rvamyanmar

rvamyanmar

” အတုယူထိုက်တဲ့အလီဘာဘာ ကုမ္ပဏီပိုင်ရှင် ဂျက်မား ”

သီရိဂေဟာ အစီအစဉ်ဒီတစ်ပတ် သီရိဂေဟာ ရုပ်သံအစီအစဉ်မှာ ” အတုယူထိုက်တဲ့အလီဘာဘာ ကုမ္ပဏီပိုင်ရှင် ဂျက်မား ” ဘဝအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။တင်ဆက် – စစ္စတာရ် မေရီတည်းဖြတ် – ပေါလ်Photos Credit : Google Images#Family #rvapastoralcare #JackMa အားလုံးဘဲမင်္ဂလာပါ အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတပတ်ကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“အတုယူထိုက်တဲ့အလီဘာဘာကုမ္ပဏီပိုင်ရှင်ဂျက်မား”ဘ၀အကြာင်းကိုအနည်းငယ်တင်ဆက်ပေး သွားမှာြဖစ်ပါတယ်ရှင်။သော်တရှင်များရှင်-ဂျက်မားကိုတရုတ်နိုင်ငံရှမ်းဟိုင်းမြို့၊အနောက်တောင်းဘက်မိုင်(၁၀၀)အကွားဟန်ဇိုးမြို့လေးရဲဆင်ရဲတဲ့မိသားစု မှမွေးဖွားခဲ့ပါတယ်။ ဂျက်မားဟာလူရွှင်တော်ဗေလု၀နဲ့ရုပ်တူသလိုဗေလု၀လိုပဲလူကောင်းသေးသေးလေး ပါ။ဂျက်မားရဲ့နာမည်အရင်းက(မားယွန်း)လိုခေါ်ပါတယ်။ဂျက်ဆိုတဲ့အင်္ဂလိပ်နာမည်ကိုသူငယ်ငယ်ကဇာတိဟန်ဇိုး မြို့မှာမိတ်ဆွေဖြစ်ခဲ့တဲ့တိုးရစ်အမျိုးသမီးတစ်ယောက်ကပေးခဲ့တဲ့နာမည်လေးပေါ့။ဂျက်ဟာကျောင်းစနေတဲ့အ ရွယ်လူကောင်းသေးသေးလေးဖြစ်လိုအတန်းဖော်တွေရဲ့စတာ၊နောက်ပြောင်တာတွေအမြဲခံခဲ့ရပါတယ်။ဒါပင်မဲ့လူကောင်းကြီးတဲ့ကျောင်းသားတွေကိုတော့မကြောက်မရွံ့တုန်ပြန်တိုက်ခိုက်တက်ပါတယ်။ဂျက်မားရဲအရည် အသွေးတခုကိုပြောရမယ်ဆိုရင်ပညာကိုလိုလားတဲ့စိတ်ဓာတ်တစ်ခုဟာသူရဲ့အားသာချက်ပါ။သူ့အသက်(၁၂)နှစ်အရွယ်မှာအင်္ဂလိပ်စာကိုအရမ်းစိတ်၀င်းစားခဲ့ပါတယ်။အရမ်းလည်းတက်ချင်ခဲ့ပါတယ်။သူနေတဲ့မြို့လေးမှာ အင်္ဂလိပ်စာတက်တဲ့သူတစ်ယောက်မှာမရှိသလိုအင်္ဂလိပ်စာအုပ်လည်းတစ်အုပ်မှာမရှိခဲ့ပါဘူး။အဲ့ဒါနဲဂျက်မားဟာနေ့တိုင်းမနက်အစောကြီးထတယ်။ကျောင်းကိုမသွားခင်စက်ဘီးလေးစီးပြီးတော့ဟန်ဇိုးမြို့နယ်ကနိုင်ငံခြားသားတိုးရစ်တွေတည်းခိုနေတဲ့ဟိုတယ်ကိုသူသွားခဲ့ပါတယ်။တိုးရစ်တွေကိုမြို့အနှံလိုက်ပြပေးခဲ့ပါတယ်။ဂျက်ဟာသူတို့ဆီကပိုက်ဆံမယူခဲ့ပါဘူး။သူ့ကိုအင်္ဂလိပ်စာသင်ပေးဖို့ရန်အပေးအယူလုပ်ခဲ့ပါတယ်။ဂျက်ဟာလူကောင်းသေးပင်မဲ့သွက်လက်ချက်ခြားတယ်။ဒါကြောင်းတိုးရစ်တွေကသူကိုအရမ်းခင်ကြတယ်၊ချစ်ကြပါတယ်။မကြာခင်မှာပဲသူစုထားတဲ့ငွေနဲ့ရေဒီယိုအသေးလေးတစ်လုံး၀ယ်လိုက်တယ်။ရေဒီယိုကလာတဲ့အင်္ဂလိပ်စာ၊အင်္ဂလိပ်စကားပြော