
စိန်ပီဦး
သံပီအူးစ်(၅) (၁၅၀၄-၁၅၇၃)ဆရာတော်သံပီအူးစ်(၅)ကို သက္ကရာဇ်၁၅၄ဝခုနှစ်တွင် အီတလီနိုင်ငံ ကော်ထိုနာမြို ့ အနီးတွင် ဖွားမြင်ခဲ့ပြီး သန့်ရှင်းမြင့်မြတ်သော စိတ်ပုတီးပွဲနေ့ကိုစတင်ခဲ့သူဖြစ်သည်။ ၁၅၆၆ ခုနှစ်တွင် ဆရာတော်အဖြစ်တင်မြှောက်ခြင်းခံခဲ့ရပြီး အသင်းတော်ကိုအားသွန်ခွန်စိုက် ကြိုးစား၍ ပြန်လည်ပြုပြင်ပြောင်းလဲခဲ့သည်။ သူသည် Trent ညီလာခံကြီးကို ထောက်ခံ လျက် ဆရာတော်များအား မိမိတို့၏သာသနာနယ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး များမှ လူငယ်များကို ဘုရားစကားသင်ကြားပေးရန် အကြံပေးတင်သွင်းခဲ့သည်။ ရောမ တိုင်းနိုင်ငံယိုယွင်းပျက်စီးမှုများနှင့် အာဏာရှင်များ၏ ငါနှင့်ငါ့ဆွေမျိုးများ ကောင်းစား ရေးဝါဒများ ကွယ်ပျောက်သွားပြီးနောက် ရဟန်းမင်းကြီး၏မြို ့တွင် တောပုန်း ဓါးမြများနှင့် ပြည့်တန်ဆာများမှအစပပျောက်သန့်စင်စေခဲ့သည်။…

