rvamyanmar

rvamyanmar

သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝကဏ္ဍတိုင်းကို ပြောင်းလဲပေးသည်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့ လူထုတွေဆုံခြင်း တွင် ပါစကားနက်နဲရာ နှင့်ပတ်သက်သည့် သင်ကြားပို့ချမှုကို ဆက်လက်ပြုလုပ်ရင်း ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်း၌ရှိသော နှိမ့်ချမှု ကိုတောက်ရှုဝေမျှခဲ့ပါသည်။ ဗုဒ္ဓဟူးနေ့ လူထုတွေဆုံခြင်းတွင် ယုံကြည်သူများကို သခင်ခရစ်တော်သည် သေခြင်းမှ ထမြောက်သော အခါ၊ သိကြားတမန်များ ဝိုင်းရံလျက်၊ အံ့ဖွယ်ရာများကို ပြုလုပ်လျက်၊ သို့မဟုတ် စကြာဝဠာ၏ လျှို့ဝှက် ချက်များကို ဖော်ထုတ်ရန် ကြီးကျယ်သော တရားစကားများကို ပြောကြားလျက် တပည့်တော်များထံ ပြန်ကြွလာခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား၊…

မနာလိုခြင်း

တခြားသူကို မနာလိုဖြစ်တတ်တဲ့သူတွေဟာ တကယ်တော့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူတွေကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ၊ တန်ဖိုးတွေ၊ အားသာချက်တွေအပေါ် ယုံကြည်မှုမရှိဘဲ သူများရဲ့လုပ်နိုင်စွမ်းတွေကို မေးခွန်းထုတ်တာ၊ သူများရဲ့တန်ဖိုးကို နှိမ့်ချတာ၊ သူများရဲ့အားသာချက်ကို အပြစ်ရှာတာတွေ လုပ်မှ ကိုယ်ဟာ သူများထက် သာလွန်သွားမယ်လို့ ထင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် မကျေနပ်နိုင်တဲ့သူတွေကိုယ့်ရဲ့ဘဝပေး ဖြစ်တည်မှု၊ ကိုယ်ရှာဖွေနိုင်ခဲ့တဲ့ ပိုင်ဆိုင်မှု၊ ကိုယ်ကြိုးစားနိုင်ခဲ့တဲ့ အောင်မြင်မှုတွေအပေါ် ကျေနပ်မှုမရှိဘဲ သူများရဲ့ ဖြစ်တည်မှု၊ ပိုင်ဆိုင်မှုနဲ့ အောင်မြင်မှုတွေကိုသာ အမြဲနှိုင်းယှဉ်၊ သူများအဆင်ပြေနေတာကို မမြင်ချင်၊ ကိုယ့်ဘာသာ စိတ်ဒုက္ခခံကြတဲ့သူတွေ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် focus မရှိတဲ့သူတွေဘဝပြေးလမ်းမှာ ပြေးနေရင်း ကိုယ့်လမ်းကိုယ်ဂရုစိုက်ပြီး…

အားနာရင်ခါးပါလိမ့်မယ်

ပထမဆုံး အားနာတတ်လွန်းရင် ဘာ​တွေဖြစ်လာနိုင်လဲဆိုတာက​​နေ စကြပါမယ် ။အားနာတတ်လွန်းရင် ပင်ပန်းပါတယ် ။လူတိုင်းမှာ ကိုယ်လက်ခံနိုင်တဲ့အလုပ် ၊ ကိုယ်ယူနိုင်တဲ့တာဝန် ၊ ကိုယ်လုပ်နိုင်တဲ့ခွန်အားဆိုတာမျိုး​တွေရှိပါတယ် ။ လူတစ်​ယောက်က သုံး​လေးည ဆက်တိုက် မအိပ်မ​နေ အလုပ်လုပ်လို့ မရပါဘူး ။ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို ပြီး​အောင် လုပ်ရမှာ​တော့ မှန်​ပေမဲ့ သူများအလုပ်ကိုပါ ပြီး​အောင် လုပ်​ပေးရမယ်ဆိုရင် မဟုတ်​သေးဘူး​ပေါ့ ။ အထူးသဖြင့် လုပ်ငန်းခွင်​တွေမှာဆိုရင် အားနာတတ်တဲ့သူ​တွေကိုရှာပြီး သူတို့ရဲ့တာဝန်​တွေပါ ထိုး​ပေးတတ်တဲ့ လူတန်းစားတစ်ရပ်က သပ်သပ်ကို ရှိပါတယ် ။ဒီလိုလူ​တွေ​​ကြောင့် အားနာတတ်လွန်းရင် ပင်ပန်းရမယ်လို့ ​ပြောချင်တာပါ…

ပုပ်ရဟန်းမင်းကြီး၏ လူငယ်များအတွက် သတင်းစကား။

“သက်တောင့်သက်သာဘဝကို ကျော်လွန်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ကြပါ” ၄၀ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားအတွက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ခရစ် ယာန်များအနေဖြင့် ဆင်းရဲဒုက္ခရောက်နေသူများနှင့်အတူ ရပ်တည်ရန်နှင့် ငြိမ်းချမ်းရေးအတွက် တက် ကြွစွာ တည်ဆောက်သူများဖြစ်လာရန် တာဝန်ရှိကြောင်း လူငယ်များအား သတိပေးလိုက်ပါသည်။ ၄၀ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားအတွက် ပေးပို့သော မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က လူငယ်များအား “အမြင်မှားစေသော ယုံကြည်ခြင်း၏ စကားလုံးများကို အသုံးချ၍ သွေးခွဲသူများနောက် မလိုက်ရန်” တိုက်တွန်းခဲ့ပြီး၊ “ငြိမ်းချမ်းရေးကို တက်ကြွစွာ…

ပုပ်ရဟန်းမင်းကြီး လီယို XIV တူရကီနှင့် လက်ဘနွန်သို့ သာသနာတော်ခရီးစဉ်မကြာခင်စတင်မည်။

ရဟန်းမင်းကြီးရုံးတော် သတင်းဌါန၏ တာဝန်ခံဒါရိုက်တာဖြစ်သူ မစ္စတာ မက်တီယို ဘရူနီက ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) သည် ယခုနှစ် နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလ အစောပိုင်းတွင် တူရကီ (Türkiye) နှင့် လက်ဘနွန် (Lebanon) နိုင်ငံများသို့ သာသနာတော်ခရီး (Apostolic Journeys) စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးသော ပြည်ပ သာသနာတော်ခရီး အဖြစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ တူရကီ သို့…