
သစ်ဆွေးမြေဩဇာပြုလုပ်နည်း

သစ်ဆွေးမြေဩဇာပြုလုပ်နည်း မြေဆွေးပုံပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်းများ ထိရောက်မှုရှိစေရန် လိုအပ်သော အခြေအနေများသည် အသင့်တော်ဆုံးဖြစ်ရန် အရေးကြီးပါသည်။မြေဆွေးဖော်စပ်ရာ၌ ပါဝင်ပစ္စည်းများသစ်ဆွေးမြေဩဇာ ပြုလုပ်ရာတွင် ကာဗွန်နှင့် နိုက်ထရိုဂျင်ဓာတ်များပါဝင်သော ပစ္စည်းများကို အသုံးပြုရပါမည်။ အကောင်းဆုံးအချိုးအဆမှာ ကာဗွန်ပါပစ္စည်း ၆၀ အချိုးနှင့် နိုက်ထရိုဂျင်ပါပစ္စည်း ၄၀ အချိုး(၆၀း၄၀) ဖြစ်သည်။ သို့သော်၎င်းအချိုးအဆသည် အရေးကြီးသည့် အချက်မဟုတ်ပါ။နိုက်ထရိုဂျင်အရင်းအမြစ်ပစ္စည်းအဖြစ် ကြက်၊ နွား၊ မြင်း၊ ယုန်တို့၏ အညစ်အကြေးများကိုလည်း အသုံးပြုနိုင်သည်။သို့သော် ခွေး၊ ကြောင်နှင့် လူတို့၏ အညစ်အကြေးများ အသုံးမပြုသင့်ပါ။ ထို့နည်းတူ ပိုးမွှားကျရောက်တတ်သော အပင်များ၊…









