rvamyanmar

rvamyanmar

ရောမနှင့်အီတလီနိုင်ငံလွတ်မြောက်ရေးအတွက်ကူညီတိုက်ပွဲ၀င်ခဲ့သောအိုင်ယာလန်မဟာမိတ်စစ်တပ်သည် နှစ်ပေါင်း (၈၀) ကြာမှဗာတီကန်သို့ပြန်လည်ခြေချခဲ့ကြ

ရောမနှင့်အီတလီနိုင်ငံလွတ်မြောက်ရေးအတွက်ကူညီတိုက်ပွဲ၀င်ခဲ့သောအိုင်ယာလန်မဟာမိတ်စစ်တပ်သည် နှစ်ပေါင်း (၈၀) ကြာမှဗာတီကန်သို့ပြန်လည်ခြေချခဲ့ကြ ယနေ့ကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း (၈၀)၊ ရက်စွဲအတိအကျပြောရလျှင် (ဇွန်လ ၁၂၊ ၁၉၄၄) ခုနှစ်က ဗြိတိန်စစ်တပ်၏တပ်မဟာ (၃၈) မှစစ်သားတစ်ဖွဲ့ ရဟန်းမင်းကြီးပီအုစ် (၁၂) ထံလာရောက်ဂါရ၀ ပြုတွေ့ဆုံခဲ့သည်။ ဤစစ်သားများသည် ရောမမြို့တော်အား နာဇီတို့၏လက်မှမလွတ်မြောက်မီ (၈) အလို ၌ရဟန်းမင်းကြီးနှင့်လာရောက်တွေ့ဆုံခဲ့သော မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများအနက် ပထမဦးဆုံးအဖွဲ့ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ အိုင်ယာလန်သည် ကြားနေခဲ့သည်။ သို့သော် ရဟန်းမင်းကြီးအား လာရောက်ဖူးတွေ့ခဲ့သော တပ်မဟာ (၃၈) မှာမူ ဗြိတိန်၏လက်အောက်၌စစ်မှုကူထမ်းနေသောစစ်သားများနှင့်အိုင်ယာလန်လူမျိုး၊ ဗြိတိန်နိုင်ငံသားများရောနေခဲ့ကြသည်။ ယနေ့သည်…

ခေတ်ကို ဦးဆောင်နေတဲ့ လူငယ်

ပတ်ဝန်းကျင်ကို ​ကြည့်ကြည့်လိုက်ပါ ။ ​ ခေတ်ကို ဦး​ဆောင်​နေကြတာ လူငယ်​တွေချည်းပဲဆိုတာ သတိထားမိပါလိမ့်မယ် ။ ဟုတ်ပါတယ် ယ​နေ့​ခေတ်မှာ လူငယ်​တွဟာ အရင်တုန်းကလို ​ချောင်မှာခိုကပ်မ​နေ​တော့ဘဲ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက​နေ မိမိတို့လုပ်နိုင်စွမ်း​တွေကို ချပြလာကြပါပြီ ။ ဒီ​လို လူငယ်​တွေ ဦး​ဆောင်​နေတဲ့​ခေတ်က အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာတာ ထူးဆန်းတာ​တော့ မဟုတ်ပါဘူး ။ သင်​ရော ဒီလို လူငယ်​တွေထဲက တစ်ဦးဖြစ်ချင်ပါသလား ။ ဒါဆိုရင် ဘာအရည်အချင်း​တွေ လိုအပ်မလဲဆိုတာသိရဖို့ စာကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ ။ Team…

လိုချင်တာရအောင်ယူနည်း

လိုချင်တာ ရအောင်ယူနည်း လူတွေမှာ စီးပွားရေးပဲလုပ်လုပ်၊ အားကစားပဲလုပ်လုပ် ၊အောင်မြင်အောင်ပဲလုပ်လုပ်၊ ဘယ်အလုပ်မဆို သူတို့က ထိပ်ဆုံးဆိုတာကို လိုချင်ကြတယ်။ ပိုင်ဆိုင်ချင်ကြတယ်။ လိုချင်တာ၊ ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့သဘာဝပါ။ လူတိုင်းမှာ ဖြစ်ချင်စိတ်၊ရချင်စိတ်၊လိုချင်စိတ်ရှိကြတယ် ဆိုတာကိုသိပြီးသားပါ။ ကိုယ်လိုချင်တဲ့အရာကို ရအောင်လုပ်လိုတဲ့ ခွန်အားတွေ၊ ဇွဲတွေ၊ လုံ့လ၊ဝီရိယတွေ ရှိတတ်ကြတယ်။ ကိုယ်ရချင်တဲ့အရာကို ကြိုးစားနေတဲ့အချိန်မှာ လူတွေနဲ့ဆက်ဆံတဲ့အခါ၊ လူတွေနဲ့ဆက်ဆံတဲ့အပိုင်းကိုရောက်လာတဲ့အခါ ကိုယ်လိုချင်တာတစ်ခုတည်းကို ရှေ့တန်းတင်လို့မရပါဘူး။ ကျွန်တော်တို့လိုချင်တာတစ်ခုခုရှိလာပြီဆိုရင် ကိုယ်လိုချင်တာကို အရင်ပေးရပါမယ်။ ဥပမာ သမီးရည်းစားနှစ်ဦးမှာဆိုရင် ကောင်လေးက ကောင်မလေးကို ပြန်ချစ်စေချင်တယ်ဆိုရင် ကိုယ်ကအရင် အချစ်ပေးရပါမယ်။ မိဘတွေအနေနဲ့…

အာလူးတွေစိမ်းနေရင် သတိထား

အာလူးသည် အာဟာရတန်ဖိုးမြင့်မားသောကြောင့် စားဖိုဆောင်အဓိကဟင်းမယ်တစ်ခုအနေဖြင့် ကမ္ဘာတစ်ဝန်း အသုံးပြုနေကြသည်။ အာလူးသည် ကစီဓာတ်ကြွယ်ဝသော အဥစားဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်သည်။ ပုံမှန်အားဖြင့် အဝါရောင်၊ အညိုဖျော့ရောင်တို့ဖြစ်သည်။ သို့သော် အချို့အာလူးဥများတွင်မူ ပုံမှန်အရောင်ထဲ  အစိမ်းရောင်ပါရှိနေခြင်းမျိုးကို အပြင်မှာ မြင်နေရပါသည်။ ဒါက ဘာကြောင့်ဖြစ်တာလဲ… ကောင်းလား…၊ ဆိုးလား… စားသုံးရင်ရော အန္တရာယ်ဖြစ်စေလား…ဆိုတာတွေက စဉ်းစားစရာဖြစ်ပါသည်။   အာလူးစိုက်ရာသီတွင် မိုးသည်းထန်စွာရွာခြင်းက  အာလူးပင်ခြေရှိ မြေကြီးများကို အဝေးသို့လွင့်စင်ထွက်စေပြီး အမြစ်များ/ ဥများ မြေပေါ်သို့ ပေါ်လာစေပါသည်။ ထိုဥများကို အပင်ပေါ်က အရွက်များကလည်း လုံလောက်သည့် အရိပ်အာဝါသမပေးနိုင်ခြင်း/ ကောင်းကောင်းမဖုံးထားခြင်းမျိုး…