rvamyanmar

rvamyanmar

” လူ့ ဂုဏ်သိက္ခာ ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ( ရုပ် / သံ ) အစီအစဉ် ဒီတစ်ပတ်မှာတော့ ” လူ့ ဂုဏ်သိက္ခာ ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် /တည်းဖြတ် – ဇော်နိုင်ဉီး ရိုက်ကူး – ပင်ကီ #LaudatioSi5 #PopeFrancis #People #Environment #ClimateChange #RVAMyanmarService

မေလ (၂၆): #ရဟန္တာ_ဖိလစ်နေရီ ပွဲနေ့ (Philip Neri)

မေလ (၂၆): #ရဟန္တာ_ဖိလစ်နေရီ ပွဲနေ့ (Philip Neri) *ဖိလစ်နေရီကို ပျော်ရွှင်ပြီး ဟာသပြောတတ်သူ၊ သန့်ရှင်းဖြူစင်ပြီးတရားဟောကောင်းမွန်သူနှင့် အာပတ်ဖြေနားထောင်ရာ၌ စံထားအပ်သူအဖြစ် လူသိများခဲ့သည်။ သူသည် “အီတလီနိုင်ငံ၏ တမန်တော်” သို့မဟုတ် “အီတလီနိုင်ငံကို စောင့်ရှောက်သည့် ရဟန္တာ”လည်း ဖြစ်သည်။ *စိန့်ဖိလစ်သည် ၁၅၁၅ ခုနှစ်၊ အီတလီနိုင်ငံ၊ ဖလောရန့် ဒေသတွင် ဆင်းရဲသည့်မိသားစုမှ မွေးဖွားခဲ့၏။ ဒေါမိနစ်ကင်အသင်းဂိုဏ်းမှ ဖွင့်လှစ်သည့် ကျောင်းတွင် သူ့ကို ဘုရားတရား ကိုင်းရှိုင်းသည့်လူငယ်အဖြစ် လူသိများခဲ့သည်။ သူ့အသက် ၁၈ နှစ်တွင် စီးပွားရေး (ချမ်းသာသည့် ကုန်သည်)လုပ်ငန်းပိုင်ရှင်၊…

ဘာသာအစ

ဘာသာအစ မည်သည့်အချိန်က ဘာသာစခဲ့ပါသနည်း။ မည်ကဲ့သို့ စခဲ့ ပါသနည်း။ မည်သည့် ဒေသ၌ စခဲ့ပါသနည်း။ ဤမေးခွန်းများသည် ဘာသာသမိုင်း သုတေသီများသာမက လူတိုင်း စိတ်ဝင်စားသော မေးခွန်းများ ဖြစ်၏။ လူတိုင်း သိလိုကြ၏။ လေ့လာချင်ကြသည်။ သို့သော် အထက်ပါမေးခွန်းများကို တိတိကျကျ အဖြေမပေး နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် လူ့သမိုင်းမှတ်တမ်းများတွင် သမိုင်းဦးခေတ်မှ အကြောင်းအရာများကို မှတ်ကျောက်တင်ထားသော စာပေစာတမ်းများ မရှိသောကြောင့်ဖြစ်၏။ ထိုခေတ်သမယမှ လူများ ကိုယ်တိုင်ရေးသားထားခဲ့သော စာများလည်း မရှိခဲ့သေးပေ။ ထို့ကြောင့် ထိုခေတ်အခါမှ သူတို့ ဘာကိုယုံကြည်ခဲ့ကြသည်ကို…

” ဘုရားရှာခြင်း – အပိုင်း- ၁၀ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၁၀ ” ကိုတင်ဆက်ပေးသွားမှာပါ။

ဖာသာရ် ဂျော့ ခင်မောင်ထွေး ပါစကား ကာလ (သခင်ယေဇူး မိုးကောင်းကင် သို့ တက်ကြွတော်မူသောပွဲ) တနင်္ဂနွေနေ့ ဩဝါဒ မေလ ၂၄၊ ၂၀၂၀

သခင်ယေဇူးမိုးကောင်းကင်တက်ကြွပွဲနှင့် ကမ္ဘာ့ဆက်သွယ်ရေးတနင်္ဂနွေနေ့ ကာဒီနယ်ချာစ်းလ်ဘို၏ တရားတော်

