ဖာသာရ် Stephen Ah Chu (ကျိုင်းတုံ) ၁၃ ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၆၊ ၇၊ ၂၀၂၄

သူတော်မြတ် ကာလိုအာကူးတစ် ကို ရဟန္တာတင်မြှောက်ဘို့ ဗာတီကန်က မီးစိမ်းပြ အတည်ပြုလိုက်ပါပြီ။ ကမ္ဘာတ၀ှမ်းက ကက်သလစ်ဘာသာ၀င်တွေရဲ့ ဆုတောင်းမေတ္တာပြည့်၀ခဲ့မှုတွေအားဖြင့် အခုဆိုရင် ခေတ်သစ် လူငယ်ရဟန္တာလေးဖြစ်လာတော့မယ့် ဂျင်းပဲန် နဲ့ လူငယ်လေးလို့ ခေါ်ကြတဲ့ ကာလိုအာကူးတစ် ဆိုတဲ့ သူတော်မြတ် လေးကို ရဟန္တာတင်မြောက်ဘို့ ပါပါးဖရန်စစ်က အတည်ပြုလိုက်ပါပြီ။ ဗာတီကန်နန်းတော်မှာ ဂျူလိုင် ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကာဒီနယ်ကြီးများရဲ့အထူးအစည်းအဝေး မှာ အခြား ရဟန္တာ ဖြစ်လာမယ့် ၁၄ ပါးနဲ့အတူ ပါပါးဖရန်စစ်က အတည် ပြုလိုက်တာလည်းဖြစ်ပါတယ်။ လူငယ်များရဲ့…
ကက်သလစ်မီဒီယာဆုကို Shalom World News မှဆွတ်ခူးရရှိ ကမ္ဘာ့ကက်သလစ်သတင်းနှင့်စပ်လျင်း၍ အားထားရသော သတင်းစာမျက်နှာများစွာအနက် Shalom World News လည်းတစ်ခုအပါဖြစ်ပြီး မီဒီယာဆုရရှိခဲ့သည်။ အဆိုပါ သတင်းမီဒီယာဆု၏အမည်မှာ ‘Prestigious Catholic Media Association Award 2024’ (၂၀၂၄ ခုနှစ်၏ဂုဏ်သိက္ခာအရှိဆုံးကက်သလစ်သတင်းမီဒီယာဆု) ဖြစ်ပါသည်။ ဤဆုကို Atlanta မြို့၌ ကြေညာမည်ဖြစ်သည်။ Atlanta မြို့သည် အမေရိကန်ပြည်ထောင်စု၊ အရှေ့တောင်ပိုင်းပြည်နယ်ဖြစ်သော Georgia ပြည်နယ်၏အကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။ ပြည်နယ်၏စီးပွားကူးသန်းရေးနှင့်သယ်ယူပို့ဆောင်ရေးအဓိကကျသောမြို့လည်းဖြစ်သည်။ ဤဆုအတွက် Shalom World News သည်…
ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင် ကင်ညာနိုင်ငံ၌ ကက်သလစ်သီလရှင်ညီအစ်မများအဖွဲ့ကပင်လျှင် ၄င်းတို့၏ဆက်ကပ်ရှင်သန်သောအသက်တာအတွက်အကျိုးဖြစ်စေမည့်အကြောင်းအရာများကိုမျှဝေဝေင်ရန်ရည်ရွယ်၍ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုနိုင်ရိုဘီ၌စတင်ခဲ့သည်။ ဤသို့စတင်နိုင်ရန် the Conrad N Hilton ဖောင်ဒေးရှင်းကကူညီပေးထားသည်။ ယခုကဲ့သို့ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ သီလရှင်များအတွက်အကျိုးရှိသောအကြောင်အရာများကိုမျှဝေဝေင်ရန်နှင့်မိမိတို့မိခင်အ သင်းအပေါ်ထားရှိသော ကတိသစ္စာများကိုပိုမိုခိုင်မြဲစေရန်ဖြစ်ပါသည်။ ယခုကဲ့သို့ ဖွဲ့စည်းခြင်းကြောင့်ရှိလာနိုင်သည့် အကျိုးနှင့်အဆိုး၊ နောက်ဆက်တွဲအခြေအနေများအားလုံးကိုသိရှိထားပြီး ရည်ရွယ်မှသွေဖီမသွားစေရေး နှစ်ရက်တာအလုပ်ဆွေးနွေးပွဲကိုပြုလုပ်၍ပညာပေးခဲ့သည်။ ဤအလုပ်ရုံဆွေးနွေးပွဲ၌ မိမိတို့အသင်း၏လူမှုကွန်ရက်များအားလည်းကောင်း၊ သို့မဟုတ် အမှုတော်ထမ်းနေသောသာသနာ၏လူမှုကွန်ရက်လုပ်ငန်း၌တာ၀န်ထမ်းဆောင်နေသော အသင်းအသီးသီးမှသီလရှင် (၁၃) ပါးနှင့်အခြားစိတ်၀င်စားသော သီလရှင်များပါ၀င်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း အေအိုင်ဟုခေါ်သောလူအစားနည်းပညာအသုံးပြုနေသောသိမှတ်ဖွယ်ရာများနှင့်လူမှုကွန်ရက်များအကြောင်းကိုလည်းရှင်းလင်းဟောကြားခဲ့သည်။ ကင်ညာနိုင်ငံအတွင်း၌ ကက်သလစ်သီလရှင် (၇၀၀၀) ကျော်အမှုတော်ထမ်းဆောင်လျှက်ရှိသည်။ ၄င်းတို့၌ ဖတ်ရ၊ ကြားရ၊…
အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၌ကျွန်စနစ်ဖျက်သိမ်းသည့်နှစ်ပတ်လည်နေ့ကျင်းပ ဇွန်လ (၁၉) ရက်နေ့သည် အမေရိကန်နိုင်ငံအတွက်လည်း သမိုင်း၀င်နေ့တစ်နေ့ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့သည် လွန်ခဲ့ သော (၁၈၆၅) ခုနှစ်က လူ့အသိုင်းအဝိုင်း ၌ဖိနှိပ်ခံ၊ ရောင်းကုန်လူတန်းစားတစ် ရပ်အဖြစ်ရှိနေခဲ့ ကျွန်စနစ်ဖျက်သိမ်းခဲ့သည့်နေ့ဖြစ်သည်။ ထိုနေ့ကိုယခင်က တက်ဆက်စ်ပြည်နယ်တစ်ခုတည်း၌သာ ပြည်သူ့အားလပ်ရက်အဖြစ်သတ်မှတ်ကျင်းပခဲ့သော်လည်း (၂၀၂၁) နောက်ပိုင်းမှစ၍အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၏အားလပ်ရက်အဖြစ်သတ်မှတ်ကျင်းပစေခဲ့သည်။ ထိုနေ့၌ပင် ရဟန္တာအဖြစ်တင်မြောက်နိုင်ရန်အတွက် စီစစ်နေသော ရဟန္တာဖြစ်ရန်အဆင့် (၄) ဆင့်ရှိသည့်အနက် ဒုတိယအဆင့်၌ရှိနေသော ကြည်ညိုထိုက်သူ (Venerable) Augustus Tolton အားလည်းအမှတ်ရကျင်းပလေ့ရှိသည်။ သူသည် အာဖရိကနွယ်ဖွားအမေရိကန်နိုင်ငံသားများအနက် ပထမဦးဆုံးသော ကက်သလစ်ရဟန်းတော်တစ်ပါးဖြစ်သည်။ သူ့အားကျွန်အဖြစ်ဇာတ်သွင်းခံထားရသောမိဘနှစ်ပါးမှ…
