
ရဟန္တာ ဒေါမိနစ်

ဒီကနေ့မှာတော့ဩဂုတ်လ၈ ရက်နေ့ရဲ့ပွဲနေ့ရှင်ဖြစ်တဲ့ ရဟန္တာဒေါမိနစ်အကြောင်းနဲ့ စိန်ဒေါမိနစ်ကို မယ်တော်သခင်မဖော်ပြခဲ့တဲ့ စိပ်ပုတီးစိပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ဆက်ပေးချင်ပါတယ်။စိန်ဒေါမိနစ်ကို ၁၁၇၀ ခုနှစ်မှာ စပိန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ရဟန်းသိက္ခါခံယူပြီးတဲ့နောက်မှာအော်စမာမြို့မှာရှိတဲ့ကက်သီဒြယ်မှာတာဝန်ချခြင်းခံခဲ့ရပါတယ်။အဲ့ဒီနေရာမှာသူဟာ စိန်ဩဂုတ်စတင်းရဲ့ ဉပဒေတွေကိုလိုက်နာကျင့်ကြံခဲ့ပါတယ်။၁၂၀၄ခုနှစ်မှာဒိန်းမတ်စ်ကို သွားတဲ့လမ်းခရီးမှာဟော်တည်ပိုင်ရှင်တဦးကိုပြောင်းလဲစေခဲ့ပါတယ်။ဒါကြောင့်ဒေါမိနစ်ဟာတရားဒေသနာဟောကြားခြင်းဟာသူ့ရဲ့စိတ်ဓာတ်တက်ကြွမှုကိုဖြစ်ပေါ်စေတဲ့အဓိကစွမ်းရည်ဖြစ်ကြောင်းသိရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာပြင်သစ်နိုင်ငံတောင်ပိုင်းမှာထွန်းကားလျက်ရှိတဲ့ဘာသာရေးဂိုဏ်းတစ်ခုကို ပြောင်းလဲစေဖို့ရန်အတွက်စေလွှတ်ခြင်းခံခဲ့ရပါတယ်။နှစ်အနည်းငယ်ကြာအောင်အပြင်းအထန်တရားဟောခြင်းတွေကြောင့်လည်းကောင်း သူရဲ့သန့်ရှင်းတဲ့ဘဝနေထိုင်မှုနဲ့ပုံသက်သေတွေကြောင့် လူအများအပြားဟာကက်သလစ်ဘာသာကိုပြန်လှည့်ယုံကြည်လာကြပါတယ်။အယူဝါဒလွဲမှားသူတွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာအောင်မြင်မှုရှိတဲ့ရသေ့တွေကို ဒေါမိနစ်က ဓားအစားဆုတောင်းမေတ္တာဖြင့်သင်တို့ကိုယ်ကိုသင်တို့လက်နက်တပ်ဆင်ပါ။ကောင်းသောအဝတ်အစားတွေအစား နှိပ်ချခြင်းကိုယူသင်ဝတ်ဆင်ပါလို့ ဟောကြားခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ရဲ့ကောင်းမွန်တဲ့ဆုံးမဩဝါဒတွေကို ဘယ်စာအုပ်ကနေလေ့လာသလဲလို့မေးတဲ့အခါမှာ သူဟာချစ်ခြင်းမေတ္တာစာအုပ်ကလွဲပြီး ဘယ်စာအုပ်ကမှမဟူတ်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ဒီလိုနဲ့ဒေါမိနစ်ဟာသူ့ရဲ့သာသနာပြုအပေါင်းအပါအနည်းငယ်နဲ့အတူ အသင်းတော်ကိုဆန့်ကျင်ပြီးလွဲမှားတဲ့အယူဝါဒတွေကို ဟောပြောနေသူတွေကို ခုခံတန်ပြန်နိုင်ဖို့ရန်အတွက် ဟောပြောသက်သေခံခြင်းကိုအလေးပေးထားတဲ့ ဒေါမိနစ်ကန်အသင်းဂိုဏ်းကို၁၂၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။သူ့ရဲ့အသင်းသားတွေဟာ မွန်မြတ်သောစာပေလေ့လာမှုနဲ့ တရားဟောပြောခြင်းတွေကိုပြုလုပ်ဆက်ကပ်ကြပါတယ်။ သူတို့အသင်းဂိုဏ်းဟာ တရားဝင်ထောက်ခံမှုကို ၁၂၁၆ ခုနှစ်မှာရရှိခဲ့ပါတယ်။စိန်ဒေါမိနစ်ကို…