သခင်ယေဇူးမိုးကောင်းကင်တက်ကြွပွဲနှင့် ကမ္ဘာ့ဆက်သွယ်ရေးတနင်္ဂနွေနေ့ ကာဒီနယ်ချာစ်းလ်ဘို၏ တရားတော် သခင်ယေဇူး၌ ညီအစ်ကိုမောင်နှမတို့၊ လူသားများနှင့် သတ္တဝါ၊ သစ်ပင်ပန်းပင်အပေါင်း၊ ကောင်းကြီးမင်္ဂလာ ခံစားရပါစေ။ ဒီကမ္ဘာလုံးကြီးကောင်းကြီးခံစားရပါစေ။ ကျွန်ုပ်တို့ ဒီနေ့ မုန့်တော်နဲ့ နှုတ်ကပတ်တော် ဝေမျှခြင်းမှာ ပါဝင်ကြတဲ့ သင်တို့အားလုံး ဘုရားရှင် ကျေးဇူးတော်နဲ့ ပြည့်ဝကြပါစေ။အသက်ရှင်တဲ့ဘုရား၊ ချစ်တဲ့ဘုရား၊ လွတ်မြောက်ချမ်းသာစေသော ဘုရားရှင်၊ သင်တို့နှလုံးသားတိုင်းကို အေးချမ်းပါစေ။ဒီနေ့တနင်္ဂနွေနေ့ – ပွဲ(၂)မျိုး (၂)စားကို ကျင်းပနေတယ်။ ၁။ သခင်ယေဇူးမိုးကောင်ကင်သို့၊ တက်ကြွတဲ့ပွဲကြီး။ ၂။ ကမ္ဘာဆက်သွယ်ရေးပွဲနေ့ကြီးဖြစ်ပါတယ်။သခင်မိုးကောင်းကင်ကို တက်ကြွတော်မူတယ်။ သခင်ယေဇူးဝမ်းမြောက် ဝမ်းသာစွာနဲ့ ဆိုနိုင်ပြီ။…

” ဤကမ္ဘာ မြေ စိမ်းလန်း စိုပြေ စေရမည်”

ထိန်းသိမ်းးကြ စေ သဘာဝအ မွေ ( ရုပ် / သံ ) အစီအစဉ်ဒီတစ်ပတ်မှာတော့ ” ဤကမ္ဘာ မြေ စိမ်းလန်း စိုပြေ စေရမည်”ခေါင်းစဉ်ဖြင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။တင်ဆက် / တည်းဖြတ် – ဇော်နိုင်ဦးရိုက်ကူး – ပင်ကီ #Laudatosi #CareforOurCommonHome

စိန့်ရီတာပွဲနေ့ (ကာစီးယား) မေလ ၂၂ ရက်

စိန့်ရီတာပွဲနေ့ (ကာစီးယား)မေလ ၂၂ ရက် စိန့်ရီတာ St. Rita of Cascia သည် လေးစားဖွယ် အိမ်ထောင်ရှင် အမေဘဝမှ မုဆိုးမဘဝကို ခက်ခဲစွာ ဖြတ်ကျော်ကာ သီလရှင်တစ်ပါး ဖြစ်လာခဲ့သည်။ သူမကို မဖြစ်နိုင်သည့်အရာများ၊ အိမ်ထောင်ရေး ပြဿနာရှိသူများ၊ရင်သွေးရတနာလိုချင်များနှင့် မိဘများ၏ ခိုလှုံအားကိုးရာ ရဟန္တာ တစ်ပါးဖြစ်သည်။ *စိန့်ရီတာကို အီတလီနိုင်ငံ၊ ရိုဂတ်ပိုလဲနာတွင် မွေးဖွားခဲ့ပြီး သူမငယ်စဥ်ကပင် ဘုရားတရား ကိုင်းရှိုင်းခဲ့သူဖြစ်၏။ သူမသည် သီလရှင် တစ်ပါးဖြစ်ရန် ဆန္ဒပြင်းပြခဲ့သော်လည်း သူမ၏မိဘများက ရိုးရာဓလေ့အတိုင်း အိမ်ထောင်ပြုခိုင်းသည်ကို…

Covid 19 ကြား ဝိညာဉ်ခွန်အား (ဒု – ရာဇဝင် ၂၀ : ၁ – ၁၂)

