rvamyanmar

rvamyanmar

လူသားတွေဟာ သဘာဝတရားရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်သလား?

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “သဘာဝတရား၏ စွမ်းအားများ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေ၊ မိုးအသည်းအသန်ရွာသွန်းမှုတွေကြောင့် ရေကြီးတာတွေစတဲ့ ဒုက္ခအမျိုးမျိုးကို ကိုယ်တိုင်ကြုံတွေ့ရသလို၊ လူမှု့မီဒီယာစာမျက်နှာတွေမှာလည်း များစွာတွေ့လာရပါတယ်။ မိတ်ဆွေတို့အားလုံး သိကြတဲ့အတိုင်း ကျွန်ုပ်တို့ ကမ္ဘာကြီးနဲ့ လူသားတွေဟာ ရခင်ကထက် ပိုပြီး တိုးတက်လာတာကို သိကြမှာပါ။ ထိုသို့ တိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ လုပ်ဆောင်နိုင်မှုစွမ်းအားတွေဟာ ပိုမိုများပြားလာပါတယ်။ တစ်ခါတုန်းက လူသားတွေဟာ တိရစ္ဆာန်တွေကို ကြောက်ရွံ့ရတဲ့ သတ္တဝါတွေဖြစ်ပေမယ့်၊ ယခုအခါ ထိုတိရစ္ဆာန်တွေကိုပင် လိုသလို အသုံးချနိုင်လောက်တဲ့အဆင့်ထိ ရောက်ရှိနေပါပြီ။ ထိုသို့ ပါဝါ ကြီးမားလှတဲ့ လူသားတွေဟာ…

အချစ်ဆုံးသူငယ်ချင်းအဖြစ်နဲ့ ဘဝလက်တွဲဖော်အဖြစ် သို့ တည်ဆောက် နိုင်ဖို့ ခင်မင်မှုကလည်း အရေးကြီးပါတယ်

Importance             ဒီနေ့မှာ အချစ်ဆုံးသူငယ်ချင်းအဖြစ်နဲ့ ဘဝလက်တွဲဖော်အဖြစ် relationship တည်ဆောက် နိုင်ဖို့ ခင်မင်မှုကလည်း အရေးကြီးပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။             စုံတွဲတစ်တွဲက တစ်ခါတစ်လေ တသက်တာ လက်တွဲဖော်မဖြစ်ပေမဲ့ အချစ်ဆုံး သူငယ်ချင်း တွေ ဖြစ်နေရင် ဒါကလည်း special bond အထူးခိုင်မြဲစွာ ချည်နှောင်နေတဲ့အတွက် နောက်ပိုင်းမှာ အချစ်ဇာတ်လမ်းတွေဖြစ် ကျော်လွန်ရောက်ရှိသွားနိုင်ပါတယ်။             သူငယ်ချင်း အချင်းချင်း ဆွဲဆောင်မှုထက် အချစ်က ပိုပြီး နက်ရှိုင်းနေရင်၊ ရင်းနှီးတဲ့ မိတ်ဆွေ အဖြစ်ထက် ပိုနေရင်…

ကာမဲလ်တောင်မယ်တော်သခင်မ

ကာမဲလ်တောင်မယ်တော်အကြောင်းကိုတက်ဆက်ပေးထားပါတယ်။ကာမဲလ်တောင်မယ်တော်ဆိုတာ အစ္စရေးနိုင်ငံမှာရှိတဲ့ မြေထဲပင်လယ်ကိုမျက်နှာမူထားတဲ့ လှပတဲ့အငူစွန်းမှာရှိတဲ့ ကာမဲလ်လိုက်ရသေ့ကျောင်းနဲ့ရသေ့တွေကိုစောင့်ရှောက်တဲ့မယ်တော်ဖြစ်ပါတယ်။ဘီစီ ၈၅၀ ပရောဖက်ဧလိယလက်ထက်ကနေစပြီး ကာမဲလ်တောင်ဟာသန့်ရှင်းတော်နေရာ ဘုရားသခင်အပေါ်လူတို့သစ္စာရှိသည့်အမှတ်လက္ခဏာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာပဲ ပရောဖက်ဧလိယဟာ ဘားဘုရားအပေါ်မှာ ထာဝရဘုရားသခင်ရဲ့တန်ခိုးအာဏာဆက်ရှိကြောင်းကို အီစရာအဲလ်လူမျိုးတွေကို စုဝေးစေပြီးပြသခဲ့တဲ့နေရာလဲဖြစ်ပါတယ်။သက္ကရာဇ်၁၁၅၀ခုနှစ်မှာ သံပရက်ထုဟာ ဘုရားမယ်တော်ရဲ့ကူညီစောင့်ရှောက်ခြင်းအောက်မှာ ကာမဲလ်လိုက်ဂိုဏ်းကိုတည်ထောင်ခဲ့ပါတယ်။ဆင်းရဲခြင်းပါရမီနဲ့ အစာရှောင်ခြင်း ဆိတ်ငြိမ်ခြင်း စတဲ့ တင်းကျပ်တဲ့ဉပဒေတွေကိုပြဌာန်းခဲ့ပါတယ်။ခရူးစိတ်စစ်ပွဲပြီးဆုံးပြီးတဲ့နောက်ပိုင်းမှာ သံစီမွန်စတော့ဟာ တမန်တော်လုပ်ငန်းတွေကိုလုပ်ကိုင်တဲ့နေရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ရန်အတွက် ကာမဲလ်လိုက်ဂိုဏ်းကို တောင်းရမ်းစားတဲ့ ရဟန်းဂိုဏ်းအဖြစ်သို့ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ပါတယ်။ကာမဲလ်တောင်စကာပြူလာကိုကြည်ညိုသဒ္ဒါပွားခြင်းဟာ မယ်တော်ပေးခဲ့တဲ့ဗျာဒိတ်တော်အပေါ်မှာ အခြေခံလျှက်ရှိပါတယ်။၁၂၅၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ မွန်မြတ်သောမယ်တော်ဟာ အင်္ဂလန်နိုင်ငံ ကန်းဘိတ်မှာရှိတဲ့ ကာမဲလ်လိုက်ဂိုဏ်းရဲ့အကြီးအကဲဖြစ်တဲ့ သံစီယန်စတော့ကို ထင်ရှားပြခဲ့ပါတယ်။မယ်တော်ဟာသူ့ကိုအညိုရောင်စကာပြူလာကိုပေးအပ်ခဲ့ပြီးဒီစကာပြူလာကိုဝတ်ဆင်တဲ့သူတိုင်းဟာအထူးစောင့်ရှောက်ခြင်းခံရသည်သာမကပဲ…