rvamyanmar

rvamyanmar

ကိုရီးယား ဓမ္မအာဇာနည်များအား သူတော်စဥ်အဖြစ်တင်မြောက်ခြင်း နှစ်၁၀၀ပြည့်အခမ်းအနားကျင်းပ။

ကိုရီးယားနိုင်ငံ Gihae (၁၈၃၉) နှင့် Byeong-O (၁၈၄၆) နှစ်များ အတွင် တရားတာ်အတွက် ညှဉ်းပန်းနှိပ် စက်သတ်ဖြတ်ခံခဲ့ရသည့် ဓမ္မအာဇာနည် ၇၉ ဦးအား သူတော်စင်အဖြစ်တင်မြှောက်ခြင်း နှစ် ၁ဝဝ ပြည့် အခမ်းအနားကို ဇူလိုင်လ ၅ ရက် နေ့က ကိုရီးယားနိုင်ငံ Seoul ဂိုဏ်းချုပ်သာသနာတွင် နှစ်တစ်ရာ ဂျူဘီလီ မစ္ဆား တရား ဟေားကြားခြင်း၊ သမိုင်းအဖြစ်အပျက်များဖော် ထုတ်ပြသခြင်း များကို ပြု လုပ်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံ Gihae (၁၈၃၉) နှင့်…

ဖာသာရ် Paschal Thi Ko Shin (SDB)(၁၄)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၁၀၊ ၇၊ ၂၀၂၅

ဒီနေ့ကျမ်းစာထဲ့မှာခရစ်တော်ဘုရားရှင်ကတပည့်တော်ကြီ၁၂ပါးကိုရွေးကောက်ပြီးတော့စေလွတ်တယ်ဆိုတဲ့အကြောင်းကိုကြာနာရပါတယ်။ သခင်ခရစ်တော်ကစေလွတ်တဲ့အခါမှာ ရည်ရွယ်ချက်တစ်ခုနဲ့ အခွင့်အာဏာတွေလည်းထည့်ပေးတယ်။ ဒါပေမဲ့ ပါဝါတော့ပါပေမဲ့ အသပြာတော့မပါရှာဘူး။ ဆင်ဆင်ရဲရဲပဲသွားရတယ်ဘုရားသခင်ရဲ့သီတင်းကောင်းကိုဟောပြောတဲ့အခါ စကားလုံပဲသုံးလို့မရတော့ပါဘူး။ နှလုံးသာပါဖိုလိုလာပါတယ်။ လွတ်လတ်တဲ့နှလုံးသား ကိုယ်ကြိုးမကြည့်တဲ့နှလုံးသား ‌မေတ္တာပြည့်နဲ့နှလုံးသားနဲ့ ဟောပြောဖို့ရန်လိုအပ်လာပါတယ်။ ကောင်းင်နိုင်ငံတော်အကြောင်းဟောပြောတဲ့အခါမှာ အေးအေးဆေးဆေးနဲ့အချိန်ဆွဲ့နေလို့မဖြစ်ဘူး။ အရေးတကြီးလိုအပ်နေတဲ့အရာဖြစ်တယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်နည်းလာကြောင်းကိုကြေငြာခိုင်ပါတယ်။ အရေမရအဖတ်မရတွေနဲ့ ထိုင်ငြင်းနေဖို့မဟုတ်ဘူး။ စကားလုံးတွေဘဝပုံစံအားဖြင့်ပါဘုရားသခင်ရဲ့မေတ္တာဂရုဏာ ကောင်းမြတ်ခြင်းနိုင်ငံတော်အကြောင်းကိုဟောပြောဖို့ကပိုပြီတော်အရေးကြီလာပါတယ်။ လူတွေရဲ့အနာနာမှာဘုရားသခင်ရှိနေတယ်။ ဒါကိုသတိမူပြီး မိမိဘဝကိုဘုရားနဲ့လျှောက်လမ်းဖို့ပြောပြပေးလိုက်တာကလည်းနိုင်ငံတော်အကြောင်းကိုဟောပြောတာနဲ့အတူတူပဲဖြစ်ပါတယ်။ ဘုရားရဲ့အကြောင်းကိုတရားပဲဟောနေလို့မရဘူး။ လုပ်ရပ်တွေလည်းပါလာဖို့လိုတယ်။ လူနာတွေကိုပျောက်ကင်းစေကြ လူနာတွေကိုသန့်ရှင်စေပြီး နတ်ဆိုးတွေကိုနှင်ထုတ်ကြလိုမှာကြာတော်မူပါတယ်။ သီတင်းကောင်းကကြာသိရုံသက်သက်ဘဲ့မလုံလောက်ပါဘူး။ လက်တွေ့လုပ်ရပ်တွေလည်းပါမှပိုပြီထိရောက်မြန်ဆန်လာပါတယ်။ ဖာသာရ်တို့အားလုံးကိုလည်း ဘုရားသခင်ကခေါ်နေတာကသူရဲ့နောက်ကိုလိုက်ပြီးချုပ်နှောက်ခံရသူတွေကိုလွတ်မြောက်စေဖို့ ကူသပျောက်ကင်းစေဖိုရန်ပဲဖြစ်ပါတယ်။ သေတဲ့သူတွေတောင်ထမြောက်အောင်ခုအချိန်မလုပ်နိုင်ရင်တောင်စိတ်ဓါတ်တွေကျပြီးဝိညာဉ်ရေးရာမှာသေနေတဲ့သူတွေ နာကျင်ခံစာနေရတဲ့သူတွေကိုပြန်လည်ကူစားပြီးလက်တွဲခေါ်ဆောင်လို့တော့ရမှာပါ။ ဘုရားသခင်ရဲ့နိုင်ငံတော်ဟောပြောခြင်မှာ ဖာသာရ်တို့အားလုံးပါဝင်ရပါမယ်ပါဝင်ဖို့လည်းဝတ္တရားရှိပါတယ်။ ဘုရားကကိုယ့်ကိုမေတ္တာသက်သက်နဲ့…

