
ဖာသာရ် Aloysius Nay Myo Swe (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၆)ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ဩဝါဒ ၂၉၊ ၉၊ ၂၀၂၅




အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ “ဆင်းရဲသားတို့၏ ငိုကြွေးသံများကို နားထောင်ပေးပါ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ထုတ်ပြန်ခဲ့သော “Laudato Si” စာချွန်တော်မှ ဒုတိယအချက်ဖြစ်တဲ့ “ဆင်းရဲသားတို့၏ ငိုကြွေးသံကို နားစွန့်ကြလော့” ဆိုတဲ့အကြောင်းကို ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် ကျွန်ုပ်တို့ရဲ့ ကမ္ဘာဟာ အပစ်တစ်ခုကို ကျူးလွန်ဖို့ ရန်တုန့်ဆိုင်းမနေတတ်တော့ပဲ၊ မရှက်တတ်တော့ပဲ၊ လုပ်လေ့လုပ်ထရှိတဲ့အရာတစ်ခုလို လုပ်ဆောင်နေကြပြီး ဖြစ်ပါတယ်။ ကမ္ဘာ့အဖွဲ့စည်းများရဲ့ ကိုယ်ကျင့်တရား…


ကျွန်ုပ်တို့၏ ဘုံအိမ်တော် ကမ္ဘာမြေကို ဂရုစိုက်စောင့်ရှောက်ရန် ရည်ရွယ်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထုတ်ပြန်ခဲ့သည့် “Laudato si’” ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော် ၁၀ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကမ္ဘာတစ်ဝန်းမှ ဘာသာရေးခေါင်းဆောင် ၄၀၀ ကျော်၊ ရာသီ ဥတုဆိုင်ရာ ကျွမ်းကျင်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ ပါဝင်မည့် “ရာသီဥတုတရားမျှတမှုအတွက် မျှော်လင့်ချက်ကို မြှင့်တင်ခြင်း” (Raising Hope for Climate Justice) အမည်ရ နိုင်ငံတကာပွဲကို အောက်တိုဘာလ ၁ ရက်နေ့တွင် တက်ရောက်မိန့်ခွန်း ပြောကြားမည် ဖြစ်ပါသည်။ ဗာတီကန်သတင်းမှ…

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဘုရားသခင်၏ ငြိမ်းချမ်းရေးလက်ဆောင်ကို တောင်းခံရန်အတွက် အောက်တိုဘာလအတွင်း နေ့စဉ်ပုတီးစိပ်ရန် ယုံကြည်သူများကို တိုက်တွန်းခဲ့ပြီး၊ အမိမယ်တော်အား ယုံကြည်ကိုးစားခြင်း ဂျူဘီလီပွဲတော်၏ အစိတ်အပိုင်းအဖြစ် အောက်တိုဘာ (၁၁) ရက်နေ့တွင် စိန့်ပီ တာရင်ပြင်၌ ပုတီးစိပ်ခြင်းအခမ်းအနားကျင်းပမည့်အကြောင်းကိုလည်း ကြေညာခဲ့ပါသည်။ ကက်သလစ် သာသနာတော်က သန့်ရှင်းသောပုတီးစိပ်ခြင်းကို ရည်စူးထားသည့် အောက်တိုဘာလ တွင် အထူးသဖြင့် စစ်ဘေးသင့်ဒေသများ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ် ဘာသာဝင်များ ပုတီးစိပ်ခြင်းဖြင့် စည်းလုံးညီညွတ်ကြဖို့ပါဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က…
အပတ်စဥ်ဗုဓ္ဒဟူးနေတိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရား သင်ကြားခြင်းတွင် ပုပ်ရဟန်းမင်း ကြီး Leo XIV က သန့်ရှင်းသော စနေနေ့ကြီးတွင် သခင်ယေဇူးသည် အပြစ်ထဲ၌ သေဆုံးခဲ့ကြ သော အမှောင်ထုထဲမှ လူသားများအတွက် အလင်းရောင်ကို ယူဆောင်လာရန် အောက်နိမ့်ရာအရပ်သို့ ဆင်းသက်ခဲ့ကြောင်း လူထုပရိသတ်အား ထောက်ရှုဟောကြား ခဲ့ပါသည်။ အပတ်စဥ်ဗုဓ္ဒဟူးနေတိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းတွင် ပုပ်ရဟန်းမင်းကြီး Leo XIV က ဧဝံဂေလိ တရားဒေသနာတွင် သခင်ယေဇူးသည် လက်ဝါးကားတိုင်မှာ အသေခံပြီး နောက် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ သန့်ရှင်းသော စနေနေ့ကြီး၌…

ကလေးတစ်ယောက်က လူကြီးမိဘကို ရိုသေလေးစားတတ်အောင်နဲ့ မိဘရှေ့မှာ စည်းကမ်း ရှိစွာ နေတတ်အောင် မိခင်က ဘယ်လိုသင်ပေးမလဲ။ ကလေးတိုင်းကတော့ ကွဲပြားခြားနားတဲ့ ပုံစံမျိုးစုံရှိကြပြီး မိသားစု ပတ်ဝန်းကျင်ကနေပဲ မိမိ ကိုယ်မိမိ ထိန်းချုပ်တတ်အောင် ဆုံးဖြတ်ချက် ချတတ်အောင် သင်ယူရတာပါ။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ မိမိတွေ့ကြုံလာရတဲ့ အကြောင်းအရာတွေကို မိမိကိုယ်တိုင်ဆုံးဖြတ်ချက် ချတတ်ဖို့ လိုပါတယ်။ နောက်ပြီး ကောင်းတဲ့အမူအကျင့်၊ အသိတရားတွေ သင်ပေးထားရင် မိဘက သားသမီးကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်က မိမိကိုယ်မိမိ…
