rvamyanmar

rvamyanmar

ပိုမိုတရားမျှတပြီး၊ ကျိုးကြောင်းဆီလျော်သောကမ္ဘာကြီးကိုဖန်တီးရန် ဘုရားရှင်ကျေးဇူးတော်များ ကို အသုံးပြုကြပါ။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ Angelus ရွတ်ဆိုချင်းတွင် ရဟန်းမင်း ကြီးလီယို ၁၄ က မတရားသောဘဏ္ဍာဆိုး၏ပုံဥပမာကိုထောက်ရှုပြီး ဘုရားသခင်ထံမှရရှိထားသော လက်ဆောင်များနှင့် အရာအားလုံးထက်တန်ဖိုးကြီးမားသည့် မိမိဘဝအသက်တာကို၊ မည်ကဲ့သို့စီ မံခန့်ခွဲ နေကြကြောင်း ဘုရားဖူးသူတော်စင်များအား မိမိကိုယ်ကိုဆန်းစစ်ကြရန်ဖိတ်ခေါ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အသက်တာ၏အရှင်သခင်မဟုတ်သလို ကျွန်ုပ်တို့အသုံးပြုနေသည့်ပစ္စည်း ဥစ္စာတို့၏အရှင်သခင်လည်းမဟုတ်ပါ။ ကျွန်ုပ်တို့ပိုင်ဆိုင်သောအရာများသည် ဘုရားရှင်ကျေးဇူးတော်များဖြစ်ကြပြီး ထိုရာများသည် ကျွန်ုပ်တို့ ၏စောင့်ရှောက်မှု၊ကျွန်ုပ်တို့၏လွတ်လပ်ခွင့်နှင့်ကျွန်ုပ်တို့၏တာဝန်ဝတ္တရားတို့၌ဘုရားသခင်ယုံကြည်စွာအပ်နှံထားသောအရာများဖြစ်ကြသည်။ မရိုးသား မတည်မြဲသောလောက ပစ္စည်းဥစ္စာများနှင့်မိတ်ဆွေဖွဲ့ကြပြီး ထိုအရာများကုန်ဆုံး သွားသော အခါ သင့်ကိုကောင်းကင်နိုင်ငံတော်မှကြိုဆိုစေဖို့၊ သခင်ခရစ်တော်၏ဖိတ်ခေါ်နေမှုကို ရဟန်းမင်းကြီးက ဆက်လက်ထောက်ရှုရှင်းပြခဲ့ပါသည်။ ဤလောကစည်းစိမ်ဥစ္စာတို့သည်တည်မြဲခြင်းမရှိ မရိုးသားသောဘဏ္ဍာဆိုးက…

လက်စားချေခြင်း၊ အတင်းအကြပ်ပြည်နှင်ဒဏ်ပေးခြင်းနှင့် အကြမ်းဖက်မှုတို့အပေါ်အခြေခံထားခြင်းမှာ အနာဂတ်ဆိုတာမရှိ။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနဲ့နေခင်းမေတ္တာရွတ်ဆိုခြင်းမှာ ရဟန်းမင်းကြီးလီယို ၁၄ က ဂါဇာကမ်းမြောင်ဒေသမှာ ဒုက္ခရောက်နေသူများနှင့်အတူ စည်းလုံးညီညွတ်စွာ လက်တွဲလုပ်ဆောင် နေသည့် အသင်းအဖွဲ့များအား ကျေးဇူးတင်ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အလေးအနက်မေတ္တာ ရပ်ခံမှုများကိုဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဂါဇာကမ်းမြှောင်ဒေသရှိပြည်သူများကိုကူညီပေးရန်ကတိကဝတ်ပြုထားသူများ၊ Holy Land သန့်ရှင်း သောမြေတွင်ဦးစီးဦးဆောင်ပြုနေသောဘာသာရေးခေါင်းဆောင်များနှင့် ပေါင်းစည်းကာ လက်စားချေခြင်း၊ အတင်းအကြပ်ပြည်နှင်ဒဏ်ပေးခြင်းနှင့် အကြမ်းဖက်မှုတို့အပေါ်အခြေခံထားခြင်းမှာ အနာဂတ်ဆိုတာမရှိဟု ထပ်မံပြောဆိုခဲ့ပါသည်။ လူတို့သည်ငြိမ်းချမ်းရေးကိုလိုအပ်သည်၊ သူတို့ကိုအမှန်တကယ်ချစ်မြတ်နိုးသူများ ငြိမ်းချမ်းရေးကို လုပ် ဆောင်ကြပါဟု ရဟန်းမင်းကြီးကကြွေးကြော်ခဲ့ပါသည်။ ချစ်ခင်လှစွာသောမိတ်ဆွေတို့ ဂါဇာကမ်းမြောင်ဒေသမှာ ညှဉ်းပန်းနှိပ်စက်ခံနေရသောညီအစ်ကို မောင် နှမများနှင့်အတူနီးကပ်စွာရှိနေခြင်းကိုဖော်ပြခဲ့သော သာသနာတော်၏လုပ်ဆောင်မှုများကို အားလုံးကို ဂုဏ်ယူလေးစားကြောင်း…

