rvamyanmar

rvamyanmar

ပုပ်ရဟန်းမင်းကြီးလီယို ပါလက်စတိုင်းကို အသိအမှတ်ပြုခြင်းက အထောက်အကူပြုနိုင်ပေမဲ့ ဆွေးနွေး မှုများ ပျက်ပြားနေ။

ပုပ်ရဟန်းမင်းကြီးလီယို (၁၄)သည် အင်္ဂါနေ့ညနေပိုင်းတွင် Castel Gandolfo မှ ဗာတီကန်သို့ ပြန် လည် ရောက်ရှိခဲ့သည်။ သို့သော် ထွက်ခွာမသွားမီ အရှေ့အလယ်ပိုင်းအခြေအနေနှင့် ပတ်သက်၍ သတင်း ထောက်များရဲ့ မေးခွန်းများကိုခေတ္တတုံ့ပြန်‌‌ဖြေကြားခဲ့ပါသည်။ “ဗာတီကန် ရဟန်းမင်းကြီးရုံးတော်က နှစ်နိုင်ငံအဖြေရှာရေးကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့ပါတယ်” ထို့အတူ ထိုနေ့၌ပင် ဂါဇာရှိ ကက်သလစ်ဘုရားကျောင်းနှင့် ဆက်သွယ်ခဲ့ရကြောင်း ၎င်းပါလက်စတိုင်း အား နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းနှင့် ပတ်သက်၍ မေးမြန်းသောအခါ “ရဟန်းမင်းကြီး က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက နှစ်နိုင်ငံအဖြေရှာရေးကို အသိအမှတ်ပြုထားပါတယ်။ ဒါက…

တရားမျှတမှုကို ဉာဏ်ပညာ၊ မေတ္တာနှင့် ကရုဏာတို့ဖြင့် ရှင်သန်စေရမည်။

ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က တရားမျှတခြင်းအတွက် ကျင်းပသော ဂျူဘီလီပွဲတော်မှာ တရားမျှတ ခြင်းရဲ့ အဓိပ္ပာယ်နှင့် လူ့အဖွဲ့အစည်းအပေါ် လုပ်ဆောင်သော အခန်းကဏ္ဍကို ပြန်လည်ဆင်ခြင် သုံးသပ် ပြီး၊ အခမ်းအနား တက်ရောက်လာသူများကို “ဘုရားသခင်ကို စွဲမြဲစွာ ကြည့်ရှုရင်း လူများ ကိုဝန် ဆောင် မှုပေးသောနေရာတွင် တရားမျှတမှုကို အမြဲတမ်း အပြည့်အဝဖော်ပြကြဖို့” ဖိတ်ခေါ်ခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က တရားမျှတခြင်းအတွက် ကျင်းပတဲ့ ဂျူဘီလီပွဲတော်မှာ ပါဝင်သောသာ သနာ နှင့် အရပ်ဘက် ဥပဒေပညာရှင်များကို မိန့်ခွန်းပြောကြားခဲ့ရာတွင်…

