
“ငါရေငတ်သည် ၊ အားလုံးပြည့်စုံပြီ”
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊ နေ့ခင်းမေတ္တာရွတ်ဆိုခြင်းနှင့် ဘာသာတရားသသင်ကြားခြင်းမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က ရှင်ရောဟန် ဧဝံဂေလိကျမ်းမှ သခင်ခရစ်တော်၏ ကားတိုင်ပေါ် တွင်ပြောခဲ့သော နောက်ဆုံး စကားနှစ်ခွန်းဖြစ်သည့် ငါရေငတ်သည် နှင့် အမူ့ပြီးပြီ ဆိုသည့်စကား နှစ်ခု ကိုအခြေခံပြီး ဆက်လက်သွန်သင်ခဲ့ပါသည်။ သခင်ခရစ်တော် ကားတိုင်တင်ခံရချိန်သည် အမှောင်မိုက်ဆုံးအချိန်ဖြစ်ခဲ့သော်လည်း လူသားတို့အတွက်တော့ လင်းလက် တောက်ပဆုံးအချိန်ဖြစ်ခဲ့ပါသည်။ ကားတိုင်ပေါ်မှာသခင်ခရစ်တော် ပြောခဲ့သည့်စကားနှစ်ခွန်းဟာ ဘုရားသားတော်အဖြစ် သူ့ရဲ့တည်ရှိနေမှုဘဝတစ်ခုလုံးကိုဖော်ပြလိုက် ခြင်းဖြစ် ပါ သည်။ သခင်ခရစ်တော်၏ကားတိုင်ပေါ်ကအခြေအနေဟာ အောင်မြင်သောသူရဲကောင်းတစ်ယောက်ရဲ့အခြေအနေမဟုတ်၊ မေတ္တာတရားကိုတောင်းခံနေသောအခြေနေသာဖြစ်တယ်။ မည်သည့်နည်းလမ်းနှင့်မျှ သူ့ကိုယ်သူတစ်ယောက်တည်းပြန်ပေးလို့မရတဲ့ မေတ္တာတရားကိုတောင်းဆိုနေခြင်းဖြစ်တယ်။…