နိုင်ငံလုံးဆိုင်ရာ ဆုတောင်းပြည့်ရဟန္တာ ပါဒြေပီးအိုပွဲနေ့ကျင်းပ။

နိုင်ငံလုံးဆိုင်ရာ ဆုတောင်းပြည့် ရဟန္တာရှင်ပါဒြေပီးအိုပွဲနေ့ကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ပြင်ဦးလွင်၊ ဆင်လမ်းကျေးရွာ ပါဒြေပီးအိုဘုရားရှိခိုးကျောင်း ၌ (၂၀.၉.၂၀၂၅) စနေနေ့ နံနက် ၉:ဝဝ အချိန် တွင် ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ မစ္ဆားတရားဦးဆောင်ပူဇော်ပြီးကျင်းပခဲ့ပါသည်။ ဤဆင်လမ်းကျေးရွာရှိ ရဟန္တာပါဒြေပီးအိုဘုရားရှိခိုးကျောင်းနှင့် ဗိမာန်တော်ကို Fr. Lucas Suan Za Lian (MS) လက်ထက်တွင် အလှူရှင်မိသားစုများဖြစ်သော လားရှိုးမြို့၊ ရပ်ကွက်(၁၂)နေ ဦးလွီဂျီဒေါ့ရှိ အောင်ထွန်းနှင့် ဒေါ်ထရေဇားဟောင်းနန်း၊ သမီး မေရီဆိုင်းနူးမိုင်နှင့် အဂ္ဂတာမေဆိုင်းထွယ်တို့မိသားစုမှ (၂၀၂၂ မှ ၂၀၂၄) ခုနှစ်အတွင်း…

ဘုရားသခင်ဖန်ဆင်းပေးထားသော သစ်ပင်များကို မြတ်နိုးပါ

“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ဘုရားသခင်ဖန်ဆင်းပေးထားသော သစ်ပင်များကို မြတ်နိုးပါ’ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့၊ သစ်ပင်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ လူသားတွေအတွက် ဆက်စပ်အကျိုးပြုနေတာကို ကျွန်ုပ်တို့ လူသားတိုင်း သိနေပြီးသားဖြစ်မှာပါ။ သစ်ပင်ဆိုတာ ကျွန်ုပ်တို့ကို စားစရာတွေပေးတယ်၊ နေစရာတွေပေးတယ်၊ သစ်သားတွေပေးတယ်ဆိုတာကတော့ လူတိုင်းသိတဲ့အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ် အသိတစ်ခုပေးရမယ်ဆိုရင် ဒီသစ်ပင်များဟာ ကျွန်ုပ်တို့အတွက် အဆိပ်အတောက်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အစာချက်လုပ်တဲ့နေရာမှာ အသုံးပြုပြီး ကျွန်ုပ်တို့ ရှူသွင်းနေတဲ့ အောက်စီဂျင်ကို ထုတ်လုပ်ပေးပါတယ်။ ထိုအချက်က သစ်ပင်ဆိုတဲ့အရာဟာ ကျွန်ုပ်တို့ ကမ္ဘာကြီးကို…

ကက်သလစ်သီလရှင် (၄) ပါးကားမတော်ဖြစ်ပွား၍အသက်ဆုံးရှုံးခဲ့ရ။

ကက်သလစ်သီလရှင် (၄) ပါးကားမတော်ဖြစ်ပွား၍အသက်ဆုံးရှုံးခဲ့ရ။ အာဗီအေမြန်မာ၊၁၈၊၉၊၂၀၂၅။  တန်ဇန်းနီးယားနိုင်ငံ၊ Mwanza (မွန်ဇာ) ဂိုဏ်းချုပ်သာသနာ၌ စက်တင်ဘာ (၁၅၊ ၂၀၂၅) ရက်နေ့၌ ယာဉ် မတော်တဆမှုဖြစ်ပွားရာ ကာမဲလိုက်စိန့်ထရေးဇာသာသနာပြုအသင်းမှသီလရှင် (၄) ပါးအ သက်ဆုံးရှုံး ခဲ့ရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းဂိုဏ်းချုပ်သာသနာမှထုတ်ပြန်လာပါသည်။  သူတို့သည်အမျိုးသမီးအလယ်တန်းကျောင်း၌အမှုထမ်းနေကြသူများ ဖြစ်ကြောင်း၊ အသက် ဆုံးရှုံးသွား ခဲ့သော သီလရှင် (၄) ပါးအနက်အသင်းတစ်ခုလုံး၏ဥက္ကဌအကြီးအကဲလည်းပါသွားသည်။ သူတို့ သည် အခြားဂိုဏ်းအုပ်သာသနာတစ်ခု၌ ညီမသီလရှင် (၃) ပါး၏ရာသက်ပန်သစ္စာခံယူသည့်ပွဲ၌ပါ၀င်ရန် ခရီး ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားပြီးဆုံးသွား၍ မိမိတို့တာ၀န်ကျသောသာသနာသို့ပြန်ရန် လေဆိပ်သို့သွားနေစဉ်၌ဖြစ်ပွားခဲ့သည်။ အသက်ဆုံးရှုံးသွားသောစ္စတာရ် (၄) ပါးအတွက်…