အလ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်များအားဆက်လက်ဖိနှိပ်ညှဉ်းဆဲနေဆဲ

အလ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်များအားဆက်လက်ဖိနှိပ်ညှဉ်းဆဲနေဆဲ အီစ္စရေး-ဟားမာစ်စစ်ဆက်လက်အရှိန်ပြင်းစွာဖြစ်ပွားနေသော်လည်း အလ်ဂျီးရီးယားအစိုးရအနေ ဖြင့်ခရစ်ယာန်တို့အားဖိနှိပ်ညှဉ်းဆဲနေမှုဖြစ်ပွားမြဲဖြစ်ပွားလျှက်ရှိသည်။ အပြည်ပြည်ဆိုင်ရာခရစ်ယာန်များအရေး (the International Christian Concern (ICC) လုပ်ဆောင်သောအဖွဲ့ထုတ်ပြန်ချက်အရ များမ ကြာမီကလည်း အယ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်တို့၏ဘုရားရှိခိုးကျောင်းများကိုဖြိုချပစ်ခဲ့သည်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကိုလည်းဖမ်းဆီးထောင်ချခဲ့သည်။ ယခုကဲ့သို့ဖိနှိပ်ညှဉ်းဆဲမှုကိုတိုး မြင့်လုပ်ဆောင်နေခြင်း၏အကြောင်းတရားမှာ ခရစ်ယာန်တို့သည်အီစ္စရေးတို့ကိုအားပေးထောက်ခံသည်ဟုစွပ်စွဲပြီး ဤထောက်ခံမှုသည် အလ်ဂျေးရီးယားနိုင်ငံရှိ အီစ္စလာမ်ဘာသာ၀င်တို့အားလည်းရိုက်ခတ်လာနိုင်၍ ကြိုတင်ဖိနှိပ်ထားခြင်းဖြစ်သည်ဟုဆိုပါသည်။ ICC ၏တင်ပြချက်ထဲ၌ အလ်ဂျေးရီးယားအစိုးရအနေဖြင့်ဘုရားရှိခိုးကျောင်းကဲ့သို့နေရာ၌လူစု လူေ၀းကြီးနှင့်စုဝေးခွင့်မပြုဘဲ အိမ်များ၌ (၁၀) ဦးခန့်သာစုဝေးဆုတောင်းခွင့်ညွှန်ကြားထားသည်။ မြောက်အာဖရိကနိုင်ငံ၌ လူဦးရေ (၄၂) သန်းရှိသည့်အနက် (၂၀၀၀၀၀) မှခရစ်ယာန်များဖြစ်ကြသည်။ များ သောအားဖြင့် Kabylie၊…