ဘုရားသခင်၏ဖန်ဆင်းခြင်းသည် စစ်တလင်းပြင်မဟုတ်။ ရှင်သန်ရန်အရင်းအမြစ်ဖြစ်သည်။

လာမည့်စက်တင်ဘာလ (၁) ရက်နေ့၌ အမိကက်သလစ်သာသနာတော်ကြီးသည် ‘(၁၀) ကြိမ်မြောက် ဖန်ဆင်းခြင်းအားကာကွယ်စောင့်လျှောက်ရေး ဆုတောင်းပေးသောနေ့’ ကိုကျင်းပရန် ပြင်ဆင်နေပါ သည်။ ထိုနေ့အတွက် ရဟန်းမင်းကြီးလီယို(၁၄) ကခရစ်ယာန်များနှင့်ဖန်ဆင်းခံကိုချစ်သောစိတ် ကောင်း နှလုံးကောင်းရှိသူတို့အားအောက်ပါအတိုင်း တိုက်တွန်းမိန့်ကြားထားပါသည်။ လူ့အသိုင်းအ၀ိုင်းသည် ပတ်၀န်းကျင်နှင့်လူမှု့တရားမျှတမှုကို အရေးတကြီးလိုအပ်ချက်ကိုသိရှိရန်လိုအပ်သည်။ လူ့အသိုင်း အ၀ိုင်းသည် ရာသီဥတုပြောင်းလဲခြင်း၊ သဘာ၀ဘေးဒဏ်များဖြစ်ပေါ်စေခြင်းနှင့်တန်းတူညီမျှမှုမရှိခြင်း စသော ကြောက်စရာဖြစ်ရပ်များသည်တိုးပွါးဖြစ်ပေါ်လျှက်ရှိကြောင်း။    ဇူလိုင် (၂) ရက်နေ့ကဖြန့်ဖြူးခဲ့သည့် ရဟန်းမင်းကြီးမိန့်ကြားသော ဩ၀ါဒ၏ခေါင်းစဉ်ကို ‘ငြိမ်းချမ်းခြင်း နှင့်မျှော်လင့်ခြင်း၏မျိုးစေ့’ ဟုအမည်ပေးထားပြီး၊  ဤဩ၀ါဒသည်လည်း ဂျူဘီလီနှစ်၏သတင်း စကားကိုဆက်လက်ကြားသိစေရန်၊ ဘာသာတူများအား ၄င်းတို့သည်…

