
ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၈)ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၃၊ ၈၊ ၂၀၂၅



အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “မဆိုင်သလို မနေပါနဲ့” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားကိုတော့ လူတိုင်းသတိပြုမိကြမှာပါ၊ သတိမပြုလို့လည်း မရပါဘူး။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဟာ ထိုသဘာဝတရားကြီးရဲ့ ဖောက်ပြန်မှုကို ကြုံတွေ့နေကြရလို့ပါပဲ။ ကျွန်တော်တို့တွေက ထိုသဘာဝတရားရဲ့ ဖောက်ပြန်မှုကို ဘယ်သူမှ မခံစားခြင်ကြတာတော့ အမှန်ပါ။ သို့သော် ထိုအရာကို ပြန်လည်ကောင်းမွန်အောင်၊ ပို၍မဆိုးလာဖို့ ထိန်းသိမ်းမယ့်နည်းလမ်းတွေကို လေ့လာတဲ့လူတွေဟာ အလွန်ကိုရှားပါတယ်။ လူအများစုဟာ ထိုသဘာဝတရားဆိုတဲ့အရာကို ကိုယ်နဲ့မဆိုင်သလို နေထိုင်နေကြပါတယ်။ ထိုကြောင့် ဒီဗီဒီယိုလေးထဲမှာ “ကိုယ်နဲ့မသက်ဆိုင်ဘူး” လို့ထင်တဲ့သူတွေကို ပြန်လည်သတိပေးရင်း သဘာဝတရား၏…



ဘဝမှာ ပြောဖို့ရာ အခက်ခဲဆုံး စကားလုံးသုံးလုံးက ဘာများဖြစ်မလဲလို့ တွေးမိကြဖူးလား..။ အများစုက “I love you” (ငါချစ်တယ်) လို့ ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ လူတစ်ယောက်ဘဝမှာ ပြောဖို့ အခက်ခဲဆုံး စကားလုံးသုံးလုံးက “I was wrong” (ငါမှားတယ်) ဆိုတာပါ။လူတိုင်းလိုလို ကိုယ့်အမှားကို ဝန်ခံရတာ ခက်ခဲကြပါတယ်။ အထူးသဖြင့် စကားနိုင်လုတွေ၊ ငြင်းခုန်တာတွေမှာ ကိုယ်ဘက်က မမှန်ဘူးဆိုတာ သိသိချင်း ဝန်ခံနိုင်ဖို့. အတော့်ကို မလွယ်တာပါ။ ကိုယ့်အမှားကို ဝန်ခံလိုက်တာနဲ့ “ငါရှုံးသွားပြီ” ဆိုတဲ့ခံစားချက်၊…

To Become ဒီနေ့မှာ ဆယ်ကျော်သက်အရွယ်ကနေ အောင်မြင်တဲ့ ကြီးကောင်ဝင်အရွယ်ရောက်ဖို့ မိဘ တွေ ရှာဖွေဖော်ထုတ်နိုင်မဲ့ နည်းလမ်းလေးတွေကို Sharing လုပ်ပေးသွားမှာပါ။ များသောအားဖြင့် ဆယ်ကျော်သက်ရွယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရတာက မလွယ်တဲ့ အကြောင်း မိဘတိုင်းသိကြပါတယ်။ မြေတောင်မြှောက်ရတာ အင်မတန်မှ ခက်ခဲတယ်လို့ ထင်ရပေမယ့် အကျိုးအကြောင်းလေး တွေကို သိရင်တော့ မိဘတွေအနေနဲ့ လွယ်ကူလာပါလိမ့်မယ်။ လူတစ်ယောက်က ရောဂါတစ်ခုရလာရင် ရောဂါနဲ့ ဆိုင်တဲ့ ကုထုံး treatment care ပြုစု စောင့်ရှောက်ပေးရသလို…