တွေကိုနေ့တိုင်းနားထောင်တယ်လိုက်ဆိုကျင့်တယ်။ဂျက်မားဟာတိုးရစ်တွေဆီမှာအင်္ဂလပ်စာသင်တာ(၉)နှစ်ကြာခဲ့ပါတယ်။ဇွဲကောင်းလှတဲ့ဂျက်ပါ။ဂျက်ဟာအင်္ဂလိပ်စာကိုအရမ်းတက်ချင်တယ်၊အင်္ဂလိပ်စကားကိုအရမ်းပြောတက်ချင်ခဲ့တယ်။ဘာကြောင်းလဲဆိုရင်သူငယ်ငယ်တုန်းကတည်းက၊ယုံကြည်ချက်တစ်ခုရှိတယ်။ ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်ထားတဲ့တရုတ်ပြည်ကြီးဟာတစ်ချိန်မှာတံခါးဖွင့်လာလိမ့်မယ်လိုသူယုံကြည်ခဲ့ပါတယ်။ကမ္ဘာကိုတံခါးဖွင့်လိုက်ရင်သူလေ့လာထားတဲ့အင်္ဂလိပ်စာဟာကမ္ဘာကြီးနဲ့ဆက်သွယ်ရမှာသူ့ကိုအကျိုးပြုလိမ့်မယ်လိုသူမျှော်လင့်ထားတယ်။ဒါအပြင်ဂျက်မားဟာပညာရေးကသာလျှင်သူကိုဆင်းရဲတွင်းကလွတ်မြောက်စေမယ်လိုလည်းခံယူထားပါတယ်။ဂျက်မားဟာအင်္ဂလိပ်စာမှာတော်ပေမဲ့သင်္ချာဘာသာမှာတော့အတော်လေးကိုအားနည်းခဲ့ပါတယ်။တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေတော့သင်္ချာဘာသာမှာကျလို၀င်ခွင့်မရခဲ့ပါဘူး။ဇွဲမလျှော့ပဲတတိယအကြိမ်ထပ်‌‌‌ေဖြတော့မှာအောင်မြင်ခဲ့ပါတယ်။ဆရာဖြစ်တက္ကသိုလ်တက်ခွင့်ရခဲ့ပါတယ်။၁၉၈၈ခုနှစ်မှာဘွဲ့ရခဲ့ပြီးတော့လဲကုမ္ပဏီပေါင်း(၃၀)မှာအလုပ်လျှောက်ခဲ့တယ်။ဖြစ်ချင်တော့ကုမ္ပဏီတစ်ခုမှာသူ့ကိုမရွေးခဲ့ပါဘူး။ နောက်ဆုံးကျတော့တက္ကသိုလ်တစ်ခုမှာအင်္ဂလိပ်စာသင်တဲ့ဆရာအလုပ်ရခဲ့ပါတယ်။ဂျက်မားအင်္ဂလိပ်စာသင်ပြတာကောင်းလွန်လို့သူ့ရဲတပည့်တွေကသူ့ကိုချီးကျူးကြတယ်။သူ့ကိုအရမ်းချစ်ကြပါတယ်။ မိတ်ဆွေလူငယ်များရှင်- ၁၉၉၀ပြည့်နောက်ပိုင်းမှာတော့ဂျက်မားမျှော်လင့်၊ယုံကြည့်ထားတဲ့နေ့တနေ့ရောက်ရှိခဲ့ပါပြီး။အဲဒီနေ့ဟာတရုတ် ပြည်မကြီးဟာကမ္ဘာကြီးကိုတံခါးဖွင့်ပေးလိုက်တဲ့နေ့ပေါ့။တရုတ်ပြည်စီးပွားရေးတွေတဟုန်းထိုးတိုးတက်လာခဲ့ပါတယ်။ဂျက်တစ်ယောက်လဲတက္ကသိုလ်ဆရာအလုပ်ကထွက်ပြီးတရုတ်စာတွေကိုအင်္ဂလိပ်လိုဘာသာပြန်ပေးတဲ့ကုမ္ပဏီတစ်ခုကိုတည်ထောင်လိုက်ပါတယ်။ဂျက်မားဟာအစိုးရကိုကူညီဘာသာပြန်ပေးဖို့ရန်အမေရိကန်နိုင်ငံကိုပထမဆုံးသွားရောက်ခဲ့ပါတယ်။   သော်တရှင်များရှင်-     …

