ဖာသာရ် Paul Thet Khaing (မန္တလေး) ပါစကားကာလစတုတ္ထ ကြာသပတေးနေ့ ဩဝါဒ ၂၅၊ ၄၊ ၂၀၂၄

ပုပ်ဖရန်စစ် အာရှ ၃ နိုင်ငံနှင့် ပါပူအာနယူးဂီနီသို့ တမန်တော်ခရီးစဥ်ပြုမည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် စက်တင်ဘာလ ၂ ရက်မှ ၁၃ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ၊ တီမောလက်စတေနိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ တမန်တော်လုပ်ငန်းဆိုင်ရာ ခရီးစဥ်ကို ပြုလုပ်မည် ဖြစ်ကြောင်း ဧပြီလ 12 ရက်နေ့တွင် ဗာတီကန် သတင်းတိုက်မှ ကြေညာလိုက်ပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိလည်းကောင်း၊ ပါပူအာနယူးဂီနီနိုင်ငံမိုရက်(စ်)ဘီနှင့် ဗာနီမိုသို့ စက်တင် ဘာလ ၆…
ပုပ်ဖရန်စစ် ကလေး ၆၀၀၀ နှင့် တွေ့ဆုံ ပြီးခဲ့သည့် သောကြာနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် မိန်းက လေး၊ ယောကျာ်းလေး (၆၀၀၀) တို့နှင့်တွေ့ဆုံခဲ့သည်။ ဤကလေးများသည် ‘Schools for Peace’ (ငြိမ်းချမ်းရေးကျောင်းများ) ကွန်ရက်အဖွဲ့၀င်များနှင့်ချိပ် ဆက်ထားကြသူများဖြစ်သည်။ စစ်ဖြစ်ပွားနေသောအချိန်ကာလ၌ ကလေးများ အနေဖြင့် ‘ငြိမ်းချမ်းရေး၏အနုပညာရှင်များဖြစ်ကြရန်နှင့်အနာဂတ်ကိုပြောင်း လဲနိုင်အောင်ကြိုးစားရန် ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။
ဒဗလင် လေယာဉ်များ အားကောင်းကြီးပေးသည့် အစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းမည်ဟုဆို နှစ်စဉ်ခရစ္စမတ်၌ လေယာဉ်များပျံသန်းရာတွင် ဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ လေယာဉ်များကိုကောင်းချီးပေးသည့်အစဉ်အလာကိုဆက် လက်၍ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒဗလင်လေဆိပ်ကအတည်ပြုပြောကြားခဲ့သည်။ ယခုကဲ့သို့အတည်ပြုပြောဆိုရခြင်းမှာ လေဆိပ်လုံခြုံရေးအတွက်အကြောင်းပြ၍ လေယာဉ်များအားကောင်းချီးပေးသည့်အစဉ်အလာကိုဖျက်သိမ်းမည်ဟုအစောပိုင်းကသတင်းထွက်ပေါ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ ဒဗလင်၌ လေယာဉ်များအားကောင်းချီးပေးသည့်အစဉ် အလာကို (၁၉၄၇) ခုနှစ်ကစတင်ခဲ့သည်။
Charlotte သာသနာ ဆရာတော် ကြီး၏ နှစ် (၂၀) တမန်တော်ခရီးအားဖော်ပြ သိုးထိန်းအမည်ကား ဆရာတော် Peter Jugis ဖြစ်ပြီး Charlotte သာသနာအား (၂၀၀၃) မှစ၍သိုးထိန်းအဖြစ်အမှုတော်ထမ်းဆောင်ခဲ့သည်။ သူ၏သိုးထိန်းအမှုတော်ထမ်းနေစဉ်ကာလ၌ သာသနာအတွင်း ခေါ်တော်မှုခြင်းလမ်းစဉ်၌လျှောက်လှမ်းသူများရခိုင်နှုန်းတိုးလာခဲ့သည်။ သာသနာအတွင်း ပညာ ရေးသည်လည်းတိုးတက်လာခဲ့သည်။ ဤသို့တိုးတက်လာစေရန် Quo Vadis (ဘယ်သွားမလဲသခင်) နှင့်Duc in Altum (ရေနက်ရာသို့ရွေ့လော့ – သံလုကာ ၅း၄) လှုပ်ရှားမှုအစီအစဉ်များကိုချမှတ်လုပ်ဆောင်ခဲ့သည်။ Quo Vadis ၏အနက်ကား စိန့်ပီတာသည် ဖမ်းဆီးခံရပြီးရောမမြို့သို့ပို့ဆောင်ခံခဲ့ရသည်။ ထိုမှလွှတ်မြောက်လာပြီးနောက်…
Monday, April 22, 2024 ရဟန်းမင်းကြီး၏ဘာစီးလီကာအားတာ၀န်ယူစောင့်ရှောက်သည့်မူ၀ါဒပြုပြင်ပြောင်းလဲလိုက် ရဟန်းမင်းကြီး၏ဘာစီးလီကာဟုဆိုလိုက်လျှင် စိန့်ပီတာဘာစီးလီကာဟုလူတိုင်းတွေးမိကြပေမည်။ စာရေးသူကိုယ်တိုင်လည်းရိုးသားစွာ၀န်ခံရလျှင်၌သို့ပင်တွေးမိပေမည်။ သို့သော် သိထားရမည်မှာ ရောမ၌ ရဟန်းမင်း ကြီးဘာစီးလီကာဟုဆိုလိုက်လျှင် ဘာစီးလီကာ (၄) ခုရှိသည်ကိုသိထားရမည်ဖြစ်ပါ သည်။ ကက်သလစ်ဘာသာတူများအနေဖြင့် သတိမူမိခဲ့သူများလည်းရှိသကဲ့သို့၊ သတိမမူမိသူများလည်းရှိပေမည်။ ရဟန်းမင်းကြီး၏ကောင်းချီးမဂ်လာကဒ်ပြား၏ ထောင့် (၄) ထောင့်၌ ရောမမြို့ရှိ ဘာစီးလီကာ (၄) ခု၏ပုံထည့်သွင်းထားသည်။ ၄င်းတို့မှာ (၁) စိန့်ပီတာ၊ (၂) စိန့်ပေါလ်၊ (၃) စိန့်ဂျွန်၊ (၄) စိန့်မေရီမေဂျာတို့ဖြစ် ကြသည်။ ဤဘာစီးလီကာဘုရားကျောင်း (၄)…
Fr. Bernard Dashi Tang Ji ၏ ရဟန်းဝါတော် ၂၅ နှစ်ပြည့် ဂျူဗလီ ကျေးဇူး တင်မစ္ဆားတရား ကျင်းပခြင်း Fr. Bernard Dashi Tang Ji ၏ ရဟန်းဝါတော် ငွေစင်ဂျူဗလီ ကျေးဇူးတင် မစ္ဆားတရားကို မြစ်ကြီးနားမြို့ St. Luke ဘုရားရှိခိုးကျောင်း ဧဒင်ရပ်ကွက်တွင် ဧပြီလ 8ရက် နံနက် 8 နာရီတွင် ကျင်းပခဲ့ပါသည်။ ဩဝါဒတွင် မြစ်ကြီးနားမြို့ စိန်ကိုလန်ဘန်ကာသီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John…