
ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၁၉)ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ဩဝါဒ ၁၀၊ ၈၊ ၂၀၂၅



“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ ဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ဖန်ဆင်းခံလောကနှင့် ကမ္ဘာမြေ’ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်တွေအနေနဲ့ ကမ္ဘာမြေနှင့် မမြင်နိုင်တဲ့အရာတွေကို ဘုရားရှင်ဖန်ဆင်းပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဘုရားသခင်က ကုန်းမြေနှင့်အတူ သက်ရှိမျိုးစိတ်များကို အပြန်အလှန် မှီခိုပြီး လှပစွာ ဖန်ဆင်းခဲ့ပါတယ်။ ထိုသက်ရှိတွေထဲကမှ အရေးပါဆုံးဖြစ်တဲ့ ကျွန်တော်တို့ လူသားတွေကို ဖန်ဆင်းခဲ့ပြီး ထိုကမ္ဘာမြေကြီးမှာရှိသမျှသော အရာတွေကို စိုးမိုးအုပ်ချုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ သို့သော် ယခုခေတ်အခြေအနေမှာ ကျွန်တော်တို့ လူသားတွေဟာ ဘုရားသခင်ရဲ့ အမိန့်တော်အတိုင်း လိုက်နာနေကြရဲ့လားဆိုတာကို ဒီဗီဒီယိုလေးထဲမှာ တင်ပြပေးသွားမှာပဲ…

ရဟန်းမင်းကြီးမှဂါနာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ အဆိုပါကြေးနန်းစာပေး ပို့ရခြင်းမှာ ဩဂုတ်လ (၆) ရက်နေ့က စစ်တပ်ရဟပ်ယာဉ်တစ်စီးပျက်ကျခဲ့ရာလိုက်ပါသွားကြသူအားလုံးအ သက် ဆုံးရှုံးခဲ့ကြသည်။ ရဟပ်ယာဉ်ပေါ်၌လေယာဉ်မှူး (၃) ဦး၊ ခရီးသည် (၅) ဦးလိုက်ပါသွားခဲ့ကြောင်းသိရ သည်။ အဆိုပါလေယာဉ်သည် တရားမ၀င်မိုင်းတူးဖော်နေသောလုပ်ငန်းကို စီစစ်ရန် အိုဘူအာစီ (Obuasi) မြို့သို့ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။ ထိုဒေသသည် တောတောင်အလွန်ထူထပ်သည်။ ရဟန်းမင်းကြီး၏ကြေးနန်းစာကို ဩဂုတ်လ (၇) ရက်နေ့ကပေးပို့ခဲ့သည်။ ကြေးနန်းစာထဲ၌ ရဟန်းမင်း ကြီးအနေဖြင့် လေယာဉ်ပျက်ကျမှု၌အသက်ဆုံးရှုံးခဲ့သောသူတို့အတွက်အထူးသတိရဆုတောင်း ပေး မည်ဖြစ်ကြောင်း၊ ထို့အတူ ပူဆွေးငိုကြွေးနေကြမည့်၄င်းတို့၏မိသားစု၊ ဆွေမျိုးသားချင်း၊ လုပ်ဖော် ဆောင်ဖက်များအတွက်လည်းဘုရားသခင်၏နှစ်သိမ့်ခြင်း ကောင်းချီးခံစားရစေရန်…

ကမ္ဘာ့အစိတ်ပိုင်းများစွာ၌စစ်မက်များဆက်လက်ဖြစ်ပွားလျှက်ရှိသကဲ့သို့ လူသားများစွာသည်လည်း ထိုဆိုးကျိုးကိုခါးစီးခံစားဖြတ်သန်းနေကြရသည်။ အထူးသဖြင့် ဂါဇာ၊ ဆူဒန်၊ ယူကရိန်း၊ မြန်မာ၊ ဟေတီ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီးရီးယားနိုင်ငံများ၌စစ်မီးတောက်လောင်လျှက်ရှိသည်။ ထို့ကြောင့် (UISG) ဟုခေါ်သော the International Union of Superiors General (သူတော်စင်အသင်းအသီးသီး၏ ဂိုဏ်းချုပ် အကြီးအကဲများအဖွဲ့) မှ ဩဂုတ်လ (၁၄) နေ့၌ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ၀ါရှောင်ဆုတောင်းကြရန် အရေး ပေါ်ကြေညာချက်ထုတ်ပြန်ပန်ကြား ထား သည်။ ထိုနေ့သည်ကား အမိမယ်တော်ကောင်းကင်ဘုံသို့ဘုန်း တော်ဂုဏ်တော်နှင့်ပင့်ဆောင်ခံရသော ပွဲနေ့ကြီး၏အကြိုနေ့လည်းဖြစ်သည်။ အမိမယ်တော်သည် ငြိမ်းချမ်းရေး၏အမျိုးသမီးဖြစ်သည်။ ကမ္ဘာ့ဆင်ခြေဖုံးဒေသ၌နေထိုင် သူဖြစ် သော်လည်း ကမ္ဘာ့လူသားထု၏ဒုက္ခဝေဒနာကိုနှစ်နှစ်ကားကားမျှဝေခံထမ်းသူဖြစ်သည်ကြောင်း၊…

