rvamyanmar

rvamyanmar

(ဖန်ဆင်းခြင်း) ဖန်ဆင်းခံအရာသတ္တဝါအားလုံးသည် သဘာဝတရားကြီးက စတင်ဖြစ်ပေါ်လာနိုင်သလား။

(ဖန်ဆင်းခြင်း) ဖန်ဆင်းခံအရာသတ္တဝါအားလုံးသည် သဘာဝတရားကြီးက စတင်ဖြစ်ပေါ်လာနိုင်သလား။ တင်ဆက်သူ- Rev.Fr.Dominic Ju Du တည်းဖြတ်-Paul #အသီးတစ်ရာအညှာတစ်ခု#Interfaith#rvamyanmar#tripledialogue

ဘဝရဲ့အမှောင်ကျဆုံးအချိန်မှာတောင်မှ ချစ်ဖို့နဲ့ခွင့်လွှတ်ဖို့ဟာဘယ်တော့မှ နောက်မကျပါဘူး။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနဲ့ နေ့ခင်းမေတ္တာရွတ်ဆိုခြင်းမှာ သခင်ခရစ်တော်သည် သစ္စာ ဖောက်ခံ ငြင်းပယ်ခံ ဒုက္ခမျိုးစုံခံပြီးကားတိုင်တင်ခံနေရချိန်မှာတောင်မှ ချစ်ပြခဲ့တယ် သူ့ရဲ့နောက်ဆုံး စကား သည် ညည်းညူနာကျင်တဲ့စကားမဟုတ်ခဲ့ဘူး မေတ္တာပြခဲ့တဲ့စကားတွေသာဖြစ်တယ်။ စွန့်ပစ်ခံရတယ်လို့ခံစားရချိန်၊ နားလည်မှုတွေကိုမပေးကြဘူးလို့ခံစားနေရတဲ့အချိန်တွေမှာ ဘုရားရှင် ထံ မှခွင့်လွှတ်နိုင်သောကျေးဇူးတော်ကိုတောင်းခံကြပါ။ ရောမမြို့ရဲ့ ပြင်းထန်တဲ့အပူချိန်ကြောင့် ဘုရားဖူးသူတော်စင်များနဲ့တွေ့ဆုံခြင်းအမှုကို Pope Paul the VI ခန်းမမှာပြုလုပ်ခဲ့ပါသည်။ ခန်းမ မဆံ့သောကြောင့်အပြင်မှာ ရောက်ရှိနေကြသောဘုရားဖူး သူတော်စင် များကိုလည်း ရဟန်းမင်းကြီးမှနှုတ်ဆက်ခဲ့ပါသည်။ ဘုရားရှင်၏ခွင့်လွှတ်နေသောချစ်ခြင်းမေတ္တာ။ ဂျူဘီလီနှစ်၏ခေါင်းစဉ်ဖြစ်သည့် ခရစ်တော်သည်ကျွန်ုပ်တွေမျှော်လင့်ခြင်းကိုအခြေခံပြီး အပတ်စဉ် ဘာသာတရားသွန်သင်ခြင်းအမှုကို သခင်ခရစ်တော်၏ ဒုက္ခခံခြင်း၊…

ရသေ့အသင်းဂိုဏ်းတည်ထောင်သူ သူတော်စင် ဘားနတ် တိုလိုမီ ပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်၊ အင်းယားကျေးရွာ၌ တည်ရှိ သော ခရစ်ယာန် တရားထိုင်ခြင်း လမ်းစဉ်ကို ကျင့်ကြံသည့် Benedictine ရသေ့အသင်းဂိုဏ်းကို စတင်တည်ထောင်သူ သူတော်စင် ဘားနတ် တိုလိုမီ၏ ပွဲနေ့မစ္ဆားတရားတော် မြတ်ကို (၁၉.၈.၂၀၂၅) နံနက် ၁၀:၃၀ တွင် ဆရာ တော်ကြီး မာကုဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ဤကျောင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသောခရစ်ယာန် တရားထိုင်ခြင်း သာသနာပြု ရသေ့ကျောင်းဖြစ်ပါသည်။ မန္တလေးသာသနာမှာ ရသေ့အသင်းဂိုဏ်းရောက်ရှိလာပုံကို ဆရာတော်ကြီး မာကုဦးတင်ဝင်း ပြောကြား ရာမှာ “ဒီအင်းယားကျေးရွာမှာ ရသေ့ဘုန်းတော်ကြီးကျောင်းဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတော့ ၂၀၁၃…

