
စိန့်ကူးဘတ် နဲ့ စိန့်ဟားရ်ဘတ်

Saints Cuthbert & Herbert မတ်လ(၂၀) #စိန့်ကူးဘတ်နဲ့စိန့်ဟားရ်ဘတ် ရဟန္တာ နှစ်ပါးဟာ အသင်းတော်မှာ အရေးပါတဲ့ နေရာမှာ ပါဝင်ကြပြီး ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်ုပ်တို့ဟာလည်း ကောင်းတဲ့ သူငယ်ချင်း ထားရှိကာ ကြိုးစားခြင်းအားဖြင့် ရဟန္တာ ဖြစ်နိုင်ပါတယ်။ #စိန့်ကူးဘတ် အကြောင်း လေ့လာကြပါစို့။ စိန့်ကူးဘတ်ဟာ အင်္ဂလိပ်လူမျိုး ဆရာတော်တစ်ပါးဖြစ်ပါတယ်။ Northumbria ဇာတိဖြစ်ကာ မိဘမဲ့ သိုးကျောင်းသား ဘဝကို ခက်ခဲစွာ ဖြတ်သန်းခဲ့တယ်။ လူငယ်ပီပီ မတရားတဲ့ မာစီယားဘုရင်အား တိုက်ခိုက်ရာမှာ ပါဝင်ခဲ့ကြောင်း…









