ဖာသာရ် David တိုးဝေအောင် (မန္တလေး) အာဒ်ဝင်တူးဒုတိယသီတင်းပတ် အင်္ဂါနေ့ ဩဝါဒ ၁၂၊ ၁၂၊ ၂၀၂၃

ဖိလစ်ပိုင်နိုင်ငံ၌ မစ္ဆားတရားပူဇော်နေစဉ် ဗုံးပေါက်၍ လူ (၄) ဉီး အသက်ဆုံးရှုံးခဲ့ ဖိလစ်ပိုင်နိုင်ငံ၏ ကက်သလစ်ဘုရားကျောင်းတစ်ကျောင်း၌ တနင်္ဂနွေနေ့မစ္ဆားပူဇော်နေစဉ်ဗုံးပေါက်ကွဲ၍ မစ္ဆားပါ၀င်ပူဇော်နေသောဘာသာတူ (၄) ဦးအသက်ဆုံးရှုံးခဲ့ရပြီး (၄၂) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤအခင်းသည် Mindanao ပြည်နယ် တက္ကသိုလ်တစ်ခု၏အားကစားရုံ၌ဖြစ်ပွားခဲ့သည်။ အဆိုပါတနင်္ဂနွေနေ့မစ္ဆားတရားကို အဆိုပါအားကစားရုံ၌ပူဇော်ခဲ့သည်။ ယခုဗုံးဖောက်ခွဲမှုကို အကြမ်းဖက်အစွန်းရောက်အီစ္စလာမ်မစ်အဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့၏ တယ်လီဂရမ်ချာနယ်မှပြောကြားခဲ့သည်။ Mindanao သည် (၂၀၁၇) က အကြမ်းဖက်အစွန်း ရောက်အီစ္စလာမ်မစ်အဖွဲ့၏ ထိန်းချုပ်ခြင်းကိုခံခဲ့ရဖူးသည်။ အကြမ်းဖက်အဖွဲ့မှထိန်းချုပ်အပြီး (၅) လအကြာ ဖိလစ်ပိုင်အစိုးရမှ (မေ ၂၀၁၇) တွင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အကြမ်းဖက်အဖွဲ့သည်…
အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပစ်ရပ်ပြီး (၃) ရက်မြောက်နေ့၌ဓားစာခံများကိုလဲလှယ်ခဲ့ကြ အီစ္စရေး-ဟားမစ်အပစ်ရပ်သည့်တတိယနေ့၌ နှစ်ဖက်လုံးမှဖမ်းဆီးထားသောသူများအားလွှတ်ပေးရာတွင် ပါလက်စတိုင်း (၃၉) ဦးကိုလွှတ်ပေးခဲ့သကဲ့သို့ ဟားမာစ်တို့ကလည်း ဂါဇာ၌ဖမ်းဆီးထားသော ဓားစာခံ (၁၇) ဦးတို့ကိုတနင်္ဂနွေနေ့ကလွတ်ပေးခဲ့သည်။ ထို (၁၇) ဦးအနက် (၄) နှစ်အရွယ်အမေရိကန်မိန်းကလေး (၁) ဦး၊ ထိုင်း (၃) ဦး၊ ရုရှား (၁) နှင့်အီစ္စရေး (၁၃) ဦးတို့ဖြစ်ပါသည်။ အဆိုပါဓားစာခံများကိုသက်ဆိုင်ရာအဖွဲ့ဆီသို့လုံခြုံစွာလွဲအပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာကြက်ခြေနီအသင်မှကြေညာထားသည်။ ယခုပြန်လည်လွှဲအပ်ပေးသော (၁၇) ဦးထဲ၌ပါသော (၄) နှစ်အရွယ်အမေရိကန်နိုင်ငံသား Abigail Edan သည် အောက်တိုဘာ (၇)…
နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ ကျင်းခြင်း။ ဒီဇင်ဘာလ၊၉၊၂၀၂၃၊ မန္တလေးမြို့။ မန္တလေးကက်သလစ်သာသနာနှလုံးဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သော ဆရာတော်ကြီး (Paul Zing Htung Grawng) ၏ဝိညာဉ်အတွက် သတိရဆုတောင်းပေးခြင်းနှင့် နှလုံးဖောင်ဒေးရှင်းနှစ်ပတ်လည် အခမ်းအနားမစ္ဆားတရားကို စိန်မိုင်ကယ် ဘုရားကျောင်း၌ (၉.၁၂.၂၀၂၃ စနေနေ့) မနက် ၈းဝဝ တွင် မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ ဉီးဆောင်ကျင်းပခဲ့ပါသည်။ မစ္ဆားတရားတော်မြတ်၌ ဂိုဏ်းချုပ်ဆရာတော်ကြီးမှ ဩဝါဒမြွတ်ကြားရာတွင်…
Don’t Marryဒီနေ့မှာ လူတစ်ယောက်ကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်တဲ့ လက်ထပ်ထိမ်းမြားတာ မပြုလုပ်ဖို့ အကြောင်း ပြောပြပေးချင်ပါတယ်။ကျွန်မတို့ တည်ဆောက်လိုက်တဲ့ လက်ထပ်မင်္ဂလာမှာ သူနဲ့ပတ်သက်တဲ့ ဓမ္မသတ်နည်း ဥပဒေတွေက ပုဒ်မတွေနဲ့ ရှိနေတာမဟုတ်ပေမယ့် လူလူချင်းပေါင်းသင်းဆက်ဆံတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ရှင်းရှင်းလင်းလင်းသိမယ်။ မြင်လွယ်မယ်၊ နားလည်အောင်လုပ်ထားမယ်ဆိုရင် လင်မယား ကွဲတာ divorce ဖြစ်တာတွေ မရှိနိုင်ပါဘူး။တကယ်တမ်းကတော့ relationship အောင်မြင်ချင်ရင် အရေးကြီးဆုံးကတော့ အချစ်၊ ချစ်ခြင်းမေတ္တာပါပဲ။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲပ လက်ထပ်လိုက်တဲ့အခါမှာ ဒီအချစ်များစွာတွေ က ထိတ်လန့်တုန်လှုပ်သွားစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်လွန်းတော့…