ရဟန်းမင်းကြီးဖရန်စစ်က ‘အမိမယ်တော် သည် ကျွန်ုပ်တို့အားထာ၀ရအသက်သို့ဦးဆောင်သည်’

ရဟန်းမင်းကြီးဖရန်စစ်က ‘အမိမယ်တော် သည် ကျွန်ုပ်တို့အားထာ၀ရအသက်သို့ဦးဆောင်သည်’ ဟုဩဂုတ်လ (၁၅) ရက်နေ့ကမိန့်ကြားခဲ့ ကျွန်ုပ်တို့၏မိခင်မယ်တော်မာရိယာသည် ကျွန်ုပ်တို့တို့အားပျော်ရွှင်၀မ်းမြောက်စွာဖြင့် သူ၏သားတော်ထံဦး ဆောင်လမ်းပြနေသည်။ နှစ်စဉ် ဩဂုတ်လ (၁၅) ရက်နေ့သည် အမိမယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရသောပွဲနေ့ကိုကျင်းပလေ့ရှိသည်။ ဤပွဲတော်သည် တနဂ်နွေနေ့ကဲ့သို့ခမ်းနားစွာ၀တ်ပြုကျင်းပရသော Solemnity ပွဲတော်အမျိုးအစားဖြစ်သည်။ ဤပွဲတော်ကို (နို၀င်ဘာလ ၁၊ ၁၉၅၀) ခုနှစ်၊ ထိုစဉ်ကသာသနာကိုဦးဆောင်နေသော ရဟန်းမင်းကြီးပီအုစ် (၁၂) က အမိကက်သလစ်သာသနာတော်ကြီး၏ယုံကြည်ရာအချက်များအနက်တစ်ချက်အဖြစ် Munificentissimus Deusစာချွန်တော်ထုတ်ပြန်၍ကြေညာခဲ့သည်။ အဆိုပါရဟန်းမင်းကြီး ၏စာချွန်တော်၌ အမိမယ်တော်သည် သူမတူသောကောင်းချီး၊ အပြစ်အကြေးအညှော်မှလုံး၀ကင်စင်စွာဖြင့် သန္ဓေတည်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ခန္ဓာတော်သည်…