” သဘာဝတရားကတော့ ဆက်လက် လန်းဆန်းနေအုံးမှာပါ ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြ‌စေ သဘာဝအမွေအစီအစဉ်မှာ ” သဘာဝတရားကတော့ ဆက်လက် လန်းဆန်းနေအုံးမှာပါ ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် / တည်းဖြတ် – ဇော်နိုင်ဦး Photos Credit : Google Images #rvapastoralcare #environment #ForestFlower #Nature

သားသမီးလေးတွေရဲ့ Software နဲ့ Tools သုံးတာကို မိဘတွေ ထိန်းချုပ်နိုင်ဖို့ ညွှန်ပြ ပေးနိုင်ဖို့

Parents Control             ဒီနေ့မှာ သားသမီးလေးတွေရဲ့ software နဲ့ tools သုံးတာကို မိဘတွေ ထိန်းချုပ်နိုင်ဖို့ ညွှန်ပြ ပေးနိုင်ဖို့ အထူးလိုအပ်ပါတယ် ဆိုတဲ့ အကြောင်း တင်ပြပေးချင်ပါတယ်။             ကလေးငယ်လေးတွေ မိမိအသက်အရွယ်နဲ့ မသင့်လျော်တဲ့ အကြောင်းအရာတွေ online ပေါ်မှာ ကြည့်နေမယ်။ ချဉ်းကပ်နေမယ်ဆိုရင် မိဘတွေ ဘယ်လိုကိုင်တွယ်မလဲ?             ဖုန်းကို မကိုင်ရဘူးဆိုပြီး ဖုန်းပြန်သိမ်းလိုက်မှာလား? ဆူပူကြိမ်းမောင်းပြီးတော့ကော ပြီးသွားမှာလား? ကလေးတွေမှာ online သုံးဖို့ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူးလား?            …

” ဘုရားရှာခြင်း – အပိုင်း- ၂၄ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၂၄ ” ကိုတင်ဆက်ပေးသွားမှာပါ။

” အစိမ်းရောင်အတွေး ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” အစိမ်းရောင်အတွေး ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် / တည်းဖြတ် – ဇော်နိုင်ဦး Photos Credit – Google Images #rvapastoralcare #Environment #GreenPolitic #Greenideology #tree

ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့ဟာ သံတာမော်နီကား၏ ပွဲနေ့ဖြစ်ပါတယ်။

ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့ဟာ သံတာမော်နီကား၏ ပွဲနေ့ဖြစ်ပါတယ်။ သံတာမော်နီကား အမည်ကိုခံယူထားကြသူများအားလုံးကို ဂုဏ်ယူ၀မ်းမြောက်ဖွယ်ရာနေ့ပါဟု နှုတ်ဆက်လိုက်ပါရစေ။ သံတာမော်နီကားကို သူမ၏သား စိန်သြဂုစ္စတင်းနှင့်ဆက်စပ်ပြီး လူသိများကြပါတယ်။ သြဂုစ္စတင်းသည် လူပေလူတေနဲ့ အယူဝါဒခက်ထန်လွန်းပြီး ဒိဠိတစ်ယောက်အဖြစ်ပင်နေထိုင်လာခဲ့သော်လည်း နောက်ဆုံးမှာတော့ မိခင်သံတာမော်နီကား၏ဆုတောင်းမေတ္တာကြောင့် ဘုရားသခင်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အသင်းတော်၏ကြီးမြတ်သော ဓမ္မသင်္ဂြိုလ်နှင့် ရဟန္တာကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။ ဤသည်မှာ သံတာမောနီကား၏ဆုတောင်းမေတ္တာကြောင့်သည်မှာ ထင်ရှားလှသလို၊ စိန်သြဂုစ္စတင်းကိုယ်တိုင်လည်း သက်သေခံခဲ့ပါတယ်။ သံတာမော်နီကားသည် အလွန်ပင်ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားသခင်ကိုယုံကြည်သက်၀င်သူတစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း သူမဘ၀ဟာ အရပ်သားစကားနဲ့ဆိုရလျှင် အိမ်ထောင်ဖက်ကံမကောင်းခဲ့ရှာပါဘူး။ ဒါဟာ တကယ်တန်းတော့ ဘုရားသခင်၏…

ကြောက်စိတ်ကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ”