အဝေးရောက်သားသမီးများ၏ ရင်တွင်းစကားသံများ အစီအစဉ် မိတ်ဆက်ခြင်း

ဇူလိုင်လ ၂၆ ရက်နေ့မိဘများပွဲနေ့ အမှတ်တရအနေဖြင့် ဒီနှစ်မှာတော့ “အဝေးရောက်သားသမီးများ၏ ရင်တွင်းစကားသံများ” အစီအစဉ်ကို တင်ဆက်ပေးဖို့ရညရွယ်ထားပါတယ်။ ထိုကြောင့်ဤအစီအစဉ်၌ လက်ရှိမှာ မိဘနဲ့အတူမရှိပဲ အဝေးမှာ ပညာသင်နေ၊ အလုပ်လုပ်ကိုင်နေသော သားသမီး များအားလုံးအားလုံးအတွက် ရည်ရွယ်ပြီး တင်ဆက်ရခြင်းဖြစ်ပါသည်။ ပါဝင်လိုသူများ အနေဖြင့်တစ်မိနစ်စာ ဗွီဒီယိုဖိုင်ဖြင့် မိမိ၏ မိဘများထံ ဆုတောင်းပေးတာဖြစ်ဖြစ်၊ ရင်တွင်းစကားဖြစ်ဖြစ် ပြောပြီးပို့ပေးရ မှာ ဖြစ်ပါသည်။ ဗွီဒီယိုကြာချိန်ကို အများဆုံး တစ်မိနစ်သတ်မှတ်ထားပါတယ်။ ဖုန်းဖြင့်ရိုက်ပါက အလျားလိုက်ထားပြီး ရိုက်ပို့ပေးရမည်။ အသံသေချာကြားနိုင် တဲ့နေရာမှာ အဆင်ပြေသလိုရိုက်နိုင်ပါသည်။ ပါဝင်မည်ဆိုပါက ပေးပို့သူနာမည်၊…

သာသနာလယ်ကွင်းမှာ လုပ်သားများဖြစ်ကြဖို့ ရဟန်းမင်းကြီး တိုက်တွန်း။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ (အန်ဂျေလူး) ရွတ်ဆိုခြင်းတွင် ရဟန်း မင်းကြီးလီယို ၁၄ က ကြွရောက်လာသည့်ဘုရားဖူးသူတော်စင်များအား ကျွန်တော်တို့အားလုံးသည် သာသနာပြုခြင်းလုပ်ငန်းမှာခေါ်ဆောင်ခံရသူများဖြစ်သည် ဆိုသည့်အချက်ကိုအခြေခံပြီး သာမန်ယုံ ကြည်သူများအဆင့်မှ မိမိတို့၏နေ့စဉ်အသက်တာမှာဆက်ကပ်သက် သေခံသူများဖြစ်နိုင်ကြရန် တိုက် တွန်းခဲ့ပါသည်။ ဇူလိုင်လ၆ရက်နေ့ တနင်္ဂနွေနေ့လူထုတွေ့ဆုံခြင်းမှာ ရှင်လုကာ၏ဧဝံ ဂေလိကျမ်းကို အခြေခံပြီး သာသနာတော်သည်သာသနာပြုခြင်းအသက်တာဖြစ်ကြောင်း ထောက်ရှု ဝေမျှခဲ့ပါသည်။ တမန်တော်ဝတ္ထုကျမ်းမှာပါရှိသည့် တမန်တော်ကြီး၇၂ပါးကို ခရစ်တော်စေလွှတ်ခဲ့သည့် အချက်ကို အခြေခံပြီး ဧဝံဂေလိတရားတော်၏မျှော်လင့်ချက်သည် လူမျိုးအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ် ကြောင်း၊ ရိတ်သိမ်းစရာများစွာရှိ၏၊ လုပ်ဆောင်သောသူတို့မူကနည်းကြ၏ ဟူသောကြမ်းချက်…

ဖာသာရ် Aloysius Nay Myo Swe (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ (၁၄)ကြိမ်မြောက် တနင်္လာနေ့ဩဝါဒ ၇၊ ၇၊ ၂၀၂၅