Daily Reflection 31 July 2025 Matthew 13: 47-53ဓမ္မမိတ်ဆွေတို့ သခင်ခရစ်တော် သူ့ရဲ့တရားတွေဟောကြားလှည့်လည်တဲ့နေရာတွေဟာ ဂါလေးယာ ပင်လယ်ကမ်းခြေတလျောက်မှာဖြစ်ပြီး၊ ငါးဖမ်းသမားတွေရဲ့နေ့စဉ်ဘဝတွေ၊ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေနဲ့ရှင်ပြီးတော့မှ သူ့ရဲ့တရားကိုနေ့စဉ်အဖြစ်အပျက်တွေကိုအခြေခံပြီး ပုံဥပမာအနေနဲ့အတူဟောလေ့ရှိတယ်။ ဒီကနေ့ကျမ်းစာမှာလည်း ကောင်းကင်နိုင်ငံတော်ဟာပိုက်ကွန်နဲ့တူတယ် ပင်လယ်ထဲမှာရှိတဲ့အရာအားလုံးကိုဆွဲယူတယ်။ ဒီအချက်ကဘာကိုဆိုလိုသလဲဆိုရင် ကောင်းကင်နိုင်ငံတော်ဟာလူတိုင်းအတွက်ဖြစ်တယ်။ ကောင်းတဲ့သူမကောင်းတဲ့သူ၊ ဆိုယူတဲ့သူမဆိုးယုတ်တဲ့သူ၊ အရက်သမား၊ ဖဲသမား၊ မိန်းမလိုက်စားသူ၊ လောင်းကစားလုပ်သူ၊ လူသားသမား၊ လူသတ်လက်နှက်ရောင်းချသူ၊ လူသတ်ဆေးဝါးရောင်းချသူ၊ ကိုယ်ဝန်ဖျက်ချသည့်ဆရာဝန်၊ ဘုန်းတော်ကြီး၊ မယ်သီလ၊ သာမန်လူဝတ်ကြောင်၊ ဒီထဲမှာအားလုံးပါတယ်။ ကောင်းကင်နိုင်ငံတော်ကလူတိုင်အတွက် လူတိုင်ပါဝင်လို့ရတယ်။ သို့သော်လည်းထိုက်တန်သူသာလျှင် ရွေးချယ်ခံရလိမ့်မယ်။ ကောင်းတဲ့ငါးတွေကို…
ရဟန်းမင်းကြီးလေအို (၁၄) သည် အင်္ဂါနေ့ညက ကမ္ဘာ့လူငယ်များ၏ဂျူဗလီမစ္ဆားကိုမွန်ဆီညှော် Rino Fisichella မှဦးဆောင်ပူဇော်အပြီးရောမမြို့၌ရောက်ရှိနေသောလူငယ်များအားလှိုက်လှဲစွာကြိုဆိုခဲ့သည်။ ကမ္ဘာ့လူငယ် များ၏ဂျူဗလီမစ္ဆားကို စိန့်ပီတာရင်ပြင်၌ပင်ပူဇော်ခဲ့သည်။ မွန်ဆီညှော် Rino Fisichella သည် ဧ၀ံဂေလိပြန့်ပွားရေးရုံး၏ တာ၀န်ခံလည်းဖြစ်သည်။ ရဟန်းမင်းကြီးသည် သူ၏စီးတော် ယာဉ်ဖြင့်ကွင်းထဲပြည့်လျှံနေသောလူငယ်များအားကြည့်ရူပြီး ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။ ရဟန်းမင်းကြီးက ဘုရားဖူးဂျူဗလီခရီးပြုရန်ရောက်ရှိနေကြသောကမ္ဘာ့လူငယ်များအား သင်တို့သည် လောက၏ဆား၊ သင်တို့သည် လောက၏အလင်းဖြစ်ကြသည်ကိုမမေ့ရန်၊ ယနေ့သင်တို့၏အသံများ၊ သင်တို့၏တက်ကြွမှုများ၊ သင်တို့၏အော်သံများ စသော စသောအရာအားလုံးသည် ယေဇူးခရစ္စတူး အတွက်ဖြစ်စေပါ။ ကမ္ဘာဆုံးထိတိုင်ကြားရ စေသားဟုသတိပေး၊ အသိပေးမိန့်ကြားခဲ့သည်။ ဆက်လက်၍ ယနေ့မှစရက်အနည်းခရီးပြုကြမည်။ ထိုခရီးသည်မျှော်လင့်ခြင်း၏ဂျူဗလီ…

