်တွဲမဲ့သူက Line ပေါ်မှာ အဲ့ဒီလိုစာတွေ ရေးထားတာ တွေ့ရင် မိမိလက်တွဲဖို့ (ဝါ)လက်ထပ်ဖို့အတွက် နှစ်ခါပြန်စဉ်းစားရတော့မယ်။
တချို့သော လုပ်ငန်းရှင်(ဝါ)ကုမ္ပဏီပိုင်ရှင်တွေက သူတို့လုပ်ငန်းမှာ အလုပ်လာလျှောက်တဲ့ သူတွေကို သူ့အလုပ်သမားအဖြစ် ခန့်ချင်တဲ့အခါ သူရဲ့ Phone Social Media မှာ သူဘယ်လို သုံး ထားလဲဆိုတာ check စစ်ဆေးတတ်ကြတယ်။ သူ့အလုပ်သမားအဖြစ် ခန့်မယ့်သူရဲ့ စိတ်ကို သဘော ထားကို အမှန်အကန် မြင်တွေ့ရမှာပဲလေ။
ဒါဆိုရင် အလုပ်ရှင်ကတောင်မှ သူ့ခန့်မဲ့ ဝန်ထမ်းရဲ့ Profile ကို စစ်တယ်ဆိုရင် မိမိမှာကော ရာသက်ပန် ပေါင်းသင်းရမဲ့သူကို မစစ်သင့်ဘူးလား။
Profile ကလူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ အပြုအမူတွေအားလုံး ပေါ်စေတာပါ။ ပြသတာပါပဲ။
Online ပေါ်မှာ လေးစားရိုသေမှုနဲ့ ဆက်သွယ်ဆက်ဆံခဲ့ရင်လည်း ဒါက မိမိရဲ့ပင်ကိုယ်စရိုက် တည်ငြိမ်အေးချမ်းတဲ့ သူဆိုတာ ပေါ်လွင်ပါတယ်။
လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တဆိုတာ Online မှာကော Off line မှာကော လူများကို ဘယ်ကဲ့သို့ ပြုမူဆက်ဆံသလဲဆိုတာက ဖော်ပြနေပါတယ်။
ဒါကြောင့် မိမိနဲ့ ရာသက်ပန်ပေါင်းရမဲ့သူကို Dating တွေ မစခင်ကတည်းက မစစ်သင့်ဘူးလား။
မိမိရွေးချယ်မဲ့သူက ကြင်နာတတ်တဲ့သူ၊ စိတ်ရှည်တဲ့သူ၊ သူတစ်ပါးကို လေးစားတတ်တဲ့သူ ဆိုရင် သူ့ရဲ့ Social medial မှာ ပေါ်လွင်နေမှာပဲ။ အဲ့ဒီလို စိတ်ဓာတ်ရှိတဲ့သူကို ရွေးချယ်လိုက်ပါ။ ကြိုတင်ပြနေတဲ့ လက္ခဏာတွေကို လစ်လျူမရှုလိုက်ပါနဲ့ Social Media ဆိုတာ ဆယ်ကျော် သက်တွေအတွက် မိမိကိုယ်မိမိ တန်ဖိုးမထားခြင်းတွေ စိုးရိမ်ကြောင့်ကြမှုတွေ စိတ်ဓာတ်ကျဝေဒနာ တွေ စိတ်ကျန်းမာရေးတွေကို တိုက်ရိုက်ဖြစ်သွားစေသလို အလွန်အကျွံအချိန်ပေးပြီး အသုံးပြုနေရင် လည်း အခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မိမိရဲ့အလုပ်၊ ကျောင်းသင်ခန်းစာတွေ ကိုယ်ပိုင် relationship တွေမှာ ယုတ်လျော့နိမ့်ကျင်စေပါတယ်။
အကျိုးရှိစွာ အသုံးပြုရင်လည်း မိမိတို့အတွက် အကျိုးကျေးဇူးတွေက အံ့မခန်းပါ။
ဒါကြောင့်မို့ တန်ဆေးလွန်ဘေး ဆိုသလို မိမိနဲ့ ရာသက်ပန်လက်တွဲမဲ့ သူကို မိမိကိုယ်တိုင် check လုပ်ပြီး ရွေးချယ်ရင်း ကောင်းမွန်တဲ့ relationship ကို တည်ဆောက်နိုင်ပါစေ။