ပုပ်ဖရန်စစ်သည် ယခုနှစ်စက်တင်ဘာလ၌ အာရှသို့တမန်တော်ခရီးကြွရောက်မည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခုနှစ်စက်တင်ဘာလ (၂-၁၃) ရက်အထိ အင်ဒိုနီးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့်ပါပူအာနူးဂီနီနိုင်ငံများသို့ တမန်တော်ခရီးကြွရောက်ရန်စီစဉ်ထားကြောင်း ဗာတီကန်သတင်းပြန်ကြားရေးကထုတ်ပြန်ထားသည်။ ယခုတမန်တော်ခရီးစဉ်သည် ရဟန်း မင်းကြီးဖရန်စစ်၏ (၄၃) ကြိမ်မြောက် အီတလီနိုင်ငံပြင်ပသို့ကြွရောက်သော တမန်တော်ခရီးလည်းဖြစ်သည်။ ကြွရောက်မည့်နိုင်ငံအသီးသီး၏ အာဏာပိုင်များမှဖိတ်ခေါ်ချက်ဖြင့်ကြွရောက်မည်ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာ၌ စက်တင်ဘာ (၃ မှ ၆) ရက် နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်၌မွတ်စလင်ဘာသာ၀င်ဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ကက်သလစ်ဘာသာ၀င်ဦးရေမှာ (၈) သန်း (၃.၁) ရာခိုင်နှုန်းသာရှိသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အင်ဒိုနီးရှားမှသည် ပါပူအာနူးဂီနီ၏မြို့တော်…
ပုပ်ဖရန်စစ်သည် (၂၀၂၅) ၌ကျင်းပမည့်ဂျူဗလီရက်စွဲကိုတရား၀င်ကြေညာ ကာဒီနယ်များ၊ ဆရာတော်များနှင့်ဘုရားဖူးများသည် (၂၀၂၅) ခုနှစ်၌ကျင်းပမည့်ဂျူဗလီရက် စွဲကိုရဟန်းမင်းကြီးမှကြေညာရန်ရှိသောကြောင့် စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌စိတ်လှုပ်ရှားစွာစောင့်စားနေခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်က ကျွန်ုပ်အနေဖြင့် ရဟန်းမင်းကြီး၏ဘာစီးလီကာဖြစ်သော စိန့်ပီတာဘုရားကျောင်းကြီး၏တာ၀န်ခံရဟန်းချုပ်များ၊ ကမ္ဘာတစ်၀ှမ်း၌ရှိနေကြသော ဘုရားကျောင်းများ၏တာ၀န်ခံကိုယ်စားလှယ်များအား ‘Spes non confunit’ (Hope is not confused – မျှော်လင့်ခြင်းသည်ရှုပ်ထွေးစေမည်မဟုတ်) ဟုအမည်ပေးထားသောစာချွန်တော်ကို (၂၀၂၅) ဂျူဗလီပွဲအတွက်ဖြန့်ေ၀ပေး လိုက်ပါသည် ဟုကြေညာခဲ့သည်။ ဤကြေညာစာကို ရဟန်းမင်းကြီး ၏စာချွန်တော်ဟုခေါ်ပါသည်။ ဤစာ၌ (၂၀၂၅) ခုနှစ်၏ ဂျူဗလီပွဲတော်ကြီးကို (ဒီဇင်ဘာ ၂၄) ရက်နေ့၌ စိန့်ပီတာရှိဂျူဗလီတံခါးကိုခမ်းနားစွာဖွင့်လှစ်သွားမည်ဖြစ်…