သီရိဂေဟာ အစီအစဉ် ဒီတစ်ပတ် သီရိဂေဟာ အစီအစဉ်မှာတော့ ” #ကြောက်စိတ်ကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ အားလုံးဘဲမင်္ဂလာပါ           အာဗီအေမြန်မာဘာသာအစီအစဉ်ကနေကြိုဆိုပါတယ်။ဒီနေ့တင်ဆက်ပေမဲ့ အကြောင်းအရာလေး ကတော့‘ကြောက်စိတ်ကိုရင်ဆိုင်ဖြတ်သန်းရမလဲ‘ဆိုတဲ့အကြောင်းလေးကိုအနည်းငယ်ဝေမျှပေးသွားမှာဘဲဖြစ်ပါတယ်ရှင်။ မိတ်ဆွေလူငယ်များတို့     ကျွန်မတို့တတွေဟာကြောက်စိတ်ရဲ့လွမ်းမိုးမှုတွေနဲ့နေစဉ်နဲ့အမျှကြုံဖူးကြမှာပါ။ကျွန်မတိုရဲ့ပတ်ဝန်းကျင်ရှိ ၊အသိမိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊စီးပွားရေးသမားတွေ၊အောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေ၊အထက်အရာရှိတွေကိုမေးကြည့်တဲ့အခါသူတို့တွေမှာလည်းအနည်းအများဆိုသလိုကြောက်စိတ်တွေနဲ့ရင်ဆိုင်နေရတယ်လိုပြောကြပါတယ်။ဒါကြောင့်ကျွန်မတို့တတွေလည်းကြောက်စိတ်နဲ့မကင်းကြပါဘူး။ ကျွန်မကိုယ်တိုင်လည်းငယ်ငယ်ကတည်းကကြောက်တက်ပါတယ်။ကျွန်မရဲ့ပင်ကိုယ်စရိုက်က ကိစ္စတော်တော်များများကိုကြောက်တက်လိုပါ။ကျွန်မတို့တတွေနေ့စဉ်နဲ့အမျှတစ်ဘဝလုံးတစိုက်မက်မက်လုပ်နေရတဲ့အလုပ်တွေ၊တွေ့ကြုံနေရတဲ့အရာတွေများမှာကြောက်စိတ်ကိုတော်လှန်နေရတဲ့အလုပ်တွေပါ။       မိတ်ဆွေလူငယ်များရှင်  – ကြောက်စိတ်တို့ရဲသဘောဟာ မိမိရဲ့ လူတို့ရဲ့ စွမ်းဆောင်ရည်ကိုထုတ်မ သုံးအောင် ၊မိမိတို့ရဲ့အစွမ်းအစအရည်အချင်းတွေရှိပါလျှက်နှင့်အကောင်အထည်မဖော်နိုင်အောင် ပိတ်ပင်ထားလေ့ရှိပါတယ်။ကြောက်စိတ်ရှိနေသရွေ့တော့လုပ်ချင်တာတွေ၊အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ဒါ ကြောင်းမိမိတို့ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တင်ခြင်းတယ်ဆိုရင် ကြောက်စိတ်ကိုမဖြစ်မနေ လျှော့ချပစ်ရပါမယ်။ကြောက်စိတ်ကို အနှိုူင်းယူခြင်းရင်ထိပ်တိုက်သာရင်ဆိုင်လိုက်ပါ။လှည့်ပြေးနေရင်း ဒုံရင်သာဒုံရင်ဘဲဘာမှာဖြစ်လာမှာမဟုတ်သလို၊ဘာမှာလည်းထူးလာမှာမဟုတ်ပါဘူး။အောင်မြင်ကျော် ကြားတဲ့ပုဂ္ဂိုလ်တွေပြောကြတဲ့စကားကတော့ကြောက်စိတ်ဆိုတာထွက်ပြေးမဲ့အစားကြောက်စိတ်ကိုသူငယ် ချင်းလုပ်ပြီးတော့ကြောက်စိတ်ဘက်ယိမ်းရိုင်းလိုက်ပါ။ဒါပြင် ပိုပြီးကိုယ်ကိုကိုယ်နားလည်းအောင်ကြိုးစား လာလေဘဝမှာတိုးတက်အောင်မြင်ပြီးတော့ကိုယ်ဖြစ်ချင်တဲ့လူတယောက်ဖြစ်လာတယ်လိုအောင်မြင်ကျော် ကြားတဲ့ပုဂ္ဂိုလ်တွေပြောကြားတာကိုလည်းကြားဖူးပါတယ်။တွေးပြီးလည်းမကြောက်နဲ့၊ကြောက်ပြီးလည်းမ တွေးနဲ့…