rvamyanmar

rvamyanmar

St. Theodosius (စိန့်သီအိုဒိုစစ်) (423-529) (11 January)

St. Theodosius (စိန့်သီအိုဒိုစစ်) (423-529) (11 January) စိန့်သီအိုဒိုစစ်သည် ကာပါဒိုရှားကဖြစ်သည်။ နှစ်ပေါင်း (၃၀) ရသေ့ဘဝ၌ မင်းသုံးပါးလိုဏ်ဂူဟုခေါ်သော ဂျေရုဇလင်နှင့် ဗက်သလင်ဟင်ကြားမှာရှိသည့် ရသေ့ကျောင်းတွင် နေရသည်။ ပင်လယ်သေနားတွင်ရှိသော စိန့်ဘာဆဲလ်တည်ထောင်ခဲ့သည့် ရသေ့ကျောင်းသို့သူသည် ပြောင်းရွေ့ရသည်။ နောက်လိုက်တပည့်များသည် သူ၏စင်ကြယ်ခြင်းကို အထူးလေးစားလျှက် အတုယူကြသည်။ နှစ်အတန်ကြာသော် မြို့ငယ်တစ်မြို့လောက်ဖြစ်လာသည်။ လူနာများအတွက် ဆေးရုံ(၅)ခု၊ မသန်မစွမ်းသူများ ခိုကိုးရာနေရာ၊ စိတ်ရောဂါဝေဒနာရှင်များအား ကြည့်ရှုရာနေရာများကို ရသေ့များကပြုစုခဲ့ကြသည်။ ယုဒပြည်ဖြစ်သည့်အတွက် ဘာသာစကားအလိုက် ကျောင်း(၄)ကျောင်းဖြင့် တည်ထောင်ဖွဲ့စည်းသည်။ ဂရိတ်ကျောင်း၊ အာမေးနီးယားကျောင်း၊ အာရပ်စကားပြောသောကျောင်းနှင့်…

တန်ဖိုးတစ်ခုထားစေချင်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာတော့ ” တန်ဖိုးတစ်ခုထားစေချင် ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ Camera – Pinky တင်ဆက်/တည်းဖြတ် – William Zaw Naing Oo Photo Credit : Google Images #rvapastoralcare #Bird #Nature

St. Severin of Noricum (စိန့်ဆေဗာရိန် နိုရီကွန်း) Abbot (AD-482)

St. Severin of Noricum (စိန့်ဆေဗာရိန် နိုရီကွန်း) Abbot (AD-482) 8 January သူ၏ဇာတိကိုတိကျစွာ မသိသော်လည်း လက်တင်ဘာသာရေးသားခြင်းကို ကြည့်ပါက ရောမလူမျိုးဖြစ်ကြောင်းကို ခန့်မှန်းရသည်။ တစ်ချိန်က ရသေ့တောထွက်ဘဝ၌ နေခဲ့ပြီးမှ နိုရီကွန်းလူတို့အား တရားဟောကြားရန် တောထွက်ရသေ့ဘဝမှ ပြောင်းလာသည်။ ပထမ (Astura)တို့ဆီ ဟောကြား၍ အခက်အခဲများစွာ ကြုံတွေ့ရသည်။ ”မင်း“ တို့အား အပြစ်ဒဏ်ပေးရန် ဘုရားသခင်အမျက်သင့်ကြောင်းကို ကြိုတင်ဟောထားသည်။ ဘုရားသခင်က ဟန့်ဘားလူတို့လက်မှာ ”မင်း“ တို့အားအပ်ထားသည်ဟု ကြိုတင်ဟောထားသည့်အတိုင်း မကြာခင် ဒုက္ခရောက်ကြလေသည်။…

အရောင်စုံလှပနေတဲ့ခရစ်တော်ရဲ့အစေခံများ

Friday, January 08, 2021 အရောင်စုံလှပနေတဲ့ခရစ်တော်ရဲ့အစေခံများ                ♻️ချစ်ခြင်းမေတ္တာကြီးမားတဲ့ မိသားစုကြီးမှာ နေထိုင်ပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝနဲ့ နေထိုင်အမှုတော်ဆောင်ကြတဲ့ ကျွန်ုပ်တို့ သူတော်စင်ဘောင် ဝင်သူတွေ ၀မ်းမြောက် ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။               ♻️အမြဲတမ်းပဲ ပျော်ရွှင်သလားဆိုတော့ ကျွန်ုပ်တို့ အဖွဲ့အစည်းနဲ့ နေတဲ့အခါ မတူညီတဲ့ ရိုးရာဓလေ့၊ ဘာသာစကား အမျိုးမျိုးပြောဆိုကြတဲ့သူတွေ ဆိုတော့ တစ်ခါတစ်လေ နားလည်မှုလွဲ- အမြင်မှားတတ်တာလည်း သိပ်မဆန်းပါဘူး။ ကျွန်ုပ်တို့လည်း လူသားပေမို့ အမှားနဲ့ မကင်းကြပေမယ့် ဘုရားရှင်ရဲ့တရားရိပ်အောက်မှာ နှိမ့်ချတတ်တဲ့ စိတ်နှလုံးနဲ့ လဲကျ-…

သိပ္ပံပညာရှင် ကယ်လီလေအို ရဲ့ တွေ့ရှိချက်အပေါ် ကက်သလစ်သာသနာတော်က ဘာကြောင့်ငြင်းပယ်ခဲ့တာလဲ

