
‘‘စားပွဲခင်းလေးတစ်ခု’’

‘‘စားပွဲခင်းလေးတစ်ခု’’ ၁၉၇၄ ခုနှစ်ဝန်းကျင်လောက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ ဆင်ခြေဖုံးတစ်ခုမှာ ြဖစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဘုန်းတော်ကြီးတစ်ပါးဟာ သာသနာသစ်ကို အောက်တိုဘာလမှာ ပြောင်းလာခဲ့ပါတယ်။ ရောက်ရောက်ချင်း ဘုရားကျောင်းကို ကြည့်လိုက်တော့ ဘုရားကျောင်းက အနည်းငယ်ယိုယွင်းနေပြီး လုပ်စရာတွေတော်တော်များတာကို တွေ့လိုက်ရပါတယ်။ မကြာခင်မှာပဲ ခရစ္စမတ်ရောက်တော့မှာဆိုတော့ ဘုန်းတော်ကြီးလည်း ဘုရားကျောင်းကို ပြင်ရဆင်ရနဲ့ အတော်လေး အလုပ်ရှုပ်သွားခဲ့တာပေါ့။ သူတို့ကြိုးကြိုးစားစားလုပ်ခဲ့တဲ့အတွက် ဘုရားကျောင်းထိုင်ခုံတွေ၊ အမိုးတွေ၊ အခင်းတွေ၊ မီးတွေ ပြင်နိုင်ခဲ့သလို ဘုရားကျောင်းတစ်ခုလုံးကိုလည်း အတွင်းအပြင်ဆေးသုတ်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်ရောက်နေပါပြီ။ ဒီလိုနဲ့ ဒီဇင်ဘာ ၁၉…








