ဖာသာရ် Cyril Nay Myo Htet (SJ) ၁၅ ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ဩဝါဒ ၁၈၊ ၇၊ ၂၀၂၄

ကျန်းမာခြင်းဆီတော်လူးမှတ်ခြင်းစက္ကရာမင်တူးသည် သေ၀နီးပါရောက်နေသူများအတွက်သာမဟုတ် ဟုရဟန်းမင်းကြီးမိန့်ကြား အမိသာသနာတော်ကြီး၏ စက္ကရာမင်တူး (၇) ပါးအနက် တစ်ပါးဖြစ်သော ကျန်းမာခြင်းဆီတော်လူးမှတ်ခြင်းစက္ကရာမင်တူးလည်း တစ်ပါးပါသည်။ စက္ကရာမင်တူးကိုနားလည်လွယ်အောင်ဆိုရသော ‘outward sign and inward grace’ (အပေါ်အပြင်ထင်ရှားသောအမှတ်လက္ခဏာများကိုပြုလုပ်ခြင်းဖြင့် ၀ိညာဉ်ကျေးဇူးတော်ကိုခံစားရခြင်း) ဟုဆိုလိုသည်။ စက္ကရာမင်တူးများကို ယေဇူးသခင် လောက၌သက်ရှိထင်ရှားရှိနေစဉ်က ကိုယ်တိုင်လည်းလုပ်ဆောင်ရင်းတည်ထောင်ထားခဲ့သည်။ ရဟန်းမင်းကြီးများသည် ကမ္ဘာကြီးတစ်ခုလုံး၏သိုးထိန်းဖြစ်၍ တစ်လတာ၌ဆုတောင်းရာတွင်ရည်ရွယ်ချက်များထားရှိဆုတောင်းပေးလေ့ရှိသည်။ ထိုရည်ရွယ်ချက်သည် ကမ္ဘာတစ်၀ှမ်းလုံးရှိလူ သားများအတွက်ဖြစ်သည်။ လစဉ်လတိုင်းရည်ရွယ်ချက်များထားရှိဆုတောင်းလေ့ရှိသည်။ နှစ်စဉ်ဇူလိုင်လသည် အလွန်အဖိုးထိုက်သော ယေဇူးသခင်၏သွေးတော်အား အထူးသဒ္ဓါကြည်ညိုရသောလဖြစ်သည်။ ယေဇူးသခင်၏သွေးတော်သည် ယေဇူးသခင်လက်၀ါးကပ်တိုင်ပေါ်၌တွဲလွဲရှိနေစဉ် လူတစ်ရာတပ်မှူးတစ်ဦးကလာ၍ နံဘေးတော်လှံဖြင့်ထိုးလိုက်ရာ ‘သွေးနှင့်ရေ’ သည်ချက်ချင်းထွက်လာခဲ့သည်ကိုအမှတ်ရခြင်းဖြစ်သည်။…
ကာလဝမ်းရောဂါ (cholera) ကြိုတင်ကာကွယ်ပါကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ။ ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ ———————————–cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ———————————–ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ ▶အရည်ဝမ်းလျှောခြင်း ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။ ▶အန်ခြင်း တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို…
Free Thinking ဒီနေ့မှာ သားသမီးလေးတွေကို မိသားစုနေတဲ့အိမ် own home ကနေ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့ ကလေးအဖြစ် ကြီးပြင်းလာအောင် မိဘတွေက ဘယ်လို နိုးကြားလာအောင် တည်ဆောက်ပေးမလဲဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ မိဘတွေက ဘယ်ကစလို့ ဘယ်လိုစိတ်ဓာတ်ကို နိုးကြားလာအောင် တိုးမြှင့်ပေးကြမလဲ။ အရင်ဦးဆုံး ကလေးဘဝကစလို့ စိတ်ဓာတ်ခွန်အားကိုပေးပြီး မေးခွန်းလေးတွေကို သူ့အရွယ် သူ့ဦးနှောက် အဆင့်အလိုက် မေးပေးရမှာပါ။ မိဘက မေးခွန်းကိုမေးတဲ့အတွက် သူတို့စိတ်ကူးစိတ် သန်းရှိသလောက် ပြန်ဖြေမှာပါပဲ။ မိဘတွေက…