Covid 19 ကြား ဝိညာဉ်ခွန်အား (ဒု – ရာဇဝင် ၂၀ : ၁ – ၁၂)“””””‘””””””””””””””””””””””””””””””””””Fr. Camillus Suan SDB လူ့သမိုင်းမှာတစ်ကမ္ဘာလုံးမကြုံဖူးမဆုံဖူးတဲ့ဒီကပ်ဆိုးကြောင့်ဘယ်မှသွားလို့မရကိုယ့်အိမ်ထဲမှာပဲနေနေရလို့ဒုက္ခရောက်တယ်အဆင်မပြေဘူးလို့ခံစားရပေမဲ့ခံသာတာကတော့ကိုယ်ချစ်တဲ့မိဘညီအစ်ကိုမောင်နှမတွေဆွေမျိုးမိတ်ဆွေတွေဖြစ်နေလို့တော်သေးတယ်။တကယ်လို့သေသွားပြီးငရဲများရောက်နေရင်ဘုရားကိုမချစ်တဲ့လူတွေကိုလဲမချစ်တဲ့လူဆိုးလူမိုက်တွေနဲ့ထာဝရနေရမှာလဲကြောက်စရာပင်။သင်္ခါရတရားတွေတွေ့ကြုံရင်ဆိုင်ရတဲ့အချိန်မှာထာဝရတရားတွေလဲတစ်ခါတစ်လေစဥ်းစားဘို့ကောင်းတယ်။ ဒါကြောင့်ဒီ Covid-19ကြားဝိညဥ်ခွန်အားရရှိနိုင်ဘို့ ရာဇဝင်ချုပ်ဒုတိယ ၂၀း၁-၁၂)ကိုအတူတကွထောက်ရှုသုံးသပ်ဘို့ရွေးချယ်ထားတယ်။ဒီကျမ်းပိုဒ်မှာ(ဖြစ်နိုင်ရင်ဒီကျမ်းပိုက်ကိုကိုယ့်ဖတ်စေချင်တယ်) ဘုရားရှင်သီးခြားရွေးချယ်ထားတဲ့လူမျိုး၊ဘုရားရဲ့လူမျိုးဂျူးတွေနဲ့သူတို့ရဲ့ဘုရင်ယောရှဖတ်ကိုရန်သူတွေဖြစ်တဲ့မောဘလူမျိုး၊အမ္မုန်လူမျိုး၊ဧဒုံလူမျိုးတွေကလာဝိုင်းတော့ကြောက်ကြတယ်။ကြောက်ကြတော့ဘာလုပ်ကြလဲ – ၁။ထာဝရဘုရားကိုဆုတောင်းမည်ဟုစုဝေး၍ထာဝရဘုရားကိုရှာလေ၏ (၄)ကျွန်တော်တို့လည်းသူတို့လိုဒီလိုကပ်ဆိုးတွေ၊ဒုက္ခအခက်အခဲတွေရင်ဆိုင်တွေ့ကြုံတဲ့အချိန်မှာကြောက်တာနဲ့ပဲမပြီးသွားဘဲ၊ဘုရားမြတ်ရှင်ရဲ့မျက်နှာတော်ကိုရှာပြီး၊မိသားစုဘုရားစင်ရှေ့မှာဆုဝေးပြီး၊ဘုရားကိုပိုပြီးချဥ်းကပ်တဲ့၊ဘုရားနှင့်ပိုနည်းစေတဲ့အချိန်သမယအဖြစ်အသုံးပြုကြရအောင်။ ကမ္ဘာဦးကျမ်း ၂၈း၁၀-၂၂မှာယာကုပ် သူ့အစ်ကို ဧသောအသတ်ခံရမှာကြောက်လို့အိမ်ကနေထွက်ပြေးသွားလို့ညမိုးချုပ်တော့စားစရာလဲမရှိ၊တည်းခိုစရာလဲမရှိ၊သူ့နောက်ကအစ်ကိုဖြစ်သူကသတ်ဘို့လိုက်လာမှာလဲကြောက်၊ရှေ့မှာဘာတွေ့ကြုံရမလဲမသိဘဲဟင်းလင်းပြင်မှာကျောက်တစ်လုံးခေါင်းအုံးအဖြစ်အသုံးပြုလို့အိပ်နေတဲ့အချိန်မှာဘုရားရှင်နဲ့သူ့အိပ်မက်မှာတွေ့ဆုံစကားပြောလို့သူနဲ့ဘုရားနဲ့အနီးဆုံးအချိန်ဖြစ်နေသလိုဒီလိုဒုက္ခအခက်အခဲတွေရင်ဆိုင်ရတဲ့အချိန်ကကိုယ့်အတွက်ဘုရားနဲ့အနီးဆုံးအချိန်အဖြစ်အသုံးချရအောင်။ ၂။ယောရှဖတ်သည်ဗိမ္မာန်တော်တံတိုင်းသစ်ရှေ့ပရိသတ်အလယ်၌ရပ်လျက်ဆုတောင်း၏(၅)ဘုရင်ယောရှဖတ်ဟာသူ့နန်းတော်ကပလ္လင်ပေါ်ကနေဆုမတောင်းဘဲပရိသတ်နဲ့အတူဘုရားရဲ့ဗိမ္မာန်တော်ကိုချဥ်းကပ်လာတယ်။ဒီကိုရိုနာကပ်ဆိုးကြောင့်ဘုရားကျောင်းသွားလို့မရပေမဲ့ဘုရားရှိခိုးလို့မရတာမှမဟုတ်တာ။အိမ်တိုင်းမှာဘုရားစင်ရှိတယ်။မိသားဆုအတူတူချဥ်းကပ်ပြီးဘုရားစင်ရှိမှာရပ်ကြပြီးစိတ်မပူစေဘဲဒူးပူစေ၊နာစေပြီးအတူတူဒူးထောက်ဆုတောင်းရအောင်။ တစ်ဆက်ထဲမှာပဲဘုရားကျောင်းသွားလို့မရပေမဲ့ကယ်တင်ရှင်ယေဇူးခရစ်တော်ရှင်မိန့်ကြားခဲ့တဲ့စကား “ဟုတ်မှန်စွာကိုးကွယ်သူတို့သည်ခမည်းတော်ကိုစိတိဝိညာဥ်အားဖြင့်လည်းကောင်း၊သမ္မာတရားအားဖြင့်လည်းကောင်းကိုးကွယ်ဝတ်ပြုရမည့်အချိန်ကာလယခုပင်ရောက်လေပြီ(ရှင်ယောဟန် ၄း၂၃)ကိုပြန်လည်ကြားယောင်ပြီးဘုရားကိုမှန်မှန်ကန်ကန်ရှိခိုးကိုးကွယ်နိုင်ဘို့ကြိုးစားကြရအောင်။ ကျန်တစ်ဘက်မှာဘုရားကျောင်းကိုအမြဲတမ်းတက်တဲ့ဘာသာသူတစ်ချို့ကိုဒီကပ်ဆိုးအတွင်းမိမိအတွက်အထိအနာဆုံး၊ခံရအခက်ဆုံး၊အဆင်မပြေဆုံးအရာကဘာလဲလို့ဖုန်းနဲ့မေးကြည့်လိုက်တော့ ဘုရားကျောင်းမတက်ရတာ၊အခါတော်ရက်ကြီးတွေမှာကိုယ်တော်မြတ်မပင့်ရတာအနာဆုံးပါ။ကျန်တဲ့ဟာတွေကခံသာသေးတယ်လို့အားလုံးလိုလိုကဖြေကြားကြတယ်။သူတို့ဆက်ပြောတာကဒီကပ်ဆိုးကြီးကုန်သွားလို့၊ကျော်လွန်သွားလို့ပုံမှန်ဖြစ်သွားရင်တော့အရင်ကသိပ်ပြီးတန်ဘိုးမထားခဲ့တဲ့ဘုရားကျောင်းတက်တာနဲ့ကိုယ်တော်မြတ်ပင့်တာကိုတော့ပိုတန်ဘိုးထားမြတ်နိုးလာပြီးပတ်တိုင်းမပျက်မကွက်(တစ်ချို့နေ့တိုင်း)ကိုယ်တော်မြတ်ပင့်ဘို့စိတ်ဆုံးဖြတ်ထားတယ်လို့ပြောကြတယ်။ ဆာလံ ၈၄း၁-၂ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ထာဝရဘုရားသခင်၊ကိုယတော်စံပယ်တော်မူရာဌာနသည်မြတ်နိုးဘွယ်ကောင်းလှပါ၏။-ငါ၏ဝိညာဥ်သည်ထာဝရဘုရားသခင်၏နန်းတော်တို့ကိုမေ့မြောလုမတတ်တမ်းတပါ၏။အထက်ကဖော်ပြခဲ့တဲ့ဘုရင်ကြီးယောရှဖတ်နှင့်ဆာလံရေးတဲ့စာဆိုတော်လိုဒီလိုဘုရားကျောင်းနဲ့ဝေးတဲ့အချိန်၊ကိုယ်တော်မြတ်ပင့်ယူလို့မရတဲ့အချိန်အခါမျိုးမှာဘုရားရှင်၏ဗိမ္မာန်တော်ဖြစ်တဲ့ဘုရားကျောင်းနဲ့ကိုယ်တော်မြတ်ဘုရားရှင်ကိုပိုမိုတောင်းတ၊တမ်းတပြီးပိုတန်ဘိုးထားမြတ်နိုးနိုင်ဘို့ကြိုးစားကြစို့။ ၃။ဘုရင်ကြီးယောရှဖတ်၏ဆုတောင်းနည်း (၄)မျိုး (၁) ဘိုးဘေးတို့၏အရှင်ထာဝရဘုရား၊ကိုယ်တော်သည်အဘယ်သူမျှမတားဆီးနိုင်အောင်ခွန်အား၊တန်ခိုးကြီးတော်မူသည်မဟုတ်လော…