Daily Reflection 30 July 2025 Matt 13:44-46ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတဦး ကျမ်း ၁၃:၄၄-၄၆ မှာ တန်းဖိုးကြီးတဲ့ ထာဝရအသက် ဘယ်မှာရှိတယ်။ ကေားကင်နိုင်ငံကို ဘယ်လို ရယူရမယ် ဆိုတဲ့ပုံဥပမာကို သခင်ခရစ်တော်ဟေားကြားခဲ့တယ်။ တန်ဖိုကြီးတဲ့ရတနာ ဘယ်မှာရှိလဲး သိမှ ရမယ်သိပြီးရင် ရယူဖို့အတွက် အရင်းအနှီး ပေးဆပ်ရမယ်။ ဒီကနေ့ကျမ်းစာထဲကတန်ဖိုးကြီးတဲ့ပုလဲရတနာကဘာကိုကိုစားပြုတာလဲ၊ ကောင်းကင်နိုင်ငံ၊ ထာဝရအသက်၊ ဘုရားနဲ့အတူနရခြင်း၊ ပြီးပြည်စုံးသောဘဝ၊ အဆုံးအစမဲ့ ပျော်ရွှင်ရခြင်း၊ ကျနော်တို့ယုံကြည်သူကက်သလစ်ဘာသာဝင်တွေ ဘာအတွက်ဘုရားကျောင်းသွားကြတာလည်း။ ဘာအတွက်စုတောင်းကြတာလဲ၊ ဘာအတွက်ကရုဏာလုပ်ငန်းတွေလုပ်ကြတာလည်း။ ဘာအတွက်ပေးကမ်းစွန့်ကြဲခြင်းတွေ၊ အစာရှောင်၊ဝါရှောင်၊…
ဘုရားကျောင်းအတွင်း၌ ကိုယ်တော်မြတ်ဖူးနေစဉ်ပစ်သတ်ခံရသော ဓမ္မအာဇာနည်များ၏သွေးသည် ငြိမ်း ချမ်းရေး၊ ရင်ကြားစေ့ရေး၊ညီအစ်ကိုရင်းစိတ်ဓာတ်နှင့် မိမိတို့ပြည်သူကိုချစ်သောစိတ်များ တိုးပွား စေမည့် မျိုးစေ့များဖြစ်ကြပါစေသားဟု ရဟန်းမင်းကြီးလေအို (၁၄) သည် ကွန်ဂိုသမ္မတနိုင်ငံအတွင်းရှိ Komanda ကက်သလစ်ဘုရားကျောင်း၌ ပစ်သတ်ခံရသူတို့နှင့်စပ်လျင်း၍ ကြေကွဲ၀မ်းနည်းစွာ ဆုတောင်းပေးခဲ့သည်။ ပြီးခဲ့သောတနဂ်နွေနေ့က အရှေ့ကွန်ဂို၊ Ituri ခရိုင်၌ ကိုယ်တော်မြတ်ဖူးဆုတောင်းနေသောကက်သလစ် ဘာသာတူ (၄၀) ခန့်အခင်းဖြစ်ပွားသည့်နေရာ၌ပစ်သတ်ခံခဲ့ရသည်။ သူပုန်တို့သည်၀တ်ပြုဆုတောင်းနေသောဘုရား ကျောင်းထဲသို့၀င်ရောက်လာပြီး ၀တ်ပြုနေသူတို့အပေါ်ကျည်မိုးရွာသွန်းပါတော့သည်။ အမျိုးသမီး၊ ကလေးသူငယ်များအပါ အ၀င်အနည်းဆုံး (၃၈) ဦးသည် ၀တ်ပြုနေသောဘုရားကျောင်း၌ပင် အသက်ဆုံးရှုံးခဲ့ကြောင်း၊ အခြား (၅) ဦးမှာရွာနီးချုပ်စပ်၌ပစ်သတ်ခံရသည်ဟုအတည်ပြုနိုင်ခဲ့သည်။…