အကူအညီနဲ့ ပံ့ပိုးမှု

ပျားအုံတစ်ခုမှာ ပျားဘုရင်မ သေသွားတဲ့အခါ….. အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမဟုတ်ဘဲ ချမှတ်ရပါတယ်။ဘုရင်မ မရှိလို့ ပျားအုံကြီးဟာ ပြိုလဲမသွားပါဘူး။အခြေအနေနဲ့အညီတော့ ပြောင်းလဲသွားပါတယ်။ပထမဆုံးသူတို့ဟာ သာမန်ပျားလောင်းတွေ အများကြီးထဲကနေ နည်းနည်းလေးကို ရွေးချယ်လိုက်ပါတယ်။အရွေးချယ်ခံ ပျားလောင်းတွေဟာ တခြားသူတွေထက် ထူးခြား​နေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့သူတွေ ဖြစ်လာနိုင်လို့ပါ။သူတို့ကို သာမန်မဟုတ်တဲ့ အရာတစ်ခု ကျွေးမွေးပါတယ်- အဲဒါကတော့ တော်ဝင်ဂျယ်လီလို့ခေါ်တဲ့ အသွင်ပြောင်းနိုင်တဲ့ ဝတ်ရည်ပါ။အဲဒီနေရာကနေပြီး မယုံနိုင်စရာအရာတွေ စတင်ပါတော့တယ်။ဒါဟာ ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာမဟုတ်ပါဘူး။ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးလို့ ဖြစ်လာတာပါ။ဂရုတစိုက် ကျွေးမွေးခံရတဲ့ ပျားလောင်းတစ်ကောင်ဟာ ဘယ်သူမှ မထင်ထားတဲ့ ဘုရင်မတစ်ကောင် ဖြစ်လာပါတယ်။ပျားဘုရင်မကို…

ရဟန်းမင်းကြီးလေအို (၁၄) ဂွာဒန်းဂိုလိုရွာရှိ မယ်တော်ဂူသို့ဘုရားဖူးရောက်ရှိခဲ့။

ဩဂုတ်လ (၁၉) ရက်နေ့က ရဟန်းမင်းကြီးလေအို (၁၄) သည် အစီအစဉ်မရှိ၊ အသိမပေး ထားဘဲ ရောမ မြို့တောင်ပိုင်းမှ ပါလက်စထြီးနာဂိုဏ်းအုပ်သာသနာ၊ ဂွာဒန်းဂိုလို (Guadangolo) ရွာရှိ ‘ကျေးဇူးအ ပေါင်း၏မယ်တော်’ ဂူသို့ကြွရောက်ဖူးခဲ့သည်။ ရဟန်းမင်းကြီးသည် အချိန်ယူဆုတောင်းခြင်းကိုပြုပြီးနောက် အဆိုပါမယ်တော်ဂူအားစောင့် ရှောက် လျှက်ရှိသော ‘ရှင်ပြန်ထမြောက်သောသူတော်စင်အသင်း’ ဟုအမည်ရသော ပိုလန်သူတော်စင်အ သင်း၀င်များနှင့်တွေ့ဆုံခဲ့သည်။ ကျေးဇူးအပေါင်း၏မယ်တော်ဂူ မယ်တော်ဂူသည် ရောမမြို့နှင့် (၆၅) ကီလိုမီတာ၊ မိုင်အားဖြင့် (၄၀) မိုင်ခန့်‌ဝေးပြီး၊ ရောမ မြို့၏အရှေ့ တောင်ဖက်၌တည်ရှိသည်။ ရဟန်းမင်းကြီးအပါးပေါင်းများစွာနှင့်ဆက်နွယ်မှုရှိသောဒေသတစ်ခု လည်း…

မသေချာမရေရာတဲ့အရာတိုင်းကိုရင်ဆိုင်ဖို့ရန် အမိမယ်တော်ထံ ဆက်ကပ်ထားဖို့ မိခင်တစ်ဦးအား ပုပ်ရဟန်း မင်း

Piazza San Pietro မဂ္ဂဇင်း၏ ၁၈ ရက်နေ့နောက်ဆုံးထုတ်ပြန်ချက်သတင်းအရ လောရာ အမည်ရှိ မိခင် တစ်ဦးက ပုပ်ရဟန်းမင်းကြီး လီယို ထံ ဘုရားသခင်အပေါ်ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး သူမ ဘဝရုန်း ကန်နေရမှုများကို ရဟန်းမင်းကြီးထံလိပ်မူ၍ စာတစ်စောင်ရေးသားပေးပို့ခဲ့ပါသည်။ ထိုအမျိုးသမီးထံသို့ ပုပ်ရဟန်းမင်းကြီး လီယိုပြန်လည် ရေးသားပေးပို့သောစာကို Piazza San Pietro မဂ္ဂဇင်းတွင်ထည့်သွင်းဖော်ပြပေးထားပါသည်။ အမိမယ်တော့အားဖြင့် မသေချာမရေရာသည့်အရာများကိုရင်ဆိုင်နိုင်သည်။ လောရာ Laura အမည်ရှိမိခင်တစ်ဦးက သူမမှာခိုင်မာသောယုံကြည်ခြင်းလည်းရှိတယ်။ သူမရဲ့အမျိုး သားကလည်းသူမကိုချစ်တယ်၊ လှပတဲ့သမီး၃ယောက်ကိုလည်း ခရစ်ယာန်ယုံကြည်ခြင်းနဲ့ ကြီးပြင်းစေ ခဲ့တယ် သို့သော်လည်းသူမမှာ…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၂၁၊ ၈၊ ၂၀၂၅

