
ကာဒီနယ်ချားလ်စ်ဘို ၏ (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

ကာဒီနယ်ချားလ်စ်ဘို ၏ (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့… ယေဇူးကိုယ်တော်ကို သခင်ဘုရားအဖြစ် မိမိရဲ့နှုတ်နဲ့ သက်သေခံကြတဲ့ သူတိုင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ကောင်းချီးမင်္ဂလာအပေါင်း ခံစားကြရပါစေ။ ယခု ကာ လဟာ ကိုဗစ် ကပ်ရောဂါရဲ့ ဒုတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ ကာလ ဖြစ်ပါတယ်။ သန်းပေါင်းများစွာသောလူတွေ၊ အထူးသဖြင့် ဆင်းရဲ ငတ်မွတ်ခြင်းဘေးကိုပါ ခံစားနေကြတဲ့သူတွေ အဖို့ကတော့ ကြောက်ရွံ့ စိတ်၊ စိုးရိမ်ထိတ်လန့်စိတ်တွေကြီးစိုးတဲ့ကာလလို့လည်း ဆိုနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီကာလဟာ စည်းလုံးညီညွတ်မှုကို ပြရမယ့်ကာလ၊ မိမိတို့ရဲ့သဒ္ဓါရက်…