ပုပ်ဖရန်စစ်သည် ယေဇူးရွှေနှလုံးတော်နှင့်ဆိုင်သောစာချွန်တော်ကို ရေးသားထုတ်ဝေမဝေ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှငိသူမြတ်သည် ယခုနှစ် စက်တင်ဘာလ၌ ယေဇူးရွှေနှလုံးတော်နှင့်ဆိုင်သော စာချွန်တော်ကိုရေးသားထုတ်ေ၀မည်။ ထိုသို့ထုတ်ေ၀နိုင်ရန်ယခုပြင်ဆင်နေကြောင်းဟုမိန့်ကြားလိုက်သည်။ စာချွန်တော်ထဲ၌ ယေဇူးရွှေအနေဖြင့်နှလုံးတော်ကိုအဘယ်သို့ ကြည်ညိုသဒ္ဓါပွားရမည့်အကြောင်း၊ သာသနာ၌လည်း ပျောက်ဆုံးဆိတ်သုန်းနေသော ဤသဒ္ဓါကြည်ညိုမှုကိုပြန်လည်အသက်သွင်းရန်လမ်းညွှန်အလင်းဆောင်ပေးရန်ဖြစ်ကြောင်း၊ ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုခြင်းအစဉ်အလာကောင်းဆိတ်သုန်းနေသကဲ့သို့ ကမ္ဘာကြီး၌ယေဇူးရွှေနှလုံးတော်၏ချစ်ခြင်းနှလုံးသားမျိုးလည်းပျောက်ဆုံးနေကြောင်း ဇွန်လအတွင်းပထမဦးဆုံးအကြိမ် ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်၌ဘုရားဖူးများနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဇွန်လသည် ယေဇူးရွှေနှလုံးတော်အား အထူးသဒ္ဓါကြည်ညိုရသောလလည်းဖြစ်သည်။ ယခင်နှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့သည် ရဟန္တာမ မာဂရက်မေရီအာလာကော့မှယေဇူးရွှေနှလုံးတော်အားဖူးတွေ့ခဲ့ရသည့် နှစ်ပေါင်း (၃၅၀) ပြည့်သည့်နှစ်ပတ်လည်ဖြစ်ခဲ့သည်။ ထိုနှစ်ပတ်လည်အားအမှတ်ရဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်၀ှမ်း၌ ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုခြင်းကိုမိမိတို့အစီအစဉ်အတိုင်းကျင်းပလျှက်ရှိရာ လာမည့်နှစ် (ဇွန် ၂၇၊…
ပြည်နင်ဒဏ်ပေးခံခဲ့ရသည့်နီဂါရာဂွာဆရာတော် ပထမဆုံးအကြိမ် လူမြင်ကွင်း၌ပေါ်လာသည့်ပုံများ ထွက်ပေါ်လာ နီဂါရာဂွာနိုင်ငံ၏အာဏာရှင်အစိုးရသည် ကက်သလစ်သာသနာတော်ကြီးအား ပစ်မှတ်ထား ၍တိုက်ခိုက်နေသည်မှာနှစ်အတော်ကြာပြီဖြစ်သည်။ ယခုနောင်းပိုင်းနှစ်များ၌အလွန်ဆိုး၀ါးသောအခြေ အနေသို့ရောက်ရှိနေပါသည်။ နီဂါရာဂွာ၏ကက်သလစ်ဆရာတော် Rolando Alvarez သည် အာဏာရှင်အစိုးရ၏မတရားဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ သို့သော် လွန်ခဲ့သော ဇန္န၀ါရီလ (၁၄) ရက်နေ့က အကျဉ်းကျခံနေရာမှ အာဏာရှင်အစိုးရ Ortega နှင့်ဗာတီကန်တို့ကြားညှိနှိုင်း၍ ဆရာတော် Rolando Alvarez အပါအ၀င် အခြားသောဆရာတော်တစ်ပါး၊ ဘုန်းတော်ကြီး (15) ပါးနှင့်ရဟန်းလောင်းကိုရင် (၂) ပါးတို့ကို ပြည်နင်ဒဏ် (နိုင်ငံသားဖြစ်ခွင့်များဆုံးရှုံးရ) ပေးခဲ့ရသည်။ လက်ရှိ၌ ဗာတီကန်၌ခိုလှုံနေကြသည်။…