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၄) ဒီတစ်ပတ်အမေးအဖြေကဏ္ဍ မှာတော့ “နက္ခတဗေဒ သိပ္ပံပညာရှင် ကယ်လီလေအို ဂါလီလီရဲ့ ကမ္ဘာကနေကို ပတ်နေခြင်း တွေ့ရှိချက်အပေါ် ကက်သလစ်သာသနာတော်က ဘာကြောင့်ငြင်းပယ်ခဲ့ပြီး သူ့ကိုစီရင်ချက်ချခဲ့တာလဲ ” ဆိုတဲ့အကြောင်းကို Rev. Fr. Richard Hla Min Oo ကနေဖြေကြားပေးသွားမှာဖြစ်ပါသည်။ ဒီအစီစဉ်ကိုအပတ်စဉ် စနေနေ့ည (၇းဝ၀) အချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ ရိုက်ကူး/တည်းဖြတ် – ပေါလ်

တရားဒေသနာ ဟောပြောသွန်သင်သက်သေခံသော သူတော်စင်များ၏အသင်းဂိုဏ်း

Thursday, January 07, 2021 #တရားဒေသနာ ဟောပြောသွန်သင်သက်သေခံသော သူတော်စင်များ၏အသင်းဂိုဏ်း #Order of Preachers (OP) တရားဒေသနာ ဟောပြောသွန်သင်သက်သေခံသော သူတော်စင်များအသင်းဂိုဏ်းကို စပိန်လူမျိုး ရဟန္တာ ရှင်ဒေါမိနစ် ဒေဂူ့စ်မာန် (Dominic de Guzman) မှ တည်ထောင်ခဲ့ပါသည်။ အသင်းဂိုဏ်းကို ရဟန်းမင်းကြီး တတိယမြောက် သြော်နောရီးအု(စ်)အရှင်သူမြတ်က ထုတ်ပြန်သော အမိန့်စာ Religiosam Vitam အားဖြင့် ၁၂၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားဝင်အသိအမှတ်ပြုပေးခဲ့သည်။ ရှင်ဒေါမိနစ်၏ နောက်လိုက်များ၊ သို့မဟုတ် အသင်းဂိုဏ်းဝင်များကို…

တွေ့ဆုံနှီးနှောဖလှယ်ခြင်းက သာသနာပြုခြင်းနဲ့လုံး၀ မတူညီပါ

#တွေ့ဆုံနှီးနှောဖလှယ်ခြင်းကသာသနာပြုခြင်းနဲ့လုံး၀မတူညီပါ လူတိုင်းမှာ မိမိရဲ့ယုံကြည်ခြင်းကို တစ်ခြားနည်းမှန်၊ လမ်းမှန်တွေနဲ့ တစ်ခြားသူတွေနဲ့မျှဝြေပီး သာသနာပြုနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာကို အခိုင်အမာ သဘောပေါက်ပြီးပြီဆိုရင်၊ တစ်ချိန်ထဲမှာ သတိပြုရမဲ့ နောက်တစ်ချက်က သာသနာပြုခြင်းနဲ့ တွေ့ဆုံနှီးနှောခြင်းတို့ဟာ လုံး၀မတူညီဘူးဆိုတာကို ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုနှစ်ခုမှာ ခြားနားတဲ့ ရည်စူးချက်နှစ်ခုရှိတယ်။ ရယူ ရမဲ့ ဦးတည်ချက်၊ ပန်းတိုင်ကလည်း မတူပါဘူး။ တွေ့ဆုံနှီးနှောခြင်း(Dialogue) အားဖြင့် ဘာသာအယူဝါဒ မတူညီကြတဲ့သူတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ ရှင်းလင်းပြောပြတာတွေကို နားထောင်မယ်။ နားလည်သဘောပေါက်အောင် ကြိုးစားမယ်၊ အသိတရားတွေ၊ ဗဟုသုတတွေ တိုးပွားကြွယ်၀လာစေမယ်။ အတူတကွ ပူးပေါင်းလက်တွဲပြီး…

ကလေးငယ်လေးတွေကို လောကဝတ်လို့ခေါ်တဲ့ ယဉ်ကျေးရည်မွန်မှုလေးတွေကို သင်ပေးရအောင်

Etiquette             ဒီနေ့မှာ ကလေးငယ်လေးတွေကို လောကဝတ်လို့ခေါ်တဲ့ ယဉ်ကျေးရည်မွန်မှုလေးတွေကို သင်ပေးရအောင်ပါဆိုတဲ့အကြောင်း message ပေးချင်ပါတယ်။             လောကဝတ်ဆိုတဲ့ စကားစုကို အဓိပ္ပာယ်ဖွင့်ရရင် လူတစ်ယောက်က သူ့ရဲ့ လူမှုဝန်းကျင် လူ့အလွှာမှာ သမရိုးကျ အပြုအမူတွေ အပြောအဆိုတွေ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေ စာနာတတ်တဲ့ အပြုအမူတွေက လောကဝတ်လို ရည်ညွှန်းတာပါ။ နောက်ပြီး ယဉ်ကျေးသိမ်မွေ့တာ၊ သင့်လျော်မှန်ကန်မှုရှိတာ စောင်းပါးရိပ်ခြေပြောတာရဲ့ နားလည်သဘောပေါက်တာတို့က ယဉ်ကျေး တဲ့ လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်တဲ့ အပြုအမူတွေပဲ မဟုတ်ပါလား။             မိမိကလေး ၁၈…