သံစတီးဗင်း  (+၃၆)

ပထမဦးသောဓမ္မအာဇာနည်

ပထမဦးဆုံးသော ဓမ္မအာဇာနည် သံစတီးဗင်းသည် ရှေးဦးအသင်းတော်ကြီးထဲ၌ ထင်ရှားသော ဦးပဥ္စင်းကြီးခုနှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဘုရား၏ကောင်းကြီး တန်ခိုးတော်များနှင့် ပြည့်စုံလျက်လူအများကြီးထဲတွင် ကြီးမားသာအံ့ဖွယ်ရာများပြုလုပ် ခဲ့သည်။ ဉာဏ်ပညာပြည့်စုံ၍ ဖြူစင်သောစိတ်ထားဖြင့် သူပြောသောစကားကို မည်သူ တစ်ဦးတစ်ယောက်မျှ ကြံ ့ကြံ ့မခံနိုင်ကြပေ။ ထိုကဲ့သို့သော စွမ်းရည်များကြောင့် ဂရိတ် ဘာသာစကားပြောသော ဂျူးများမနာလိုဒေါသဖြစ်ရကာ စတီးဗင်းအား အရှက်တစ်ကွဲ ဖြစ်စေဖို့ရန် အလို့ငှာတရားရုံးရှေ ့သို့ခေါ်ဆောင်သွားခဲ့ကြလေသည်။ သို့သော် စတီးဗင်း ၏မျက်နှာသည် သိကြားတမန်ကဲ့သို့သာတောက်ပ၍ “ သင်တို့သည် သင်တို့၏ ဘိုးဘေး များကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတစေဆန့်ကျင်စွာပြုမှုကြသည်။ ပရော ဖက်များ၏ ညှင်းပန်းနှိပ်စက်မှုကိုမခံရသော သင်တို့၏ဘိုးဘေးများရှိပါ သလား” ဟု ထ ပြောခဲ့လေသည်။

ထိုစကားကိုကြာသော တရားရုံးအဖွဲ့ဝင်များသည် ဒေါသထွက်ကာ သူ့အပေါ်မ ကျေမနပ်ဖြစ်၍ အံကြိတ်သည်အထိဖြစ်လေ၏။ သို့သော်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြီးပြည့်စုံသည့် စတီးဗင်းသည် ကောင်းကင်ဘုံထက်သို့မောကြည့်ကာ “ ကြည့်လော့၊ ကောင်းကင်ဘုံတံခါးမသည်ဖွင့်လျက် လူသားသည် ဘုရားသခင်၏လက်ျာဘက်မှာ ထိုင်နေတော်မူသည်ကို ငါမြင်ရ၏” ဟု သူမြင်တွေ့ရသော ရူပါရုံကိုပြောလေသည်။ စတီးဗင်းမှာ ဘုရားသခင်ထံသို့ “ ယေဇူး . . . .. ကျွန်ုပ်၏ဝိညာဉ်ကိုသိမ်းပိုက်တော်မူပါ ဘုရား” ဟူ၍ တောင်းခံလေသည်။ ထို့နောက် ဒူးထောက်လျက် ကျယ်လောင်သောအသံ ဖြင့် “ သခင် ဘုရား . . . .ဤ သူတို့၏အပြစ်ကိုမှတ်ယူတော်မမူပါနှင့်” ဟူ၍ တိုင်တည် တော်မူစဉ်၌ပင် သံစတီးဗင်းပျံလွန်တော်မူခဲ့လေသည်။ (တမန်တော် ရး၅၉)

rvamyanmar
rvamyanmar
Articles: 3977

Leave a Reply

Your email address will not be published. Required fields are marked *