Daily Reflection Matthew 22:1-14 21.8.2025ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ရှင်မာ‌တေးဦးရဲ့ ဧဝံဂေလိကျမ်းထဲမှာ ရှင်ဘုရင်က သူ့သားမင်္ဂလာဆောင်စားသောက်ပွဲကို လူတိုင်းကိုဖိတ်ခေါ်ခဲ့တဲ့အကြာင်းသို့သော်လည်းတချို့ကဖိတ်ခေါ်ခြင်းကိုငြင်းဆန်ခဲ့ကြတယ်။ တချို့ကသူတို့အလုပ်ရှုပ်‌နေတယ်၊ အလုပ်သွားရမယ် ၊ မလာနိုင်ဘူးဆိုပြီးအကြောင်းပြခဲ့ကြတယ်။ တချို့ကတော့ဆိုးဝါးစွာနဲ့ လာရောက်ဖိတ်ခေါ်သူတွေကိုပင်မထေီမဲ့မြင်ပြုမူဆက်ဆံခဲ့ကြတယ်။ နောက်ဆုံးမှာတော့ရှင်ဘုရင်က၊ လမ်းထဲကတွေ့သမျှလူတွေ ဆင်းရဲသားတွေ၊ အားအင်ချီးနဲ့သူတွေ၊ မေလျော့ခံဘဝတွေကို အားလုံးကိုစားသောက်ပွဲသို့လာကြဖို့ရန်ဖိတ်ခေါ်ခဲ့တယ်။ ဒီပုံဥပမာလေးက ကောင်းကင်နိုင်ငံတို့ဟာကြီးမားတဲ့စားသောက်ပွဲနဲ့တူတယ်။ တည်ခင်းစားသောက်ပွဲမှာဘုရားရှင်ကိုယ်တိုင်ကာလူအားလုံးကိုဖိတ်ခေါ်ခဲ့တယ်။ ချမ်းသာတဲ့လူရောအာဏာရှိတဲ့လူရောဆင်းရဲသားရော ဒုက္ခခံနေရတဲ့သူရော နေစရာနေရာမရှိတဲ့သူတွေရော အမေ့လျောခံဘဝတွေရော အားလုံးကိုဖိတ်ခေါ်ခဲ့တယ်။ ဘုရားရှင်ကသူ့ကိုယုံကြည်ဖို့ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အဆင့်အတန်းမခွဲခြားဘဲ အားလုံးကိုတန်းတူဖိတ်ခေါ်ခဲ့တယ်။ သို့သော်လည်း ဘုရားရှင်ဖိတ်ကြားတဲ့နေရာမှာ ထိုက်ထိုက်တန်တန်ပြင်ဆင်သွားဖို့လိုတယ်။ ပြင်ဆင်ရမဲ့အရာက ကောင်းမွန်တန်ဖိုးကြီးတဲ့…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၂၀၊ ၈၊ ၂၀၂၅

Daily Reflection 20.8.2025 Matthew 20:1-16 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ဧဝံဂေလိကျမ်းထဲမှာမနက်ခင်းကနေ ညနေထိအလုပ်လုပ်ရသူတွေနှင့် ညနေ့ခင်း၁နာရီလောက်သာ အလုပ်လုပ်ရသူတွေကို အလုပ်ရှင်က လုပ်အားခကို တန်းတူညီမျှပေးတဲ့အကြောင်း၊ တစ်နေကုန်အလုပ်လုပ်ရသူတွေက အလုပ်ရှင်၏ရက်‌ရောသောစေတနာပေါ် မကျေမနပ်ဖြစ်ခဲ့ကြတဲ့အကြောင်းကိုကျွန်တော်တို့ကြားခဲ့ကြရတယ်။ ဒီပုံဥပမာလးက ဘုရားရှင်ရဲ့နှလုံးသားကိုဖော်ပြနေတယ်။ ကောင်းကင်နိုင်ငံဆုကျေးဇူးဟာ လောကလူတွေတွက်ချက်တဲ့အရာနဲ့ တွက်ချက်လို့မရဘူး။ ဘုရားရှင်ရဲ့ရက်ရောမှုမှာ သာ မူတည်တယ်။ ငါဒီလောက်ကောင်းအောင်နေထိုင်ခဲ့တာ၊ ငါဒီလောက်ပေးကမ်းရက်ရောတာ။၊ ငါဒီလောက်ကောင်းအောင်လုပ်ခဲ့တာ၊ ငါ့အချိန်၊ ငါ့အင်အား၊ ငါ့အနစ်နာခံမှုတွေ၊ ငါ့ပေးဆပ်မှုတွေ ငါ့ရဲ့လုပ်ရပ်တွေကြောင့် ငါဟာကောင်းကင်နိုင်ငံရသင့်တယ်လို့ တွေးခေါ်မျှော်မြင်လို့မရပါဘူး။ ကောင်းကင်နိုင်ငံတော်ဟာ ကျနော်တို့လုပ်အားနဲ့ဝယ်ယူလို့ရတဲ့အရာမဟုတ်ဘူး။၊ ဘုရားရှင်ပေးမှသာရတဲ့အရာဖြစ်တယ်။ ဘုရားရှင်ဟာ၊ ပျောက်သောသိုးပုံဥပမာလို ကောင်းမွန်သော…