ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဗာတီကန်၌ ဆက်လက်အနားယူကုသမှုခံယူနေပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့ အများပြည်သူနှင့်တွေ့ဆုံခြင်းများ ဆက်လက် လုပ်ဆောင်မည်ဟု အတည်ပြု။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် (Apostolic Palace) ၌ ခွဲစိတ်ကုသမှုအပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် ယခုသီးတင်းပတ်အတွင်း ကက်စတယ် ဂန်ဒိုလ်ဖိုး (Castel Gandolfo) စံအိမ်တော် သို့ ခရီးထွက်မည်မဟုတ်ဘဲ ဗာတီကန်နန်းတော်၌သာ ဆက်လက်အနားယူ ကုသမှုခံယူမည်ဖြစ်ကာ၊ အောက်တိုဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့တွင် အများပြည်သူနှင့်တွေ့ဆုံခြင်း (General Audience) ကို ကျင်းပ သွားမည်ဖြစ်ကြောင်း ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးရုံး (Holy See Press Office) က သတင်းထုတ်ပြန်လိုက်သည်။

အောက်တိုဘာ ၁၃ ရက်က အဆုတ်ကင်ဆာရောဂါ (Pulmonary Adenocarcinoma) အတွက် ခွဲစိတ်ကု သမှုခံယူခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ရဟန်းမင်းကြီး ရုံး တော် သတင်းထုတ်ပြန်ရေးရုံးက တနင်္လာနေ့တွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်သည် ဆေးရုံ တွင် ၅ ရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် အောက်တိုဘာ ၁၇ ရက် စနေနေ့က ရောမမြို့ရှိ ဂျီမဲလီ ဆေးရုံ (Gemelli Hospital) မှ ဆင်းလာခဲ့သည်။ စနေနေ့က စိန့်ပီတာရင်ပြင်တွင် ကြိုဆိုမေတ္တာပြသရန် စုဝေး ရောက်ရှိနေကြသည့် လူ ၁၅,၀၀၀ ကျော်အား နှုတ်ဆက်ရန် ပုပ်ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့တွင် ရဟန်းမင်းကြီးနန်းတော် ပြတင်းပေါက်မှနေ၍ အများပြည်သူအားနုပ်ဆက်ခဲ့ပါသည်။

အများပြည်သူနှင့်တွေ့ဆုံပွဲ ကျင်းပရန် အတည်ပြု

ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးရုံး၏ ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီးသည် ယခုသီး တင်းပတ် ဗုဒ္ဓဟူးနေ့ အများပြည်သူနှင့်တွေ့ဆုံပွဲကို စိန့်ပီတာရင်ပြင် (St. Peter’s Square) ၌ ကျင်းပမည် ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် (popemobile) ယာဉ်ဖြင့် လူထုကြားသို့ လှည့်လည်နှုတ် ဆက် မည် ဟုတ်မဟုတ် အပါအဝင် အသေးစိတ်အချက်အလက်များကို ယခုအချိန်အထိ မသိရှိရသေးပါ။

ကက်စတယ် ဂန်ဒိုလ်ဖိုးသို့ ခရီးထွက်မည်မဟုတ်

ပုပ်ရဟန်းမင်းကြီး လီယိုသည် ရဟန်းမင်းကြီးသက်တမ်း (pontificate) စတင်ချိန်ကတည်းက တနင်္လာ နေ့တွင် သွားရောက်ပြီး အင်္ဂါနေ့ညနေပိုင်းအထိ နေထိုင်လေ့ရှိသည့် ကက်စတယ် ဂန်ဒိုလ်ဖိုး စံအိမ်တော် သို့ ယခုသီးတင်းပတ်တွင် သွားရောက်မည်မဟုတ်ပေ။ ယခုလက်ရှိတွင်မူ ပုပ်ရဟန်းမင်းကြီးသည် ကျန်း မာရေး ပြန်လည်ကောင်းမွန်လာစေရန် ဗာတီကန်၌သာ ဆက်လက်နေထိုင်မည်ဖြစ်သည်။ စနေနေ့က Vatican News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်ကြီး ဒေါက်တာ စတက်ဖာနို မာဂါရီတိုရာ (Dr. Stefano Margaritora) ၏ ပြောကြားချက်အရ ပြန်လည်ကောင်းမွန်လာသည့် ကာလမှာ ၁၀ ရက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရသည်။

လာမည့်ရက်ပိုင်းအတွင်း ပုပ်ရဟန်းမင်းကြီး၏ အခြားသော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ရဟန်း မင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးရုံးမှ ဆက်လက်ထုတ်ပြန်ပေးသွားရန် မျှော်လင့်ရသည်။

အောက်တိုဘာ ၂၇ ရက်တွင် အာစီစီ (Assisi) မြို့သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ပုပ်ရဟန်း မင်းကြီး သွားရောက်နိုင်ခြင်း ရှိမရှိကိုမူ ယခုချိန်အထိ တိတိကျကျ မသိရသေးပေ။

ပုပ်စိန်ဂျွန်ပေါလ် (၂) လက်ထက်က ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အာစီစီ၏ စိတ်ဓာတ် (Spirit of Assisi) ၏ နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် စိန့်အေဂျီဒီယို အသိုင်းအဝိုင်း (St. Egidio Community) မှ စီစဉ်ကျင်းပသည့် “လက်နက်မဲ့နှင့် လက်နက်ဖြုတ်သိမ်းငြိမ်းချမ်းရေး” (Unarmed and Disarming Peace) အခမ်းအနားကို ၎င်က ဦးဆောင်ပိတ်သိမ်းပေးရန် ရှိနေသည်။

https://www.youtube.com/@rvamyanmar8152

Website: rvamyanmar.org

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-continues-recovery-at…

See less

rvamyanmar
rvamyanmar
Articles: 4316

Leave a Reply

Your email address will not be published. Required fields are marked *