ချာလီကာ့အား စက်တင်ဘာ (၂၁၊ ၂၀၂၅) ရက်နေ့၌သဂြိုလ်ခဲ့။

စက်တင်ဘာ (၁၁၊ ၂၀၂၅) ရက်နေ့ ယူထာတက္ကသိုလ်ကျောင်းထဲ၌ ကျောင်းသူကျောင်းသား များနှင့် ဟော ပြောပွဲနှင့်အမေးအဖြေပြုလုပ်နေစဉ် လက်ဖြောင့်သေနတ်သမားတစ်ဦး၏ပစ်ခတ်ခြင်းကြောင့် အသက် ဆုံးရှုံးခဲ့ရသော ချာလီကာ့အား စက်တင်ဘာ (၂၁၊ ၂၀၂၅) ရက်နေ့၌သဂြိုလ်ခဲ့သည်။ သူ့အားလူချင်း ဖြစ်စေ၊ သူ၏ဟောပြောပွဲများမှဖြစ်စေ၊ မီဒီယာများမှဖြစ်စေသိကျွမ်းသော ကမ္ဘာတစ်၀ှမ်းမှသူ၏ ပရိ တ်သတ် များသည် ၄င်းတို့လေးစားရ၊ အားကျရသူအားနောက်ဆုံးဂါရ၀ပြုနှုတ်ဆက်ကြတော့မည်။ သူ့အားခေါင်း ဆောင်တစ်ဦးအနေဖြင့်သာဂုဏ်ပြုနေကြ၊ နှမျောတသနေကြခြင်းမဟုတ်။ သူ၏ဘာသာ ရေးခံယူချက်နှင့် ယုံကြည်ခြင်းအတွက်လည်းဖြစ်သည်။ သူ၏ဘာသာရေးခံယူချက်၊ အယူ၀ါဒများသည် မတူညီမှုကိုငြင်းခုံအ နိုင်ယူရန်သက်သက်မျှမဟုတ်ပေ။ သူယုံကြည်သည်ကိုလက်တွေ့ကျင့်ကြံ ရှင်သန် သည်။…

တာဝန်နဲ့ကျင့်ဝတ်

ဟိန္ဒူရှေးဟောင်းပုံပြင်လေးတပုဒ်ပါ။တခါက တောထဲမှာ တရားကျင့်နေတဲ့ ဖကီးရသေ့လေးတပါး ရှိသတဲ့။သူဟာ ဈာန်တန်ခိုးအတွက် ကျင့်ကြံလာရာမှာ အတော်ကို ခရီးရောက်နေပါပြီ။ဘယ်လောက်ထိလဲဆို သူ့ခေါင်းပေါ် ချီးပါချတဲ့ ငှက်ကို ဒေါသနဲ့မော့ကြည့်ရုံနဲ့ ငှက်ဟာ ပြာကျသွားပါသတဲ့။တရက်တော့ ရသေ့လေးဟာ ရွာထဲ ဆွမ်းခံဖို့သွားပါတယ်။အမျိုးသမီးတစ်ယောက်အိမ်ရှေ့ရောက်တော့ ကြွက်တကောင်ကို ခုတ်သတ်ဖို့ ကြောင်က လိုက်နေပါသတဲ့။အဲ့ဒီအခါ အမျိုးသမီးက..“ရပ်ကြစမ်း..ဟဲ့ ကြောင်ကလေး နင်ဗိုက်ဆာရင် ငါကျွေးမယ်”.လို့ပြောလိုက်တဲ့အခါ ကြောင်နဲ့ ကြွက်ဟာ မသတ်ကြတော့ပဲ အချင်းချင်းကစားနေကြရောတဲ့။ဒီမြင်ကွင်းကို မြင်တော့ ရသေ့လေးက အံဩသွားတယ်။ဒါနဲ့ အိမ်ရှင်မ ကို မေးတယ်။“ကျုပ်လည်း ဈာန်တန်ခိုးတွေ ရှိသင့်သလောက် ရှိပါတယ်..ဒါပေမယ့် ဗိုက်ဆာနေတဲ့ကြောင်ကို…

နိုင်ဂျီးရီးယားနိုင်ငံ တွင်ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး တိုက်ခိုက်သတ်ဖြတ်ခံရ။