ဒီကနေ့ထောက်ရှုရမယ်ကျမ်းချက်အနေနဲ့ရှင်မာ‌တေးဦး ၉း၁၈-၂၆ထိဖြစ်ပါတယ်။ ကြားနာခဲ့ကြရတဲ့ကျမ်းချက်ထဲမှာလူပုဂ္ဂိုလ်နှစ်ယောက်ရဲ့ယုံကြည်ခြင်ကကြောင်ကိုတော့ရှုရမှာဖြစ်ပါတယ်။ ပထမတစ်ယောက်အနေနဲ့အရာရှိရဲ့အကြောင်း အရာရှိကသူ့ရဲ့သမီးကတော့ကွယ်လွန်သွားပြီဖြစ်တယ်။ ဒါပေမယ့်လို့ပြောတယ်ကျမ်းချက်ကလေးကကျနော့်၏သမီးတွေယခုပင်သေဆုံးသွားပြီ။ သို့သော်ကြွလာတော်မူ၍သူမ၏အပေါ်သို့ကိုယ်တော်၏လက်တော်ကိုတင်တော်မူလျှင်တူမ၏အသက်ပြန်ရှင်းလာပါလိမ့်မည်။ သူပြောတဲ့အထဲမှာသေသွားပြီလို့ပြောပြီးစားမယ်။ ဒါပေမယ့်လို့ကိုယ်တော်သာလျှင်လက်တော်ကိုလာပြီတော်တင်မယ်ဆိုရင်တော့သူ့ရဲ့သမီးတွေအသက်ပြန်ရှင်ပဲလို့အဲဒီအရာရှိရဲ့ယုံကြည်ခြင်းသည်သူ့ဆီမှာရှိတယ်ဆိုတဲ့အကြောင်းတွေကိုကြားနာရမှာဖြစ်ပါတယ်။ အရာရှိအနောက်ကိုသခင်ယေဇူးဟာလိုက်သွားတဲ့အချိန်မှာလမ်းမှာ၁၂နှစ်ပတ်လုံး‌သွေးသွန်နာ့စွဲနေတဲ့အမျိုးသမီးတစ်ယောက်ကကိုယ်တော်အနားကိုချဉ်းကပ်ပြီးမှသခင်ယေဇူးရဲ့ဝတ်ရုံတော်နားစလေးကိုတို့ထိရုံမျှဖြင့်ငါ့ရဲ့ရောဂါဝေဒနာပျောက်မယ်ဆိုတဲ့သွေးသွန်နာ့စွဲနေတဲ့အမျိုးသမီးရဲ့ယုံကြည်ခြင်းကိုလည်းကျနုပ်တို့ဒီကနေ့ကြားသိကြရမှာဖြစ်ပါတယ်။ ရောဂါပျောက်ပါစေလို့ဆုတောင်းဆရာတောင်မလိုပါဘူး။ သူမကတော့အဲဒီဝတ်ရုံတော်ကိုထိရုံဖြင့်သူမရောဂါ‌ပျေက်ကင်းမည်ဟုယုံကြည်ခြင်းရှိတာကိုတွေ့ရပါတယ်။ ဒီကနေ့ အက်ဒီနှစ်ယောက်ရဲ့ယုံကြည်ခြင်းနဲ့ကျမ်းချက်ကလေးကိုကြားနာရပါတယ်။ ဒါကြောင်းယုံကြည်ခြင်းဆိုတာဘာလဲ။ ကျမ်းစာထဲမှာအနက်အဓိပ္ပါယ်ဖွင့်ထားတာကိုပြန်ကြည့်မယ်ဆိုရင်တော့‌ဟေဗြေသြဝါဒစားး၁၁:၁မှာယုံကြည်ခြင်းသည်မျှော်လင့်သောအရာများကိုစိတ်ချစွာစောင့်မျှော်ခြင်းသည် မမြင်ရသော်လည်းအမှန်တည်ရှိသောအရာတို့၏ထင်ရှားသောသတ်သေဖြစ်၏။ ဒါက‌ဟေဗြေသြဝါဒစာမှာသူသုံးထားတာတွေ့ရပါတယ်။

ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၄)ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၆၊ ၇၊ ၂၀၂၅

ဒီကနေ့ဖတ်ရတဲ့ ရှင်လုကား ၁၀◌း၁-၉မှာယေဇူးခရစ်တော်သည်အခြားသောတပြည့်တ်ေ၇၀တို့ရွေးကောက်ပြီလျှင် ကိုယ်တော်တိုင်ကြွရောက်မည်မြို့ရွာအသီသီသို့ ၂ပါးစီကြိုတင်စေလွတ်တော်မူ၏တဲ့ ရှင်လုကားအခန်းကြီ၉ မှာလည်းတပြည့်တော်ကြီးတစ်ဆယ်နှစ်ပါးကို တရားဟောဖို့စေလွတ်တော်မူတဲ့အကြောင်းသိရပါတယ်။ ဒါကြောင့်သသာနပြုဖို့၊တရားဟောဖို့ဆိုတာကတပြည့်တော်ကြီတစ်ဆယ်နှစ်အပြင်တခြားသောအပါး၇၀ လည်းတာဝန်ရှိကြသလို ယနေ့အသင်းတော်ထဲ့မှာလည်း သသာနပြုဖို့၊ တရားဟောဖို့ဆိုတာကရဟန်း၊ သီလှရှင်၊ ဓမ္မဆရာ‌တွေအပြင်ဘာသာတူတွေမှာလည်းတာဝန်ရှိကြပါတယ်။ ဘာကြောင့်ဝမ်းမြောက်စရာသိတင်းကောင်းကိုဟောပြောရမှာလည်း။ ဘာကြောင့်ဟောပြောရမှာလည်းဆိုတော့ဝမ်းမြောက်ဖယ်ရသိတင်းဖြစ်နေ့လိုပါပဲ့။ ဝမ်းမြောက်ဖယ်ရာသိတင်းဖြစ်တယ်ဆိုရင်တော့ မပြောပြပဲဖုံးဖီထားလို့မရပါဘူး။ ကြည့်ပါလာ အနူရောဂါသည်တစ်ယောက်သခင်ယေဇူးကသူကိုရောဂါပြောက်ကင်စေလိုက်ပြီး ငါမင်းကိုကူသပေးတယ်ဆိုတာဘယ်သူကိုမှမပြောနဲ့လိုမှာလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီလူကအနူရောဂါပြောက်ကင်သွားတာကို ဝမ်းသာလွန်းလို့ သူရောဂါပြောက်ကင်းသွားကြောင်း ဘယ်သူကတန်ခိုးတော်နဲ့ပြောက်ကင်စေကြောင်း လည့်လယ်ပြောတော့တာပဲမပြောပဲမနေနိုင်ဘူး။ ရှင်ပေါလ်လူနဲ့ တမန်တော်တွေလို့ပေါ ဒါပေမဲ့ဘုရားနဲ့အက်ဒီလို မထိတွေ့ကြနဲ့သူတွေကတော့ဝမ်းလည်းဝမ်းမသာနိုင်ဘူး ပြောချင်စိတ်လည်းမရှိကြပါဘူး။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရတာ လွယ်တဲ့ကိစ္စလား ?

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့… “လွယ်လွယ်လေး”ဆိုတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားအများစုဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ စိတ်ဝင်စားကြပါတယ်။ သို့သော် ထိုအများစုကပဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရတာ ခက်ခဲတယ်လို့ ထင်မြင်ကြပါတယ်။ လူအချို့ကြတော့လည်း ကိုယ်တိုင်လက်တွေ့မလုပ်နိုင်တဲ့အရာ၊ အာရုံစိုက်အချိန်ပေးလုပ်ရတဲ့အရာပဲဖြစ်တယ်လို့ ထင်မြင်ကြပါတယ်။ တကယ်ကော… ကျွန်ုပ်တို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရတာ ထင်သလောက်ခက်ခဲရဲ့လား၊ လွယ်ကူရဲ့လားဆိုတာ ဒီဗီဒီယိုလေးထဲမှာ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် – ဇော်နိုင်ဦးတည်းဖြတ် – စတီဗင်