rvamyanmar

rvamyanmar

၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်ခေါင်းစဉ် “သင်းတို့အားလုံး၌ငြိမ်သက်ခြင်းရှိပါစေ”

၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်ခေါင်းစဉ်အဖြစ် “သင်းတို့အားလုံး၌ငြိမ်သက်ခြင်းရှိပါစေ” လက်နက်ဖျက်သိမ်းရေးနှင့်လက်နက် ဖျက်သိမ်းသောငြိမ်းချမ်းရေးဆီသို့ ဦးတည်ချက်ဖြင့် ဗာတီကန် စာပုံနှိပ်တိုက်မှ “ငြိမ်းချမ်းပါစေ” ဟူသောစာအုပ်တစ်အုပ်ကိုဩဂုတ် ၂၆ ရက် ၂၀၂၅ နေက ထုတ်ဝေ ခဲ့ပါ သည်။ ဗာတီကနိုင်ငံ ရဟန်းမင်းကြီးရုံးတော် အပြည့်အဝလူမှုဖွံ့ဖြိုးရေးဌာနမှ ၂၀၂၆ခုနှစ်ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အတွက် ပုပ်ရဟန်းမင်းကြီးလီယို ၁၄ ရွေးချယ်ထားသောခေါင်းစဉ်နှင့်အတူ အသေးစိတ်အချက်အလက် များကို ဩဂုတ် ၂၆ ရက် ၂၀၂၅ အင်္ဂါနေက ထုတ်ဝေခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအတွက်ရည်ရွယ်ထားသော အမိ…

သူတော်စင်ဘဝခံယူထားသူတွေဟာ မျှော်လင့်ချက်ကိုရှင်သန်စေသူတွေနှင့် ဘာသာတရား၏ သက်သေ ခံများဖြစ်ကြရမည်။

ရဟန်းမင်းကြီးလီယို (၁၄) သည် ဩဂုတ်လ (၂၃) စနေနေ့က ရောမမြို့ရှိ၊ ၄င်းတို့အသင်း ၏မိခင်ကျောင်း တိုက်ကြီး၌အစည်းအ‌ဝေးပြုလုပ်နေကြသော သီလရှင်အသင်း (၄) သင်းတို့အားလက် ခံတွေ့ဆုံခဲ့သည်။ ထိုသီလရှင်အသင်းများမှာ (၁) နာဇာရက်သာသနာပြုသီလရှင်အသင်း၊ (၂) နာဇာရက်အ သင်း၏သမီး များအသင်း၊ (၃) သန့်ရှင်းသောအိမ်ထောင်စု၏တမန်တော်များ၊ (၄) ကရုဏာရှင်မာရိယာ၏သီ လရှင် အသင်းတို့ဖြစ်ကြသည်။ ဤကရုဏာရှင်မာရိယာ၏သီလရှင်အသင်းကို ‘ကောင်းသောအကြံပေးတတ် သောသီလရှင်အသင်း’ ဟုလည်းခေါ်သည်။  အသင်း (၄) သင်းမှသီလရှင်များနှင့်တွေ့ဆုံစဉ်ရဟန်းမင်းကြီးက သူတော်စင်အသက်တာသည် သက် သေခံရန်နှင့်မျှော်လင့်ခြင်းကိုဟောပြောရန်ဖိတ်ခေါ်ခံထားရသူသည့် အသက်တာဖြစ်ကြောင်း၊ ၄င်းတို့၏ ဆက်ကပ်ထားသောအသက်တာသည်…

ရဟန်းမင်းကြီးလီယို (၁၄) Chagossian ဒုက္ခသည်များအားလက္ခံတွေ့ဆုံ။

Chagossians (ချာဂိုလူမျိုးစု) လူမျိုးအား Chagos Islanders (သို့) Ilois ဟုလည်းခေါ်ကြ သည်။ ၄င်းတို့ သည် အာဖရိက၊ အိန္ဒိယ၊ မလေးလူမျိုးအနွယ်ဖွားများဖြစ်ကြပြီး၊ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်း Chagos Archipelago ဒေသ၌နေထိုင်ကြသောဌာနေတိုင်းရင်းသားများဖြစ်ကြသည်။ (၁၉၆၁) နှောင်းပိုင်း နှင့် (၁၉၇၀) အစောပိုင်း၌ အင်္ဂလိပ်အစိုးရသည် အင်္ဂလန်-အမေရိကန်စစ်စခန်းတည်ဆောက်ရန်အတွက် ဌာ နေတိုင်းရင်းသားများအခြေချနေထိုင်သော archipelago ၏အကြီးဆုံးကျွန်းဖြစ်သည့် Diego Garcia အား အတင်းအဓမ္မဖယ်ရှားသည်ကိုခံခဲ့ရသည်။ ထိုအချိန်မှစ၍ Chagossians ဌာနေတိုင်းရင်းသားများသည် ဒေ သမှထွက်ပြေးတိမ်းရှောင်၍ မောရိသျှ၊ ဗြိတိန်နိုင်ငံများ၌ခိုလှုံနေကြရသည်။…

ကျွန်ုပ်တို့ရဲ့ ရေကမ္ဘာ

“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ကျွန်ုပ်တို့ရဲ့ ရေကမ္ဘာ‘ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို ‘ရေဂြိုဟ်ကြီး’ လို့ ခေါ်ဆိုကြပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ ကမ္ဘာမြေကြီးမှာ ၇၀% လောက်က ရေထုနဲ့ ဖုံးလွမ်းထားလို့ပဲ ဖြစ်ပါတယ်။ ဒီရေထု သမုဒ္ဒရာကြီး မရှိရင် ကျွန်တော်တို့ လူသားတွေအပါအဝင် သက်ရှိများအားလုံး၊ သစ်ပင်တွေကအစ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့ လူသားတွေဟာ အလွန်တန်ဖိုးရှိပြီး အရေးပါတဲ့ ဒီရေထုကို ဘယ်လို အသုံးပြုပြီး ဘယ်လိုမျိုး…