မြစ်ကြီးနားသာသနာမှ ဦးပဥ္စင်းကြီး (၄)ပါး၏ ထာဝရရဟန်းသိက္ခာခံယူခြင်းမစ္ဆားတရားတော်မြတ်ကို မြစ်ကြီးနားသာသနာ၊ ဧဒင် စိန့်လုကာ ဓမ္မကော်လိပ်ကျောင်း၌ (၆၊၈၊၂၀၂၅)နေ့ နံနက်၉:ဝဝ နာရီအချိန်၌ ဆရာတော်ကြီး John Mung Ngawn La Sam ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ထာဝရ ရဟန်းသိက္ခာခံယူမည့် ဦးပဥ္စင်းကြီးများမှာ မြစ်ကြီးနားသာသနာ၊ ဝိုင်မော်သာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Clement Labang Hkawng Ze ၊ မိုးကောင်းသာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Lucas Hpau Re La Awng ၊ ဖားကန့်သာသနာစီရင်စုမှ ဦးပဥ္စင်းကြီး Patrick…

အထီးကျန်တာ ၊ တစ်ယောက်တည်း ဖြစ်နေတာတွေကို ဘယ်သူမှ မလိုချင်ကြပေမယ့် တစ်ခါတလေ အခြေအနေအရ တစ်ယောက်တည်း ရှိနေတဲ့အချိန်တွေ ဖြစ်လာတတ်ပါတယ် ။ အိမ်နဲ့ခွဲနေရတာ ၊ သူငယ်ချင်းတွေ နဲ့ အဆင်မပြေတာ ၊ ချစ်သူနဲ့ အဆင်မပြေတာတွေ ဖြစ်လာတဲ့အခါ အရမ်းကြီး မခံစားရအောင် ဘယ်လိုလုပ်သင့်လဲဆိုတာတွေကို မျှဝေပေးချင်ပါတယ် ။ ဘယ်သူ့ကိုမှ အရမ်းမချစ်နဲ့မိသားစု ၊ သူငယ်ချင်း ၊ ချစ်သူ ၊ အိမ်က ခွေးလေးတွေ ၊ ကြောင်လေးတွေကို အရမ်းကြီး သံယောဇဉ်မထားမိပါစေနဲ့ ။…

အားလုံးသိကြသည့်အတိုင်း (၂၀၂၅) ဂျူဗလီနှစ်လူငယ်ဂျူဗလီပွဲတော်ကို ဇူလိုင် (၂၈) မှ ဩဂုတ် (၃) ရက် နေ့အထိအီတလီနိုင်ငံ၏မြို့တော်ရောမမြို့၌ခြိမ့်ခြိမ့်သည်းဆင်နွှဲခဲ့ပါသည်။ ဂျူဘီလီပွဲမစ္ဆားတရားကို ရောမမြို့၏အပြင်ဘက်ကျသော Tor Vergata ကွင်းပြင်၌ရဟန်း မင်းကြီး လီယို (၁၄) ဦးဆောင်ပူဇော်ခဲ့သည်။ ဤကွင်းပြင်၌ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) လည်း ကမ္ဘာ့ လူငယ် များနေ့ကိုကျင်းပခဲ့ဖူးသည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၄၅) နိုင်ငံမှလူငယ်များသည် ဇူလိုင် (၂၈) ရက်နေ့ကရောမမြို့သို့ရောက် ရှိလာခဲ့ကြ သည်။ဇူလိုင် (၂၉) ရက်နေ့ညပိုင်း (၇) နာရီအချိန်၌ ရောမသို့ရောက်ရှိနေသောလူငယ်များအားကြို ဆို…