ယခုလ (စက်တင်ဘာ ၁၉၊ ၂၀၂၅) ရက်နေ့၌ နိုင်ဂျီးရီးယားနိုင်ငံ၊ Nsukka (နူစုခါ) သာသနာ ပိုင်ကက် သ လစ်ဘုန်းတော်ကြီး Matthew Eya (မက်တြူးအေယာ) အား သူသီတင်းသုံးသော စိန့်ချားလ်စ် သာသနာ အုပ်စုသို့ကားမောင်းပြန်လာစဉ်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည်။ နိုင်ဂျီးရီးယားနိုင်ငံသည် လူမျိုးပေါင်းစုံ၊ သက်၀င်ယုံကြည်မှုမတူသောဘာသာပေါင်းစုံ၊ ယဉ် ကျေးမှု ပေါင်းစုံနေထိုင်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်အာဖရိကနိုင်ငံများအနက်အခရာကျသော နိုင်ငံ တစ်ခုလည်းဖြစ်သည်။ သို့သော် ဒေသအတွင်း ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ အစွန်းရောက်အကြမ်းဖက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ ဆင်းရဲနွမ်းပါးမှုရာနှုန်းမှာလည်းလွန်စွာမြင့်မားသောကြောင့် လုံခြုံမှုလွန်စွာအား နည်းသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားကောင်းသည်ဟုပြောဆိုသော်လည်း နိုင်ငံ၏ဒေသအ တော်များ များ၌ လူဦးရေထူထပ်မှု၊ ခေတ်မမှီတော့သည့်အခြေခံအဆောက်ဦးများစွာရှိနေသေးမှု၊…

ရဟန်းမင်းကြီးဖရန်စစ်အားဘုရားသခင်ပြန်လည်သိမ်းပိုက်ခဲ့သည့် (၅) လပြည့်အလွမ်း

ရဟန်းမင်းကြီးဖရန်စစ်အားဘုရားသခင်ပြန်လည်သိမ်းပိုက်သွားခဲ့သည်မှာ (၅) လပြည့်ခဲ့ပြီ။ နေ့စဉ်လွမ်း ဆွတ်သတိရဆုတောင်းပေးလျှက်ရှိပါသည်။ ရဟန်းမင်းကြီးသည် သူ၏အသက်တာတစ်လျှောက် ၌ အားကြိုးမာန်တက်ခရစ္စတူးသခင်၏ငြိမ်သက်ခြင်းကိုကမ္ဘာအားဖြန့်‌ဝေခဲ့သည်။ ရဟန်းမင်းကြီးသည် အမှန်တကယ်မျှော်လင့်ခြင်း၏ကောင်းကင်ခရီးသွားတစ်ဦး၊ ငြိမ်းချမ်းရေးကိုတည်ဆောက်သူ၊ မမေ့အပ် သူ၊ နွမ်းပါးချို့တဲ့သူများကိုချီးမြောက်အလေးပေးခဲ့သူ၊ မဆုတ်မနစ်သောယုံကြည်ခြင်း၊ နှိမ့်ချခြင်းဖြင့် ဦးဆောင် ဆက်ကပ်အမှုဆောင်ခဲ့သူဖြစ်သည်။ သူ၏ဓမ္မအမွေအနစ်သည် ကျွန်ုပ်တို့အားလုံးအား ခရစ္စ တူးသခင်၏ချစ် ခြင်းကိုသယ်ဆောင်သူများ ဖြစ် ရန်အသိတရားရှိလာစေသည်။ ကောင်းကင်နိုင်ငံ တော် သည် ရဟန်းမင်းကြီး အားလှိုက်လှဲနွေးထွေးစွာ အိမ်တော်ပြန်ခရီးကိုကြိုဆိုသကဲ့သို့ ကျွန်ုပ်တို့လည်းရဟန်းမင်းကြီး၏ သူမတူသော အသက်တာ နှင့်သာ သနာပြုခြင်းကိုအမှတ်ရဆုတောင်းနေကြသောကမ္ဘာသူကမ္ဘာသားများနှင့်အတူပူးပေါင်းဆုတောင်းပေးပါကြောင်းဖြင့်သာသနာနှင့်ကမ္ဘာ့သတင်းတိုထွာကိုအချိန်နှင့်တစ်ပြေးညီတင်ဆက်ပေးနေသော Shalom ကက်သလစ်သတင်းဌာနကဖော်ပြထားသည်။     Fr. Clement Ate…